Wednesday, October 26, 2016

♪ “Samsung Galaxy J7 Prime” ♫


Samsung Galaxy J Series များထဲမှ အရည်အသွေးကောင်းကောင်းနှင့် ထပ်မံထွက်ရှိလာတဲ့ မျိုးဆက်သစ် Galaxy J7(Prime) ဖြစ်ပါတယ်။ Finger Print Sensor ပါဝင်လာပြီး ဆန်းသစ်လှပသော ဒီဇိုင်းဖြင့် ကိုယ်ထည်ကို သတ္ထုဖြင့် တည် ဆောက်ထားပါသည်။ Front Camera 8 Megapixel ပါဝင် သည့်အတွက် Selfie ကြိုက်နှစ်သက်သူတို့အတွက် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်စေမှာပါ။

Screen size 5.5" နှင့် Resolution (1920x1080) IPS Capacitive Touch Screen အမျိုးအစားကို အသုံးပြုပေးထားသော ကြောင့် ကြည်လင်ပြတ်သားသော ရုပ်ထွက်ကောင်းမွန်မှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ Processor အနေနဲ့ 1.6GHz Octa Core ကို အသုံးပြုပေးထား သဖြင့် လုပ်ဆောင်ချက်တွေ မြန်ဆန် ပေါ့ပါးစေမှာဖြစ်ပါတယ်။ သိုလှောင်မှု ပမာဏမှာလည်း 32GB ပါဝင်သဖြင့် အချက်အလက်များစွာကို သိမ်းဆည်း ထားနိုင်သည့်အပြင် Storage ပမာဏကိုထပ်တိုးချင်တယ်ဆိုရင် 256GB ထိ ထပ်စိုက်၍ အသုံးပြုနိုင်ပါတယ်။

RAM 3GB ပါရှိသောကြောင့် အချက်အလက် များကို လျင်မြန်စွာကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ Rear Camera 13 MegaPixel နှင့် Front Camera 8 MegaPixel ပါရှိသဖြင့် ပုံရိပ်ဖမ်းယူမှုကို အကောင်းဆုံးစွမ်းဆောင်ပေး နိုင်မှာဖြစ်သည့်အပြင် အရည်အသွေး ကောင်းမွန်သော Full HD ဗီဒီယိုဖိုင်များကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ LED Flash ပါထည့်ပေး ထားသောကြောင့် မှောင် မိုက်သော နေရာများတွင် အလင်းအားပေး၍ ဓာတ်ပုံများကိုရိုက်ကူးနိုင်ပြီး Focus အတွက် လည်း Auto focus ပါ ထည့်ပေးထားပါတယ်။

Android OS မှာလည်း နောက်ဆုံးထွက် 6.0.1 Marshmallow ထည့်သွင်း မောင်းနှင်ပေးထားပါတယ်။ ဘက်ထရီ မှာလည်း 3300 mAh Li-Ion ကိုတပ်ဆင်ပေးထားသဖြင့် အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး အရောင်အနေ ဖြင့် Black, Gold စသော အရောင် နှစ်မျိုးရရှိနိုင်မှာဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment