Monday, October 10, 2016

♪ Android User တွေ မနာလိုအားကျဖြစ်ရတဲ့ အခမဲ့ iOS App များ ♫


Apple ရဲ့ iOS က ဘယ်သူနဲ့မှမတူတဲ့ သီးသန့် Operating System တစ်ခုဖြစ်တဲ့အလျောက် App Maker တွေအတွက် ကိုယ်ပိုင် SDK (software development kit) လည်းရှိနေပါတယ် ။ ဒါကြောင့် Apple ရဲ့ iPhone နဲ့ iPad တွေမှာ ပြည့်စုံကောင်းမွန်တဲ့ Hardware အပြင် ပြိုင်ဘက်ကင်းတဲ့ App တွေ ၊ ဂိမ်းတွေ ရရှိနေ တာဖြစ်ပါတယ် ။

App Store ပေါ်က လူကြိုက်များတဲ့ App တွေနဲ့ ဂိမ်းတွေမှာ အခြား Developer တွေဖန်တီးတဲ့ App တွေ သာမက Apple ကိုယ်တိုင် ဖန်တီးထားတာ တွေလည်း ပါဝင်ပြီး အချို့သော App တွေဆို အံ့သြလောက်အောင် ကောင်းမွန်တဲ့အပြင် Android မှာ မရနိုင်တဲ့အတွက် Android User တွေ မနာလို အားကျဖြစ်ရပါတယ် ။ အဲ့ဒီ App တွေက ဘာတွေလဲ ၊ ဘယ်လောက်တောင် ကောင်းမွန်တာလဲ ဆိုတာ ကြည့်လိုက်ကြရအောင် . . . ။

iMovie (Free)

imovie_thumb800

iMovie ကတော့ Apple ရဲ့ iPhone, iPad တွေအတွက် ပြိုင်ဘက်အကင်းဆုံး Movie Making App တစ်ခုဖြစ်ပါတယ် ။ Video တွေကို record , edit နဲ့ share လုပ်နိုင်ပြီး ရုပ်ရှင် (ဒါမှမဟုတ်) ရုပ်ရှင် Trailer တွေဖန်တီးနိုင်ပါတယ် ။ Titles, captions တွေနဲ့ special effects တွေပါဝင်ပြီး အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်တဲ့ template တွေ အမြောက်အများပါဝင်ပါတယ် ။ စိတ်ကြိုက်ဓာတ်ပုံတွေနဲ့ Video တွေ ကို စိတ်တိုင်းကျပေါင်းစပ်ပြီး Title တွေ ၊ Caption တွေထည့်ကာ Movie Clip တစ်ခုဖန်တီးတာမျိုးနဲ့ Hollowood စတိုင် Movie Trailer ဖန်တီးတာမျိုးမှာ အကောင်းမွန်ဆုံး App တစ်ခုလို့ပြောရမှာ ဖြစ်ပါတယ် ။ iMovie လိုမျိုး အခြား Movie Making App တွေ Android မှာ ရနိုင်ပေမယ့် iMovie ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မမီတာ သေချာပါတယ် ။

GarageBand (Free)

screen640x640_thumb800

ဂီတသံစဉ်တွေကို ကိုယ်တိုင်ဖန်တီးချင်တဲ့ ဝါသနာရှင် တွေ ၊ ပညာရှင်တွေအတွက် Apple ရဲ့ ပြိုင်ဘက်ကင်း App တစ်ခုဖြစ်ပါတယ် ။ Guitar, Bass, Drums , Strings (Violin,Viola,Cello,Bass), Keyboards , Audio Recorder, Amp စတာတွေ ပါဝင်တဲ့အတွက် Home Studio တစ်ခုလိုမျိုး Music Project တွေတည်ဆောက်ပြီး စိတ်ကြိုက်တီးခတ်နိုင်ပါတယ် ။ Drums ကို ကိုယ်တိုင် မတီးတတ်တဲ့သူတွေအတွက် တီးထားပြီးသား Drummer Function ပါဝင်ပြီး Drum Pattern အစုံတီးခတ်ပေးထားပါတယ် ။ Rock , Blue , Jazz, Metal , HipHop Drums Kit   နဲ့ တရုတ်ရိုးရာ Chinese kit ပါ ပါဝင်တဲ့အတွက် ဂီတအမျိုးအစား ပေါင်းဆုံးတီးခတ်နိုင်ပါတယ် ။

Guitar, Bass, Drums, Keyboards နဲ့ String တွေတီးခတ်တဲ့အခါ Touching တွေကအစ အပြင်မှာတကယ်တီးနေရတဲ့အတိုင်းခံစားရမှာဖြစ်ပြီး အသံအရည်အသွေးကလည်းကောင်းမွန် ပါတယ် ။ Amp ပါဝင်တဲ့အတွက် တကယ့် Electric Guitar တွေနဲ့ ချိတ်ပြီး အသံသွင်းလို့ရတဲ့အပြင် Vocal Effect တွေလည်း အများအပြားပါဝင်ပါတယ် ။ ဒါတင်မက ဖုန်းထဲမှာ Real Drums နဲ့ JamUp တို့လို အခြား Music App တွေရှိရင်လည်း ချိတ်ဆက် အသုံးပြုလို့ ရတဲ့ Inter-App Audio Apps လည်းပါဝင်ပါတယ် ။ ဒီထဲမှာ စိတ်တိုင်းကျတီးထားတဲ့ သီချင်းတွေ ၊ Music တွေကို iCloud ကတစ်ဆင့် Email နဲ့ Share လို့ရတဲ့ အပြင် Ringtone လည်းလုပ်လို့ရပါသေးတယ် ။ Android မှာလည်း GarageBand နည်းတူ Studio App မျိုး ရှိပေမယ့် GarageBand ကို ဘယ်လိုမှ မမီနိုင်ပါဘူး ။

Adobe Photoshop Fix (Free)

adobe_photoshop_fix_1

Adobe ရဲ့ Photoshop ဆိုတာက ဓာတ်ပုံလောကမှာ နာမည်အကျော်ကြားဆုံးနဲ့ လူသုံးအများဆုံး App တစ်ခုဖြစ်ပါတယ် ။ Photoshop Desktop Version ထဲက Function တွေ အပြည့်အစုံမပါဝင်ပေမယ့် ပါဝင်တဲ့ Function တွေက Mobile Version တစ်ခုအတွက်တော့ ပြည့်စုံကောင်းမွန်တဲ့အပြင် အခမဲ့လည်းရနိုင်တဲ့အတွက် သုံးရတာလည်း တန်တယ်လို့ ပြောရမှာဖြစ်ပါတယ် ။

Adobe က iOS အတွက် တရားဝင်ထုတ်ပေးထားတာဖြစ်ပြီး Photo Editing App တစ်ခုမှာရှိသင့်တဲ့ Basic Function တွေအကုန် ပါဝင်ပါတယ် ။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁) ရက်နေ့ကမှ နောက်ဆုံး Update ထွက်ရှိထားပြီး Cinema Quality Wide Colour Image တွေကိုဖန်တီးနိုင်ပြီဖြစ်ပါတယ် ။ App ထဲမှာ Tutorial Video တွေ တစ်ခါတည်း ထဲ့သွင်းပေးထားခြင်းကလည်း စိတ်ကျေနပ်စရာကောင်းပါတယ် ။

Photoshop ကို ဖုန်းထဲမှာ ထည့်ထားနိုင်တဲ့ အတွက် လတ်တလော ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံးပြင်ဆင်ပြီး Internet ပေါ်မျှဝေနိုင်ခြင်းက Android User တွေအတွက် မနာလိုစရာအချက်ဖြစ်ပါတယ် ။ လက်ရှိမှာတော့ Adobe အနေနဲ့ Android User တွေအတွက် Photoshop Mix ကိုသာ ထုတ်လုပ်ပေးထားပြီး Photoshop Fix ကိုလည်း မကြာခင် ထုတ်ပေးမယ်လို့ သိရပါတယ် ။

Credit to ==> Digital Times


No comments:

Post a Comment