Wednesday, October 19, 2016

စမတ်ဖုန်းမှာ မိသားစု ဓါတ်ပုံ Album များလုပ်မယ်



မကြာမီက ထွက်ရှိခဲ့တဲ့ Google Photos Application မှာ မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ ဓါတ်ပုံများကို စုပေါင်း သိမ်းဆည်းထားနိုင်တဲ့ စွမ်းရည် ပါရှိလာပါတယ်။ အဲဒီ စွမ်းရည်ကတော့ Shared Album လို့ ခေါ်ပါတယ်။ အဲဒီ Album ထဲမှာ သင်ရဲ့ ဓါတ်ပုံတစ်ခုကို သိမ်းလိုက်ရင် သင့် မိသားစုဝင်များရဲ့ ဖုန်းထဲကို အလိုလို ရောက်သွားမှာဖြစ်ပါတယ်။ သင့် မိခင်က သူ့ဖုန်းကနေ အဲဒီ Album ထဲမှာ ဓါတ်ပုံတစ်ခုကို သိမ်းလိုက်ရင် သင့်ဖုန်းမှာ အလိုလို ပေါ်လာမှာဖြစ်ပါတယ်။ Shared Album များကို ဖုန်းများကနေသာမက PC များကနေ photos.google.com ကိုသွားပြီး ပြုလုပ်နိုင်ပါတယ်။ ဒီ Tutorial မှာ ဖုန်းကနေ Shared Album ပြုလုပ်နည်းကို ရေးသားပေးလိုက်ပါတယ်။

(၁) Google Photos ကို ဖွင့်ပါ။ ညာဘက်အပေါ်ထိပ်မှ + Button ကို နှိပ်ပါ။ Shared album ကို နှိပ်ပါ။
1
(၂) ဓါတ်ပုံများကို ရွေးချယ်ပြီး Create ကို နှိပ်ပါ။
2
(၃) ပြီးရင် ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ Share ကို ရွေးပေးပါ။
3
(၄) Get Link ကို နှိပ်ပါ။ သင့် မိသားစုဝင်များထံ Messenger, Email များကနေ Paste လုပ်ပြီး ပေးပို့ပါ။
4
(၅) သင့်ရဲ့ မိသားစုဝင်များက Link ကို နှိပ်ရင် သူတို့ရဲ့ ဖုန်းမှ Google Photos ထဲမှာ Shared Album ကို သိမ်းပေးမှာပါ။ Shared Album များကို ကြည့်ဖို့အတွက် ဘယ်ဘက်အပေါ်ထိပ်မှ အလျားလိုက် မျဉ်းကြောင်း သုံးခုကို နှိပ်ပါ။ Menu ပေါ်လာရင် Shared Albums ကို ရွေးပေးပါ။
5
Ref: Myanmardigitallife



No comments:

Post a Comment