Thursday, October 27, 2016

Samsung Galaxy Note 7 ကို ဦးနှောက်ထဲမှာ မေ့ပျောက်သွားစေမယ့် Xiaomi Mi Note 2


ကမ္ဘာကြီးမှာ Samsung Galaxy Note 7 မရှိတော့ပါဘူး။
ချိန်သားကိုက်ဆိုသလို Xiaomi က Samsung Galaxy Note 7 နေရာမှာ အစားထိုး အသုံးပြုဖို့ ဖုန်းသစ်ရှာဖွေနေတဲ့သူ တွေအတွက် စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်လာပါတယ်။ Xiaomi က မိတ်ဆက်လာတဲ့ စမတ်ဖုန်းသစ်ကတော့ ပရိသတ်တွေ သိထားပြီဖြစ်တဲ့ Xiaomi Mi Note 2 ပဲ ဖြစ်ပါတယ်။



Xiaomi Mi Note 2 က Note 7 လိုပဲ ထောင့်ကွေးမှန်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် ၅.၇ လက်မရှိပါတယ်။ ဒါ့အ ပြင် Xiaomi Mi Note 2 မှာ အင်မတန် ကောင်းမွန်တဲ့ ကင်မရာဆင်ဆာပါဝင်ပါတယ်။ ကျောဘက်ကင်မရာ 23 MP ဆင်ဆာကို သုံးထားပါတယ်။ RAM6GB ဖုန်းအမျိုးအစားကိုလည်း ထုတ်လုပ်ထားပြီး ROM128GB အထိ ပါဝင်ပါတယ်။



Xiaomi ဟာ Mi Note 2 ကို အမျိုးအစားသုံးမျိုးခွဲပြီး ထုတ်လုပ်ထားပါတယ်။ RAM4GB/64GB အမျိုးအစားရဲ့ဈေးနှုန်းက ဒေါ်လာ ၄၁၀ ဖြစ်ပြီး RAM6GB/128GB အမျိုးအစားရဲ့ဈေးနှုန်းက ဒေါ်လာ ၄၈၅ ဖြစ်ပါတယ်။ အဆင့်အမြင့်ဆုံး အမျိုးအ စားကတော့ 37 LTE စပါယ်ရှယ်အမျိုးအစားဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၅၁၅ ဖြစ်ပါတယ်။ အထူးစပါယ်ရှယ်အမျိုးအစား ကို Piano Black နှင့် Glacia Silver အရောင်တို့နှင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဖုန်းအားလုံးကို အလူမီနီယံနှင့် တည် ဆောက်ထားပါတယ်။


Xiaomi Mi Note 2 က မျက်နှာပြင် ၅.၇ လက်မရှိပြီး 3D OLED ထောင့်ကွေးရုပ်ထွက် သုံးထားပါတယ်။ မျက်နှာပြင်က ဘော်ဒီရဲ့ ၇၇.၂ အချိုးကို ယူထားပါတယ်။ ၁၁၀% NSTC Gamut သုံးထားပါတယ်။ Xiaomi Mi Note 2 ကို 2.35 GHz Quad-core Snapdragon 821 နှင့် အထိုင်ချထားပါတယ်။ 4070 mAh ဘက်ထရီပါဝင်ကာ အလျှင်အမြန် အားသွင်းစနစ် Quick Charge 3.0 ပါဝင်ပါတယ်။ Home Botton မှာ လက်ဗွေရာစနစ်ထည့်သွင်းထားတဲ့အပြင် Mi 5s Plus လိုပဲ Qualcomm ရဲ့ Ultrasonic Fingerprint စနစ် ပါဝင်ပါတယ်။ ယင်းစနစ်ကြောင့် ဖုန်းမျက်နှာပြင် တစ်ခုလုံးကိုလည်း လက်ဗွေရာစနစ်အဖြစ် အသုံးပြုနိုင်ပါမယ်။ Xiaomi ဟာ Mi Pay စနစ်တွင်ကျယ်လာရေးအတွက်လည်း လုပ်ဆောင် နေပြီး ဒီဖုန်းမှာ NFC စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။


ကျောဘက်ကင်မရာက 23MP ရှိပြီး Sony IMX 318 Exmor RS ဆင်ဆာ သုံးထားပါတယ်။ အလင်းဝင်ပေါက် f/2.0 သုံးထားကာ PDAF ရိုက်ကူးနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါမယ်။ Selfie ကင်မရာကိုလည်း 8MP ကင်မရာသုံးထားပါတယ်။ Sony IMX 268 Exmor RS        ဆင်ဆာ သုံးထားကာ အလင်းဝင်ပေါက် f/2.0 ပါဝင်ပါတယ်။ အုပ်စုလိုက် Selfie ရိုက်ကူးရာမှာ ကောင်းမွန်အောင် ဖန်တီးထားတဲ့အပြင် Auto Beautify 3.0 ပါဝင်ပါတယ်။ Auto Focus စနစ်ကိုလည်းထည့်သွင်းထားပါသေးတယ်။








Xiaomi ဟာ Xiaomi Mi Note 2 နှင့်အတူ Mi VR ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။





No comments:

Post a Comment