Saturday, October 29, 2016

Play Store က မဟုတ်တဲ့ Android apps တွေကို အလွယ်ကူဆုံးနည်းနဲ့ update ဘယ်လိုလုပ်မလဲ


Google Play Store ကနေ မဟုတ်ဘဲ၊ ပြင်ပအက်ပ်စတိုးကနေ ဒေါင်းလုဒ်ယူထားတဲ့ Apps တွေကို update ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေပါသလား။
တစ်ချို့ Apps တွေဟာ အစောပိုင်းဗားရှင်းတွေမှာ အမှားအယွင်းလေးတွေရှိတတ်တာကြောင့်၊ ပိုကောင်းမွန်တဲ့ဗားရှင်းကို ရဖို့အတွက် update လုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီအတွက် အဆင်ပြေစေမယ့်နည်းလမ်းလေးရှိပါတယ်။
Android developer တစ်ဦးဖြစ်သူ rumboalla ဖန်တီးထားတဲ့ ယခု App အသစ်ဟာ သင့်ဖုန်းမှာသွင်းထားတဲ့ Apps အကုန်လုံးကို update ရှိ၊မရှိ စစ်ဆေးပေးမှာဖြစ်ပြီး၊ update ရှိတယ်ဆိုတာနဲ့ ချက်ချင်းအသိပေးသွားမှာဖြစ်ပါတယ်။
Updates တွေကို APKMirror ၊ APKPure ဆိုက်တွေက ရယူပေးတဲ့အပြင် Play Store ကနေပါ update လှမ်းယူပေးနိုင်တာကြောင့် Clash of Clans တို့လို မြန်မာနိုင်ငံက တရားဝင်မရတဲ့ဂိမ်းတွေကိုလည်း အလွယ်တကူ update လုပ်နိုင်မှာပါ။ လုပ်နည်းအဆင့်ဆင့်ကတော့

အဆင့် (၁) – ပထမဆုံး APKUpdater ကို ဒေါင်းလုဒ်ဆွဲပေးပါ။

အောက်မှာပေးထားတဲ့လင့်ခ်ကနေ APKUpdater ဆိုတဲ့ app လေးကို ဒေါင်းလုဒ်ဆွဲပေးပြီး၊ ဖုန်းမှာ “Install” လုပ်ပေးပါ။

အဆင့် (၂) – လိုအပ်တာကို ပြင်ဆင်ပါ။

APKUpdater ရဲ့ ညာဘက်ထောင့် Settings ထဲကနေ ကိုယ်လိုအပ်တာကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Alpha နဲ့ Beta app ဗားရှင်းတွေကို ဒေါင်းလုဒ်မဆွဲစေချင်ဘူးဆိုရင် အပေါ်ဆုံးက “Skip experimental builds” ဘောက်စ်ကို အမှန်ခြစ်ထားလိုက်ပါ။
“Check for updates” ဘောက်စ်မှာတော့ တစ်ရက်တစ်ခါ (သို့) တစ်ပတ်တစ်ခါ update စစ်မလားဆိုတာ ရွေးထားနိုင်ပါတယ်။
အောက်ဆုံးနေရာမှာတော့ ဘယ်ဆိုက်တွေကနေ update ယူမလဲဆိုတာ ရွေးထားနိုင်ပါတယ်။

အဆင့် (၃) Unknown sources ကသွင်းထားတဲ့ Apps တွေကို update လုပ်မယ်

Settings အားလုံးချိန်ပြီးသွားပြီးဆိုရင်တော့ ကျန်တဲ့အဆင့်အကုန်လုံးကို APKUpdater ကနေပဲ ဆက်လုပ်သွားမှာပါ။ APKUpdater ကနေ update အသစ်တွေ့ပြီဆိုရင် ဖုန်းမှာ နိုတီတစ်ခုဝင်လာမှာဖြစ်ပြီး၊ အဆိုပါနိုတီကို နှိပ်လိုက်တာနဲ့ Update ရှိတဲ့ Apps တွေ ပေါ်လာမှာဖြစ်ပါတယ်။
Update လုပ်ဖို့အတွက်ကတော့ APK အသစ်ရှိတဲ့ ဆိုက်ထဲကို တဆင့်ရောက်သွားမှာဖြစ်ပြီး၊ အဆိုပါဆိုက်ကနေမှ ဒေါင်းလုဒ်လုပ်ရမှာပါ။
ဒီ App ဟာ အက်ပ်စတိုးတစ်ခုထက်စာရင် တရားမဝင်မဟုတ်တဲ့ Android apps တွေကို update စစ်ပေးတဲ့ app တစ်ခုဖြစ်ပြီး၊ မိမိကိုယ်တိုင်ဝက်ဘ်ပေါ်မှာ update ရှိ၊မရှိ လိုက်ရှာနေစရာလိုမှာမဟုတ်တော့ပါဘူး။
Ref: Wonder HowTo


No comments:

Post a Comment