Monday, October 31, 2016

Xiaomi Mi 4i ဖုန်းကို Root လုပ်နည်း


Xiaomi Mi 4i ဖုန်းကို Root လုပ်နည်းကိုအလိုရှိနေကြတဲ့ ညီအကိုတွေအတွက်
One Click Root Tool များတွေ့မိလို့ အသုံးပြုလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီ Mi4i ToolKit ကိုတော့ Developer MAGDAG မှရေးဆွဲထားတာပဲဖြစ်ပါတယ်
ဒီ Tool ဖြင့် Root လုပ်နိုင်တာတစ်ခုမဟုတ်ပဲ Twrp လည်းထွင်းရယူနိုင်မှာဖြစ်ပါတယ်
နောက်ထပ် EPS (IMEI) ကိုလည်း Backup & Restore ပြုလုပ်ရယူနိုင်မှာပါတယ်။

 Root လုပ်နည်းကိုတော့ Root Tool နှစ်မျိုးကိုပေါင်းစပ်ပြီး
Tool နှစ်ခုလုံဖြင့် Root လုပ်နည်းကိုပါ ညွှန်ပေးထားပါတယ်။
Xiaomi Mi 4i Root လုပ်နည်း (၁)
====================
FEATURES
=======
Native Root for Mi4i
TWRP custom recovery by MAGDAG
EFS Backup and restore
IMEI Backup
၁။ ToolKit ကိုဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ။
၂။ ကွန်ပျူတာတွင် ADB Driver ကိုထည့်သွင်းထားပြီး၊
ဖုန်းမှာ usb debugging ကို enable ပြုလုပ်ထားပါ။

၃။ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပြီး၊ Toolkit ကိုဖွင့်လိုက်ပါ။

၎။ Tool တွင်မြင်နေရသည့် Optins အတိုင်း 1. ကိုနှိပ်ပေးလိုက်ပါ
Rooting process တစ်ခု ပြီးဆုံးအောင် စောင့်နေလိုက်ပါ။

၅။ ပြီးသွားရင်တော့ ဖုန်းမှာ Auto Reboot ကျသွားပါလိမ့်မယ်၊ တကယ်လို့
Auto Reboot မကျရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ ပြန်တက်လာရင်တော့
Supersu.apk ကို Play Store မှ ဒေါင်းလော့ရယူပြီး ထည့်သွင်းပေးလိုက်ပါ။

Xiaomi Mi 4i Root လုပ်နည်း (၂)
===================
အပေါ်မှ Tookit ဖြင့် Root access မရနိုင်သေးရင်တော့ ဖေါ်ပြပါ Tool ဖြင့်လည်း
စမ်းသပ်အသုံးပြုကြည့်နိုင်ပါတယ်၊ သူလည်း One Click Tool ဖြစ်ပါတယ်။

၁။ ကွန်ပျူတာတွင် Mi 4i ဖုန်းအတွက် USB Driver ကိုထည့်သွင်းထားပါ။

၂။ Root Tool ကိုဒေါင်းလော့ရယူလိုက်ပြီး ကွန်ပျူတာတွင် install ပြုလုပ်ပါ။
၃။ Root Tool တွင် Language က တရုတ်စာဖြင့် မြင်နေရပါလိမ့်မယ်၊ ဒါပေမယ့်
အောက်ပါ Step များတွင် screenshts ကိုပြပေးထားပါတယ်မို့ အဆင်ပြေပါတယ်။
၎။ ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပေးလိုက်ပါ။

၅။ Root Tool.exe ဖိုင်ကို ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ် ဖုန်းနဲ့ ကွန်ပျူတာ
 ချိတ်ဆက်မှု အဆင်ပြေတာနဲ့ ကွန်ပျူတာမှ 1. ကိုနှိပ်လိုက်ပြီး Enter ကိုခေါက်ပေးလိုက်ပါ၊ 
ဖုန်းတွင် USB Debugging ဆိုင်ရာ မေးလာပါလိမ့်မယ် Yes လုပ်ပေးလိုက်ပါ။
၆။ Rooting process စတင်ပြီးလို့ ငါးမိနစ်လောက်ကြာတာနဲ့ ဖုန်းမှာ Reboot ကျပြီး
Fastboot Mode သို့ရောက်သွားပြီး Root access ရရှိသွားပါလိမ့်မယ်။
မှတ်ချက်...။ တကယ်လို့ ကွန်ပျူတာတွင် mention screen ကိုမမြင်ရရင်တော့ 
ကွန်ပျူတာတွင် Drivers ထည့်သွင်းထားမှု အဆင်မပြေလို့ဖြစ်ပါတယ်၊ ပြန်လည် 
ထည့်သွင်းပြီး စက်ကို Restart ချလိုက်ပါ။
၇။ အားလုံးပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ SupersSu app ကိုမြင်နေရပါလိမ့်မယ်။
Ref-http://geekwarning.com
ဇူးနစ်(နည်းပညာ)
 
 
 

No comments:

Post a Comment