Tuesday, October 25, 2016

♪ Samsung ဖုန်းတွေထဲမှာ ပထမဆုံး RAM 6GB ပါဝင်တဲ့ Galaxy C9 Pro ♫


အွန်လိုင်းကနေ ပထမဆုံးပေါက်ကြားခဲ့တဲ့ Galaxy C9 Pro စမတ်ဖုန်းဟာ နောက်ဆုံးမှာတော့ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

Samsung ဖုန်းတွေထဲမှာ ပထမဆုံး RAM 6GB ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပေမယ့်၊ မော်ဒယ်မြင့် ဖုန်းတစ်လုံးမဟုတ်ဘဲ အလယ်အလတ်တန်းစားဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ စတင်ပြီး Samsung China store ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ကာ၊ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီလို့ သိရပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေခြောက်သိန်းဝန်းကျင်ရှိမှာပါ။

SIM နှစ်ကတ်ထိုးအသုံးပြုနိုင်တဲ့ Samsung Galaxy C9 Pro မှာ Android 6.0 Marshmallow စနစ် တပါတည်းပါဝင်မှာဖြစ်ပြီး၊ octa-core Snapdragon 653 SoC ကို အသုံးပြုထားပါတယ်။ Samsung ဖုန်းတွေထဲမှာ ပထမဆုံးဖုန်းအဖြစ် RAM 6GB အထိ ပါဝင်မှာဖြစ်ပြီး၊ ဖုန်းတွင်း storage ကတော့ 64GB ပါ။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်က ၆ လက်မအထိရှိပြီး၊ full HD (1080×1920) AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ ရှေ့ကင်မရာကော နောက်ကင်မရာပါ 16-megapixel ကင်မရာတွေဖြစ်ပါတယ်။

Galaxy ဖုန်းတွေထုံးစံအတိုင်း ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ အားအမြန်သွင်းစနစ်သုံးနိုင်တဲ့ 4000mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ မြင်တွေ့နေကျ USB Type-C နဲ့ NFC ချစ်ပ်တို့လည်း မပါမဖြစ် ပါဝင်မှာဖြစ်ပါတယ်။


Credit to  ==> Digital Times

No comments:

Post a Comment