Facebook က Default အားဖြင့် Upload ပြုလုပ်လိုက်တဲ့ ဓါတ်ပုံများကို အက္ခရာစဉ်အလိုက် စီပြီး ပြသပေးပါတယ်။ Windows File Explorer လိုမျိုး ဖြစ်ပါတယ်။ Facebook မှာ ဓါတ်ပုံများစွာကို Upload ပြုလုပ်ပြီး ပို့စ်တင်တဲ့အခါမှာ News Feed မှာ ဓါတ်ပုံအားလုံးကို Preview အဖြစ် ပြသပေးခြင်းမရှိဘဲ အနည်းငယ်ကိုသာ ပြသပေးပြီး အက္ခရာစဉ်အရ ရှေ့ဆုံးမှ ဓါတ်ပုံကိုတော့ အကြီးဆုံး ပြသပေးပါတယ်။

Preview မပြသပေးထားတဲ့ ဓါတ်ပုံအရေအတွက်ကိုတော့ +5 , +6 စသဖြင့် ဖော်ပြပေးထားပါတယ်။ သင်နှစ်သက်တဲ့ ဓါတ်ပုံများကို Preview ပြသပေးစေချင်ရင် ဒါမှမဟုတ် အကြီးဆုံး အဖြစ် ပြသပေးစေချင်ရင် ဓါတ်ပုံများကို Upload ပြုလုပ်အပြီး ပို့စ်အဖြစ် မတင်မီ Rearrange ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Status Update Box မှာ ရေးချင်တဲ့ စာသားကို ရေးပါ။ စာမရေးချင်ရင် Mouse Cursor ချပါ။ Camera Icon ပေါ်လာရင် တစ်ချက်နှိပ်ပါ။

1

File Picker Window ပေါ်လာရင် ဓါတ်ပုံများ ရှိတဲ့ နေရာကို သွားပါ။ ဓါတ်ပုံများစွာကို ရွေးချယ်ဖို့အတွက် Ctrl Key ကိုဖိထားပြီး ကလစ်တစ်ချက်စီနှိပ်ပါ။ ပြီးရင် Open Button ကို နှိပ်ပါ။

2

ဓါတ်ပုံများကို Upload ပြုလုပ်ပြီးတာနဲ့ Windows File Explorer မှာလိုပဲ Facebook က ဓါတ်ပုံများကို အက္ခရာစဉ်အလိုက် စီပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ရှေ့ဆုံးမှာ ရှိတဲ့ ဓါတ်ပုံကိုတော့ အကြီးချဲ့ပြီး Preview ပြသပေးမှာဖြစ်ပါတယ်။ သင်နှစ်သက်တဲ့ ဓါတ်ပုံကို ရှေ့ဆုံးကို ပို့ဖို့အတွက် အဲဒီ ဓါတ်ပုံပေါ်မှာ ကလစ်နှိပ်ပြီး ဖိထားပါ။ ရှေ့ဆုံးသို့ ဖိဆွဲပြီး နေရာပြောင်းလိုက်ပါ။ အခြား Preview အဖြစ် ပြသပေးစေချင်တဲ့ ဓါတ်ပုံများကိုလည်း ဒုတိယ၊ တတိယ၊ စတုတ္ထ နေရာများသို့ ပြောင်းရွှေ့နိုင်ပါတယ်။

3

အောက်ပါ ပုံမှာတော့ ဓါတ်ပုံများကို နေရာပြောင်းရွှေ့အပြီး မြင်ရတဲ့ အနေအထားဖြစ်ပါတယ်။ Post တင်ပြီးချိန်မှာ ပြသပေးတဲ့ ဓါတ်ပုံ အရေအတွက်ကတော့ ဓါတ်ပုံများရဲ့ Resolution နဲ့ Orientation အပေါ်မူတည်ပါတယ်။ News Feed မှာ Preview အဖြစ် မပြသပေးတဲ့ ဓါတ်ပုံများကို ကြည့်ချင်ရင်တော့ ဓါတ်ပုံကို ကလစ်နှိပ်ပြီး တစ်ခုချင်းစီ ကြည့်နိုင်ပါတယ်။

4

ဓါတ်ပုံများကို Rearrange ပြုလုပ်ပြီးရင်တော့ Post ခလုတ်ကို နှိပ်ပြီး သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါပြီ။