Friday, October 14, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ ဖုန်းခေါ်ကြည့်တဲ့အခါ လိုင်းကပျောက်သွားတယ်။ ဖုန်းမခေါ်ဘဲ ဒီအတိုင်းထားရင် လိုင်းတက်တယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ အဲ့ဒီလိုဖြစ်ခဲ့ရင် ဖုန်းကို Reset ချကြည့်ပါ။ မရရင် Software အသစ်ပြန်ရေးရပါလိမ့်မယ်။ Software Error ကြောင့်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ပါ။ သုံးနေရင်း စက်ကလေးသွားပြီး ရွှေ့လို့မရတော့ပါဘူး။ ဘာဖြစ်တာလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ G730 တွေမှာ RAM နည်းနေတဲ့အတွက် Screen ပေါ်မှာ Application တွေအများကြီး တင်ထားရင်လည်းဖြစ်တတ်ပါတယ်။ ကိုယ်သုံးနေတဲ့ APK တွေ Version မြင့်နေရင်လည်း စက်လေးသွား နိုင်ပါတယ်။ တင်ထားတဲ့ Application တွေကို Uninstall လုပ်ကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါ။

မေး - Huawei ဖုန်းတွေရဲ့ Setting ထဲက Add Account ထဲမှာ Google Service မပါလို့ပါ။ Google Service ထည့်လို့ရပါသလား။
ဖြေ - ဟုတ်ကဲ့ပါ။ Google Service ကိုအသုံးပြုမယ်ဆိုရင် ပထမဦးဆုံး မိမိဖုန်းမှာ Root ရှိရပါမယ်။ ပြီးရင် Google Service APK ဆိုတဲ့ Software ကို SD Card ထဲ Copy ကူးထည့်ပါ။ ပြီးရင် ဖုန်းကို Recovery Mode ခေါ်ပြီး Apply Update From SD Card ကိုနှိပ်ပြီး Install လုပ်ပေးလိုက်ရင် Setting ထဲက Add Account ထဲမှာ Google Service ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းက Huawei G730-T00 ပါ။ အင်တာနက်ကနေ Weed Firm ဆိုတဲ့ဂိမ်းကို Download ချပြီး Install လုပ်လိုက်ပါတယ်။ Install လုပ်ပြီးတော့ ကစားမယ်ဆိုတော့ ကစားလို့မရပါဘူး။ အထဲကိုဝင်လိုက်ရင် Auto ပြန်ထွက်သွားပါတယ်။ ဘာဖြစ်လို့မရတာပါလဲ။
ဖြေ - ဟုတ်ကဲ့ပါ။ ဒါက Download ဆွဲလိုက်တဲ့ Weed Firm ရဲ့ Version နဲ့ လက်ရှိဖုန်းမှာ Run နေတဲ့ CPU နဲ့ မကိုက်ညီလို့ပါ။ Weed Firm ရဲ့ Version က CPU ရဲ့ အလုပ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေတာကြောင့် ကစားလို့မရခြင်းဖြစ်ပါတယ်။ Weed Firm ရဲ့ Version အနိမ့်ပြန်အသုံးပြုရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိအသုံးပြုတဲ့ ဖုန်းကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးချင်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Zapya ကူးမရဘူး။ Wi-Fi သုံးမရဘူး။ ဘာဖြစ်တာလဲမသိဘူးဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ဒါက အစ်ကိုသုံးနေတဲ့ဖုန်းက Wi-Fi IC Error တက်တာပါ။ နီးစပ်ရာဆိုင်ကိုပြ ကြည့်လိုက်ပါ။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းက Huawei G730-U00 ပါ။ မေးချင်တာ ကဗျာညဘက်တွေမှာ ကိုယ့်ဖုန်းကို အချိန်အတိုင်းအတာတစ်ခုထိ ကိုယ်ခေါ်စေချင်တဲ့ဖုန်းတွေကိုပဲ ခေါ်လို့ရအောင် လုပ်ထားလို့ရပါသလား။
ဖြေ - ဟုတ်ကဲ့။ အခုလိုမျိုး အချိန်အတိုင်းအတာတစ်ခုထိ ကိုယ်ခေါ်စေချင်တဲ့ဖုန်းတွေကိုပဲ ခေါ်လို့ရအောင် လုပ်ထားလို့ရပါတယ်။ လုပ်ပုံလုပ်နည်းကတော့ Setting ထဲက Do not Disturb ကို On လိုက်ပါ။ ပြီးရင် Scheduled ကိုလည်း On လိုက်ပါ။ ပြီးရင် အချိန်သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် Allowed Contacts ကို နှိပ်လိုက်ပါ။ ADD ကိုနှိပ်ပြီး ကိုယ်ခေါ်စေချင်တဲ့ Contancts တွေကို Select ပေးပြီး မှတ်သားနိုင်ပါတယ်။ ဒါဆိုရင်တော့ မိမိဖုန်းမှာ မိမိသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မိမိမှတ်သားထားတဲ့ Contacts တွေကပဲ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

မေး - U-8825 ကို Mic မကောင်းလို့ Mic လဲတဲ့အခါမှာလည်း အဆင်မပြေဘူးဖြစ်နေပါတယ်။ ဘယ်လိုလုပ်မှ Mic ပြန်ကောင်းနိုင်မလဲခင်ဗျာ။
ဖြေ - Digital Mic တွေကိုလဲတဲ့အခါ သေသေချာချာပြန်တပ်ဖို့လိုပါတယ်။ အောက်ဘုတ်ပြားလိုက်လဲလို့ လည်း ရပါတယ်။ အောက်ဘုတ်ပြားလဲလို့မှ အဆင်မပြေဘူးဆိုရင်တော့ Middle Flex ကို ပြန်စစ်စေချင်ပါတယ်။

မေး - Samsung i9070 Sim Card အထိုင်လေးကျိုးသွားလို့ လဲလို့ရနိုင်မလားသိချင်ပါတယ်။
ဖြေ - Samsung အမျိုးအစားတွေမှာ တချို့ဖုန်းတွေက Sim Card အထိုင်က အသေလာတာပါ။ တချို့ဖုန်း တွေမှာ Sim Card အထိုင်က သီးသန့်လာတာပါ။ i9070 မှာဆိုရင် သီးသန့်လာတာပါ။ ပြန်လဲလို့ရနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



No comments:

Post a Comment