Monday, October 10, 2016

♪ မြန်မာအပါအဝင် အာရှနိုင်ငံ ၃ ခုရှိ Kaymu စတိုးကို Rocket Internet ပိတ်သိမ်း ♫


Rocket Internet သည် အွန်လိုင်းပေါ်တွင် အရောင်းအဝယ် ပြုလုပ်နိုင်သော Kaymu စတိုးကို ဖိလစ်ပိုင်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် ပိတ်သိမ်းလိုက်ကြောင်း သိရသည်။ ကမ္ဘောဒီးယားတွင် Kaymu ပိတ်သိမ်းမှုကို ဝက်ဘ်ဆိုက်၌ ထုတ်ပြန်သွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါနှင့် ဆော်ဒီအာရေဗျရှိ Kaymu စတိုးများမှာ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ လုပ်ငန်းသည် လက်လီဆိုင်များ စုစည်းမှုမရှိခြင်းနှင့် ရှော့ပင်းမောလ်နှင့် လက်လီဈေးကွက်ကြီးများမရှိသော နိုင်ငံများကို အလေးထားကြောင်း Kaymu တွဲဖက်တည်ထောင်သူနှင့် စီမံခန့်ခွဲမှုဒါရိုက်တာ နီရိုရှန်ဘာလာဆူဘရာမန်နီယန်က၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် Tech in Asia သို့ ပြောဆိုခဲ့ဖူးသည်။

ကမ္ဘောဒီးယားရှိ Kaymu တွင် ဝန်ထမ်း ၃၆ ဦးရှိပြီး ထုတ်ကုန်ပေါင်း ၁၂,၀၀၀ စာရင်းသွင်းထားသည်။ မြန်မာနှင့် ဖိလစ်ပိုင်ရှိ ဝန်ထမ်းနှင့် ထုတ်ကုန်အရေအတွက်ကို မသိရှိရပေ။

ပါကစ္စတန်တွင် အော်ပရေရှင်များ ဗဟိုပြုလုပ်ကိုင်ပြီး အာရှအနှံ့တွင် Daraz နှင့် Kaymu စတိုးများကို ဖွင့်လှစ်သွားမည်ဟု ဂျာမန်အခြေစိုက် Rocket Internet က ဇွန်လတွင် ထုတ်ပြန်ခဲ့သည်။

ဂျာမန်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Rocket Internet သည် ရင်းနှီးမြှုပ်နှံထားသော startup ကုမ္ပဏီအစုစုများ၌ ဒေါ်လာသန်း ၇၀၀ အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်သွားခဲ့သည်။


Credit to ==> Internet Journal


No comments:

Post a Comment