Friday, October 28, 2016

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - ကျွန်တော့်ဖုန်းလေးကတော့ iPhone 5S လေးပါ။ ကျွန်တော်က အိပ်ယာဝင်ချိန် သီချင်းနားထောင် တတ်တဲ့အကျင့်ရှိပါတယ်။ ဒါပေမဲ့ သီချင်းနားထောင်ရင်း အိပ်ပျော်သွားတတ်ပါတယ်။ ဒါကြောင့် သီချင်းကို Timer ပေးပြီး ဖွင့်တဲ့နည်းလေးသိရင် ပြောပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ ညအိပ်ယာဝင်ချိန် သီချင်းနားထောင်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ နားထောင်နေရင်း အိပ်ပျော်သွားတဲ့အခါမှာ ဖုန်းဘက်ထရီကုန်သွားသလို အဓိကအားဖြင့် နားထောင်သူရဲ့နားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သီချင်းကို Timer ပေးပြီးနားထောင်နည်းကိုပြပေးပါမယ်။ အရင်ဆုံး မိမိ iPhone ထဲက Music ကို အရင်ဖွင့်ပေးပါ။ ပြီးလျှင် Clock App ထဲကိုဝင်ပါ။ မိမိပေးချင်သလောက်အချိန် နဲ့မိနစ်များကို စိတ်ကြိုက်ပေးပါ။ ပြီးလျှင် အောက်တွင်တွေ့ရသော Timer ကိုနှိပ်ပါ။ Timer အတွင်းရှိသော When Timer Ends ကိုနှိပ်ပါ။ အောက်နားတွင်ရှိသော Stop Playing ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင်တော့ မိမိပေးထားသော Timer ပြည့်လျှင် Auto သီချင်းပိတ်သွားပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းလေးက G700-U00 လေးပါဗျာ။ Charging အားဝင်သော်လည်း အားမခံဘူးဖြစ်နေ တယ်ဗျာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်လဲဗျာ။ သိရင်ပြောပြပေးပါ။
ဖြေ - ပထမဆုံး Charging ကြိုးကို လဲကြည့်ပါ။ ဘက်ထရီကို စစ်ကြည့်ပါ။ USB ခေါင်းတွင် Charging in Volt 5 Volt ထွက်/မထွက်တိုင်းကြည့်ပါ။ Volt မထွက်ပါက USB ခေါင်းကိုလဲကြည့်ပါ။ USB ခေါင်းလဲလို့မကောင်း ပါက အနီးနားက Fuse, Coil, Diote Confencer, Resistor များကို ကောင်း/မကောင်းစစ်ခိုင်းကြည့်ပါ။ Battery Connector နားရှိ Components များမကောင်းရင်လည်း အားမ၀င်ပါ။ Charging iC ဘေးနားတစ် ၀ိုက်ရှိ Coil, Resistor, Confencer များ Shock ကျနေပါကလည်း အားမ၀င်နိုင်ပါ။ Charging iC လဲလှယ်ပြီး မရသေးပါက နောက်ဆုံးတွင် Power iC လဲလှယ်ရမည်ဖြစ်သည်။

 မေး - iPhone တွေဟန်းပြီး ဘာခလုတ်မှနှိပ်မရတော့ရင် ဘာ လုပ်ပေးရင်ရမလဲခင်ဗျာ။
ဖြေ - iPhone တွေက ဟန်းဖို့ခဲယဉ်းပါတယ်။ အသုံးပြုတာများလို့ ဟန်းပြီး ဘာမှလုပ်လို့မရတော့ရင် Soft Reset ချပေးရပါတယ်။ Soft Reset ချနည်းက Power Key နဲ့ Home Key ကိုကြာကြာဖိထားလိုက်ပါ။ Apple Logo နဲ့ပြန်တက်လာရင် လက်လွှတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

 မေး - ကျွန်တော်ကိုင်တဲ့ဖုန်းလေးက Samsung Galaxy S4 လေးပါ။ ရေထဲပြုတ်ကျသွားတာ IMEI က Null ဖြစ်သွားတယ်။ ကျန်တာတွေက အကုန်သုံးလို့ရပြီး ဖုန်းလိုင်းနေရာမှာ® လိုလေးပဲ ပေါ်တော့တယ်။
ဖြေ - IMEI မှာ Null ပဲပေါ်တယ်ဆိုရင်တော့ ဖုန်းလိုင်းတက်မှာမဟုတ်ပါဘူး။ IMEI မှာ Null ဖြစ်တဲ့ပြဿနာက အချို့ဖုန်းတွေက Official Firmware Update ပြုလုပ်လိုက်ရင် ပြန်ကောင်းသွားတာကိုလည်း တွေ့ရပါတယ်။ အချို့ဖုန်းတွေကတော့ Firmware Update ပြုလုပ်လည်းပြန်မကောင်းတာကိုတွေ့ရပါတယ်။ အဲ့လိုဖုန်းတွေဆို ရင်တော့ Hardware ပိုင်းပြုပြင်ရမှာဖြစ်သွားပါတယ်။

 မေး - ကျွန်တော့်ရဲ့ဖုန်းကတော့ Huawei G610S ပါ။ Internet Data Switch ကိုဖွင့်ရင် Wi-Fi (WLAN) ခလုတ်ကပါ အလိုအလျောက်လိုက်ပြီးပွင့်နေလို့ပါ။ ဘယ်လိုဖြေရှင်းရနိုင်မှာပါလဲ။
ဖြေ - Data Service ကိုဖွင့်တဲ့အခါမှာ Wi-Fi (WLAN) ပါအလိုအလျောက်ပွင့်နေတယ်ဆိုရင်တော့ App တစ်ခုခုနဲ့ Conflcit ဖြစ်နေတယ်လို့ယူဆရပါတယ်။ OX Battery လိုမျိုး၊ Laucher တွေအစရှိတဲ့ System နဲ့ သက်ဆိုင်တဲ့ App တွေမှာ အခုလို Conflcit ဖြစ်တာတွေကိုတွေ့ရပါတယ်။ App တွေကို Unistall ပြုလုပ်ပြီး တော့စမ်းကြည့်ပါ။ အဆင်မပြေဘူးဆိုရင်တော့ Data Backup ပြုလုပ်ပြီး ဖုန်းကို Factory Data Reset ပြုလုပ် ရမှာဖြစ်ပါတယ်။

 မေး - Huawei 730 U00 တစ်လုံး Earpeace မကောင်းလို့ပါ။ လဲချင်ပါတယ်။
ဖြေ - ကျွန်တော် Earpeace ကိုလဲလှယ်ပေးပေမယ့် ဖုန်းက Speaker မှာ အသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpeace ဟာ Speaker ကြောင့် Error တတ်ပါတယ်။ Earpeace က တကယ်တမ်းကောင်းပါတယ်။ Earpeace ကို သူ့ Organal ပဲပြန်ထည့်တော့အဆင်ပြေပါတယ်။ Speaker ကြောင့်လည်း Earpeace မှာ မကောင်းဘူးဆိုတာလည်းရှိပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment