Friday, October 21, 2016

♪ Live Video လွှင့်မယ့်အချိန်ကို ကြိုတင်အသိပေးထားနိုင်မယ့် လုပ်ဆောင်ချက်ကို Verified Page တွေ စတင်ရရှိ ♫


Facebook မှာ ဗီဒီယိုတိုက်ရိုက်လွှင့်နိုင်တာဟာ သတင်းမီဒီယာတွေကော နာမည်ကြီးပုဂ္ဂိုလ်တွေ အတွက်ပါ တော်တော်အဆင်ပြေတဲ့ လုပ်ဆောင်ချက်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Page တစ်ခုခုက ဗီဒီယို Live လွှင့်မယ့်အချိန်ကို user တွေဘက်က အတိအကျမသိထားနိုင်တဲ့အတွက် လွတ်သွားဖို့ များနေပါတယ်။ အခုတော့ ဒီအခက်အခဲကို Facebook က ဖြေရှင်းပေးလိုက်ပြီဖြစ်ပါတယ်။

ယခုအချိန်ကစပြီးကတော့ Verified (အမှန်ခြစ်ရပြီးသား) Page တွေမှာ Live Video လွှင့်မယ့်အချိန်ကို သုံးစွဲသူတွေဆီ ကြိုတင်အသိပေးထားနိုင်ပြီဖြစ်ပြီး၊ မလွတ်တမ်းစောင့်မျှော်ကြည့်ဖို့ ဆွဲဆောင်နိုင်ပြီဖြစ်ပါတယ်။ လောလောဆည်တော့ Verified Page တွေပဲ ရသေးပြီး၊ မကြာမီအချိန်အတွင်း User တွေကော Page အကုန်လုံးအတွက်ပါ ထုတ်ပေးသွားဖွယ်ရှိပါတယ်။
အရင်ကလည်း Live Video လွှင့်ဖို့ စီစဉ်ထားတယ်ဆိုရင် ပို့စ်ကနေ အသိပေးအကြောင်းကြောင်းထားနိုင်တယ်ဆိုပေမယ့်၊ ယခုလုပ်ဆောင်ချက်က ပိုမိုအဆင်ပြေထိရောက်မှု ရှိမှာပါ။

Page တစ်ခုက Live Video လွှင့်ဖို့ Schedule လုပ်ထားတယ်ဆိုရင် သုံးစွဲသူ user တွေရဲ့ News Feed မှာ ပို့စ်တစ်ခုအနေနဲ့ ပေါ်လာမှာဖြစ်ပြီး၊ ကြည့်ချင်တဲ့ user က “Get Reminder” လုပ်ပြီး ဗီဒီယိုလွှင့်ရင် အကြောင်းကြားခိုင်းနိုင်မှာပါ။

scheduled-live

Verified Page တွေအနေနဲ့ ဒီ feature ကို အသုံးပြုချင်တယ်ဆိုရင် Page Admin က “Publishing Tools” ထဲကနေ “Video Libraray” ကို သွားပြီး၊  Live ဆိုတဲ့နေရာကို ဝင်ပေးရမှာပါ။
ထို့နောက်မှာတော့ Server URL နဲ့ Stream Key တို့ကို ဖြည့်သွင်းပေးပြီး၊ Next လုပ်လိုက်ပါ။

scheduledlive2

ဒီနေရာမှာတော့ ဘာအကြောင်းအရာကို Live Video လွှင့်ဖို့ အစီအစဉ်ရှိလဲဆိုတာကို အနည်းငယ်ရေးသားဖော်ပြပေးပြီး၊ Go Live ကို Schedule Live အဖြစ် ပြောင်းလိုက်ပါ။

scheduledlive3

နောက်ဆုံးအဆင့်မှာတော့ မိမိစိတ်ကြိုက်ပုံတစ်ခုရွေးပေးနိုင်ပြီး၊ Live Video လွှင့်မယ့်အကြောင်းကို အားလုံးဆီ အကြောင်းကြားနိုင်ပြီဖြစ်ပါတယ်။

scheduledlive4


Credit to ==> Digital Times



No comments:

Post a Comment