Saturday, October 1, 2016

♪ Android စမတ်ဖုန်း Boot တက်ချိန်ကို မြန်ဆန်အောင် လုပ်နည်း ♫


3
သင့်ရဲ့ Android စမတ်ဖုန်း Boot တက်ချိန်ကို မြန်ဆန်အောင် ပြုလုပ်ချင်ပါသလား ? ဒါဆိုရင်တော့ ဒီ Tutorial ကို ဖတ်ရှုလေ့လာကြည့်ပါ။ နည်းလမ်းဟာ လွယ်ကူ ရိုးရှင်းပြီး ခက်ခက်ခဲခဲ ပြုလုပ်ရတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ သင့်ရဲ့ Android Smartphone ကို Root လုပ်ထားဖို့ လိုအပ်ပါတယ်။ Android Smartphone များရဲ့ Boot တက်ချိန်ဟာ ၄၅ စက္ကန့်ကနေ တစ်မိနစ်ကျော်ကြာတတ်ပါတယ်။ အဲဒီ စောင့်ဆိုင်းရတဲ့ အချိန်ကို လျှော့ချပေးနိုင်ရင် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

လိုအပ်တဲ့ အရာများ
ES File Explorer , Root Browser , Root Explorer တို့လို ဖုန်းရဲ့ System File များကို ကြည့်ရှုနိုင်၊ ပြင်ဆင်နိုင်မယ့် App တစ်ခုကို သင့်ဖုန်းမှာ အင်စတောလုပ်ထားပါ။ Google Play Store ကနေ အင်စတောလုပ်လို့မရရင် အခြား Market များ၊ ၀က်ဆိုက်များကနေ ဒေါင်းလုပ်လုပ်ပါ။ အင်စတော မလုပ်မီမှာ ဖုန်းရဲ့ Settings> Security ထဲမှ Unknown Sources မှာ အမှန်ခြစ်ပါ။ ပြီးမှ အင်စတောလုပ်ပါ။

Boot တက်ချိန်ကို လျှင်မြန်အောင် ပြုလုပ်နည်း
ဒီ Tutorial မှာ ES File Explorer ကို အသုံးပြုထားပါတယ်။ Root Browser, Root Explorer တို့မှာလည်း ပြုလုပ်နည်းက သိပ်ကွာခြားမှာ မဟုတ်ပါဘူး။ ES File Explorer ကိုဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Tools ကဏ္ဍအောက်မှ Root Explorer ကို Enable လုပ်ပေးပါ။

1

ပြီးရင် Local ကဏ္ဍအောက်မှ Device ကို နှိပ်ပါ။ System ဖိုဒါထဲသွားပြီး build.prop ကို နှိပ်ပါ။ အဲဒီဖိုင်ထဲမှာ ဖုန်း Boot တက်ချိန်မှာ ပြုလုပ်ရတဲ့ အလုပ်များကို သတ်မှတ်ပေးထားပါတယ်။

2

ES Note Editor နဲ့ ဖွင့်ပါ။ အပေါ်ထိပ်မှ Edit ခလုတ်ကို နှိပ်ပါ။ စာသားများရဲ့ အောက်ဆုံးကို သွားပြီး အောက်ပါ Code ကို ရေးပေးပါ။

ro.config.hw_quickpoweron=true
Back Key ကို နှိပ်ရင် Save လုပ်မလား မေးမှာပါ။ Save လုပ်ပေးပါ။

3

Boot Animation ကို ပိတ်နည်း
Boot တက်ချိန်မှာ ပြသတဲ့ Animation ကလည်း Boot တက်ချိန်ကို ကြာစေပါတယ်။ အဲဒီ Animation ကို ပိတ်ထားဖို့အတွက် အပေါ်ကနည်းအတိုင်း build.prop ကို ES Note Editor နဲ့ဖွင့်ပြီး စာသားများရဲ့ အောက်ဆုံးမှာ အောက်ပါ Code ကို ရေးပေးပါ။

debug.sf.nobootanimation=1
ဒါဆိုရင် သင့် Android Phone ရဲ့ Boot တက်ချိန်ဟာ အရင်ကထက် လျှင်မြန်သွားပါပြီ။ စာရေးသူ စမ်းသပ်ကြည့်တဲ့ အခါမှာ ဒီနည်းလမ်းကို အသုံးမပြုမီမှာ ဖုန်းရဲ့ Boot တက်ချိန်ဟာ ၁ မိနစ်နဲ့ ၂ စက္ကန့် ကြာမြင့်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီးချိန်မှာတော့ Boot တက်ချိန်ဟာ စက္ကန့် ၅၀ လောက်သာ ကြာပါတော့တယ်။ ကျွန်တော့်ရဲ့ ဖုန်းမှာတော့ ၁၂ စက္ကန့်လောက် ပိုမိုမြန်ဆန်လာပါတယ်။ ၁၂ စက္ကန့်ဟာ သိပ်ပြီး ကောင်းမွန်တဲ့ ရလဒ်မဟုတ်ပေမယ့် ဖုန်းအမျိုးအစား အပေါ်မူတည်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်များကို ရရှိမယ်လို့ ယုံကြည်မိပါတယ်။

No comments:

Post a Comment