Friday, October 21, 2016

မိမိ Facebook အကောက်ကို လုံခြုံရေးမြှင့်တင်နိုင်ဖို့ Facebook ID Card ပြုလုပ်နည်း



ဒီနေ့ Facebook Security နဲ့ပတ်သက်လို့ ပိုစ့်လေးတစ်ခုရေးဖြစ်သွားတယ်
အားလုံးလည်းလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်၊

ဒီ Facebook Security အကြောင်းကို အားလုံးအတွက် သတိပေးတဲ့
အနေဖြင့် ရေးသားဖေါ်ပြပေးထားတဲ့ ညီအစ်ကို Nay Min San ရဲ့ရေးသား
ဖေါ်ပြချက်ကို ပြန်လည်ဖောက်သည်ချပေးလိုက်ပါတယ်။

Security မြင့်မားတဲ့ site တွေမှာ fb ကထိတ်တန်းအဆင့်ရှိပါတယ် ဒါပေမယ့်
user များရဲ့နည်းပညာ အားနည်းချက်ကြောင့် fb account တွေတိုက်ခိုက်ခံနေရတယ်
ဒါကြောင့် မိမိ fb account ကို လုံခြုံရေးမြှင့်တင်နိုင်ဖို့ fb မှာ ဘယ်လို
security တွေထည့်သွင်း ရမလဲဆိုတာ ရေးပေးပါ့မယ်။


အဓိက အရေးကြီးတာက ID ပါ ၊ ယခင်ကတော့ fb မှာ အရေးကြီးတာ
 mail ဖြစ်ခဲ့ပါတယ် comfirm identity policy ချမှတ်ပြီးနောက်ပိုင်းမှာ
id ကအဓိက ဖြစ်လာပါတယ်။

ID ဆိုတာ နာမည် မွေးနေ့ ဓာတ်ပုံ တွဲရက်ပါတဲ့ ကဒ်တစ်ခုဖြစ်ပြီး
ပထမဆုံးတင်တဲ့အခါ အမည် မွေးနေ့ ဓာတ်ပုံ သုံးချက်ထဲ က နှစ်ချက်ကို တိုက်စစ်ပါတယ်
တစ်ခါတစ်ရံမှာ တစ်ခုတူတာနဲ့ရတက်ပါတယ် id မတင်ရသေးတဲ့အကောင့်တစ်ခုကို
တင်ဖို့ Name Change နဲ့ confirm your indentity ဆိုပြီးနှစ်နေရာရှိပါတယ်။

 id တင်တဲ့အခါ ဘယ်လိုလုံခြုံလဲဆိုတာရေးပေးပါ့မယ် attacker က
မိမိmail ကိုရပြီး fb ကို reset ချတယ်ဆိုပါစို့ Old password နဲ့ lock ချပြီး
id တင် mail ပြန်ပြောင်းဖို့ အခွင့်အရေးရှိပါသေးတယ် တင်တဲ့အခါမှာ
နဂိုတင်ပြီးသားဆိုရင် မူလ id ကိုပဲ လက်ခံပါတယ် မတင်ရသေးရင်တော့
အထက်ကပြောခဲ့တဲ့ အချက်သုံးချက်နဲ့တိုက်ပြီး စစ်ဆေးပါတယ်။

attacker က မိမိ mail ကိုမရပဲ fb pass သာသိပြီး mail/password change သွားခဲ့ရင်
မိမိရဲ့ mail ထဲမှာ change သွားတဲ့အကြောင်းကြားစာ ပို့ပါလိမ့်မယ် တစ်ကယ်လို့
မိမိက mail မပြောင်းခဲ့ဘူးဆိုရင် 7ရက်အတွင်း id တင်ပြီး ပြန်လည်ရယူနိုင်ဖို့အခွင့်အရေးရှိပါတယ်။

တစ်ခါတစ်ရံမှာ ip or device မတူပဲ ဝင်မိတဲ့အခါမှာ သုံးနေကျ ip device မဟုတ်ရင်
Fb adminက အသုံးပြုသူ မဟုတ်ဘူးလို့ယူဆရင် someone login ဆိုပြီး photo ရွေးခိုင်းပါတယ်
ဒီအခါမှာလဲ မိမိfriends တွေများလို့ မသိခဲ့ရင် id နဲ့ပြန်ယူနိုင်ပါတယ်။

နောက်တစ်ချက်က fake id Attacker တော်တော်များများသုံးလာကြပြီဖြစ်တဲ့ နည်းတစ်ခုပါ
မိမိ မွေးနေ့ မိမိနာမည်နဲ့ ပုံကို အဓိကထားပြီး id အတုတစ်ခု လုပ်လိုက်ပါပြီ ပြီးရင်
Login ဝင်မရပါဘူး hack ခံလိုက်ရပါတယ်ဆိုပြီး သူ့ရဲ့ mail နဲ့ fb ကို အကြောင်းကြားလိုက်ရင်...
မိမိကလဲ အကောင့်ကို ဖွင့်မကြည့်ခဲ့ဘူး ID တင်မထားခဲ့ဘူး ဆိုရင်တော့ ပါသွားမှာပါ

 ဒီနည်းက ပြန်လည်ရယူနိုင်ဖို့ ခက်ခဲတဲ့နည်းပါ တစ်ကယ်လို့သာ မိမိ id ကို comfirm လုပ်ထားရင်
နောက်လာမယ့် id များကို တော်ယုံနဲ့ လက်မခံတော့ပါဘူး လုံးဝ မသင်္ကာဖြစ်ရင် လူကိုယ်တိုင် ကိုင်ပြီးရိုတ်ခိုင်းပါလိမ့်မယ်

ဒါကြောင့် fb security ရဲ့ အရေးကြီးဆုံး နဲ့ အဓိအကျဆုံး confirm indentity
policy ကို လိုက်နာပြီး id တင်ထားလိုက်တာနဲ့ သင့်အကောင့်ကို ကာကွယ်ထားပါလို့ အကြံပေးချင်ပါတယ်

 Facebook ID Card ပြုလုပ်နည်း
====================
ကဲအခုလောက်ဆိုရင် သင့်အတွက် တန်ဖိုးထားရဲ့ မိမိ Facebook account လေးကို
တန်ဖိုးထားရမှန်း လုံခြုံမှုပိုပြီး မြင့်မားနေအောင် ပြီးတော့ Facebook ရဲ့ Policy ကို
လိုက်နာသောအားဖြင့် နေ့စဉ်အသုံးပြုနေရင်း အပန်းမကြီးဘူးဆိုရင်တော့
မိမိအတွက် Facebook ID Card လေးပြုလုပ်ထားသင့်ပါတယ်။

အခက်ကြီးမဟုတ်ပါ အလွယ်ကူဆုံးနည်းကိုကျနော်ပြပေးသွားမှာဖြစ်ပါတယ်
ဒါပေမယ့် အခုဖေါ်ပြပါနည်းစနစ်ကို ကျနော် ကွန်ပျူတာကနေလုပ်ပြပေးထားတာပါ

လိုအပ်ချက်အနေဖြင့်တော့ မိမိ Facebook အကောက်ကို log in ၀င်ထားပါ
ID Card ပြုလုပ်တဲ့အခါ ထပ်ပြီး log in ၀င်စရာမလိုအောင်ပေါ့

လိုင်းကောင်းနေရင် ပိုအဆင်ပြေပါတယ်၊ အားလုံးအဆင်ပြေတယ်ဆိုရင်တော့
အောက်ပါ Web ကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ပါ

facebook ID card creator သို့ဝင်ပါ

အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ မိမိအတွက်Facebook ID Card ပြုလုပ်ရန်အတွက်
 Generate ID ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ ခနစောင့်နေလိုက်ပါ။


အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ မိမိအတွက် Profile နေရာတွင်
မွေးနေ့ မွေးရက် နဲ့အခြားသော info များကိုပြည့်အစုံကိုဖြည့်စွက်မထားသေဘူး
သို့ ထပ်ပြီး ဖြည့်စွက်ချင်သေးတယ်ဆိုရင်တော့ Edit the info you provide ဆိုတဲ့
နေရာကို တစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ နေရာမှာ မိမိအကောက်နဲ့ပတ်သက်တဲ့
Info ကိုအပြည့်အစုံဖြည့်ပေးလိုက်ပါ၊ အားလုံးပြည့်စုံဆိုရင်တော့ Okay ကိုနှိပ်လိုက်ပါ။


Okay နှိပ်လိုက်ပြီးရင်တော့ အောက်ပါပုံအတိုင်း
Facebook ရဲ့ CEO ကြီး Mrk Zuckerberg ရဲ့လက်မှတ်နဲ့
မိမိ Facebook ID Card ကိုမြင်နေရပါလိမ့်မယ်။


ID : နေရာမှ ဂဏန်းတွေကိုမှတ်ထားပါ၊ မိမိ Facebook ID Card ကို
သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ Download ဆိုတာကိုနှိပ်လိုက်ပါ
ပြီးရင် ကွန်ပျူတာမှာ သိမ်းဆည်းထားချင်တဲ့နေရာကို ညွှန်ပေးလိုက်ပြီး
ဒေါင်းလော့ရယူလိုက်ပါ fb security ရဲ့ အရေးကြီးဆုံးနဲ့ အဓိအကျဆုံးကို
Comfirm ပြုလုပ်ပြီးပြီဆိုရင်တော့ အရေးကြုံလာရင်ပြန်လည်
 Recovery ပြုလုပ်ယူနိုင်မှာဖြစ်ပါတယ်။

မှတ်ချက်-ဒီပိုစ့်သည် တစ်ဦးနဲ့တစ်ဦး အချင်းချင်း
တိုက်ခိုက်ဖျက်ဆီးစေလိုတဲ့ စိတ်ကြောင့်ရေးလိုက်ခြင်းမဟုတ်ပါ

မိမိအတွက် လိုအပ်နေတဲ့ ခြံစည်းရိုးလေးကို အရံအသင့်ကာရံထားတတ်အောင်
သက်သက်အတွက်သာ မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်။

Ref- Nay Min San

www.facebook.com/aung.linnhtet


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 
 

No comments:

Post a Comment