သင့်ရဲ့ ကလေး အပါအ၀င် အခြား ကလေးများက သင့်ရဲ့ ဖုန်းကို ဆော့ကစား အသုံးပြုတဲ့ အခြေအနေမျိုးတွေ ကြုံဖူးကြမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင့်ရဲ့ ဖုန်းမှ အရေးကြီး ဒေတာများ ပျက်ဆီးသွားမှာကို စိုးရိမ်ရပါတယ်။ သင့်ရဲ့ ဖုန်းမှ ဒေတာများကို ကလေးများ ဖျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်တာက Kids Place ဖြစ်ပါတယ်။ Kids Place ကို အသုံးပြုရင် သင်သတ်မှတ်ထားတဲ့ Games, Apps များကိုသာ ကလေးက အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြား Apps နဲ့ ဒေတာများကို ကလေးက အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။

၁။ Kids Place ကို အင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးမှာဖြစ်ပါတယ်။ ကလေးဟာ Kids Place ရဲ့ Settings ထဲကို မ၀င်နိုင်အောင်နဲ့ Kids Place ကနေ ထွက်ခွာသွားလို့ မရအောင် PIN သတ်မှတ်ပေးဖို့ Set PIN ကို နှိပ်ပါ။ PIN နံပါတ်လေးလုံး သတ်မှတ်ပေးပြီး Update PIN ကို နှိပ်ပါ။

1

၂။ နောက်အဆင့်မှာ PIN မေ့သွားခဲ့ရင် ပြန်လည်ရယူနိုင်ဖို့ သင့်ရဲ့ အီးမေးကို ထည့်ပေးပြီး အောက်မှာတော့ PIN နဲ့ ပတ်သက်တဲ့ သဲလွန်စ စာသားကို ရေးသားနိုင်ပါတယ်။ Continue ကို နှိပ်ပါ။

Home Screen ကို ရောက်ရင် ကလေးက Home Button ကို နှိပ်ပြီး Kids Place ရဲ့ အပြင်ဘက်ကို ရောက်သွားနိုင်တဲ့အတွက် Home Button ကို Lock လုပ်ရမှာပါ။ Lock Home Button ကို နှိပ်ပါ။

2

၃။ Lock Home Button မှာ အမှန်ခြစ်ပေးပါ။ နောက်အဆင့်မှာ Kids Place Launcher ကို Default အနေနဲ့ သတ်မှတ်ပေးရမှာပါ။ ညွှန်ကြားချက်အတိုင်း ဆက်လက်ပြုလုပ်ပါ။

3

၎။ ပြီးရင်တော့ Home Screen ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပြီး ကလေး ဆော့ကစား၊ အသုံးပြုနိုင်မယ့် Apps များကို သင်က သတ်မှတ်ပေးဖို့ “ Select Apps…. “ ကို နှိပ်ပါ။

4

၅။ နောက်အဆင့်မှာ App Icon ကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပေးပါ။ ၀ိုင်ဖိုင် အိုင်ကွန်ကတော့ ၀ိုင်ဖိုင် အသုံးပြုခွင့်ကို ကန့်သတ်တာဖြစ်ပြီး On/Off လုပ်နိုင်ပါတယ်။ ကလေး အတွက် ဂိမ်းများကို အဓိက ရွေးချယ်ပေးသင့်ပါတယ်။ ပြီးရင် Done ကို နှိပ်ပါ။

5

၆။ ဒါဆိုရင် Kids Place ရဲ့ Home Screen မှာ ကလေး ကစားနိုင်မယ့် Apps များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အပေါ်ထိပ်မှ Exit ကို နှိပ်ပြီး Kids Place ကနေ ထွက်ခွာနိုင်ပါတယ်။ ထွက်ခွာရင်တော့ PIN ကို ရိုက်ထည့်ပေးရမှာပါ။

6

ဒါဆိုရင် Kids Place ကို Set Up လုပ်ပြီးပါပြီ။ ကလေးတစ်ယောက်က သင့်ဖုန်းကို တောင်းတဲ့အခါမှာ Kids Place App ကိုဖွင့်ပြီး ပေးလိုက်ပါ။ ကလေးက သင် သတ်မှတ်ပေးထားတဲ့ Games, Apps များကိုသာ အသုံးပြုနိုင်မှာပါ။ Home Screen ကိုနှိပ်ရင်လည်း အပြင်ကို မထွက်သွားတော့ပါဘူး။ Settings နဲ့ Exit Button များကို ကလေးက နှိပ်ရင်လည်း PIN ကိုထည့်ပေးရမှာပါ။

Android 2.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားက 2.2MB သာရှိပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Download