Friday, October 7, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei Cherry 2 ပါ။ အဲ့ဒီဖုန်းက COC ဆော့ရင် ကိုယ်ဆော့နေတဲ့ အကောင့်ပဲသုံးလို့ရပြီး တခြားအကောင့်ကို ၀င်ဆော့ချင်ရင် ပြန်ထွက်တဲ့ Error တက်နေပါတယ်။ ဘာ Error လဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဖြစ်ခဲ့ရင်တော့ Google + APK ကိုသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ အဲ့လိုမှမရရင်တော့ နီးစပ်ရာ Service ဆိုင်ကို သွားပြကြည့်ပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Zapya, Bluetooth, Wi-Fi တွေကို သူများလိုသုံးမရဘူးဖြစ်နေတယ်။ ဘာ Error လဲဆိုတာ ရှင်းပြပေးပါ။
ဖြေ - ဟုတ်ကဲ့ဗျာ။ တချို့ Model နိမ့်ဖုန်းတွေမှာ Zapya APK ကို Version မြှင့်သုံးမိပြီး ဖုန်းအတွင်းထဲမှာ အလုပ်လုပ်နေတဲ့ ဘုတ်ပြားက Wi-Fi Section Error တက်သွားတာပါ။ အဲ့လိုဖြစ်ခဲ့လျှင် နီးစပ်ရာ Service ဆိုင်သို့ သွားပြကြည့်ပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းတဲ့အခါမှာလည်း အားဝင်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့အသုံးပြုရင် အားသွင်း Sign ပြပြီး Data မသိဘူးဖြစ်နေတယ်။ ဘာ Error လည်း မသိဘူးဗျာ။ ဘယ်လိုကြောင့်ဆိုတာ ရှင်းပြပေးပါလားဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဖြစ်ခဲ့လျှင် ဖုန်းရဲ့ Setting ထဲကိုဝင် Developer Option ထဲက USB Debugging ကို On ပေးပါ။ မရပါက USB Error ဖြစ်ပါတယ်။ နီးစပ်ရာ Service ဆိုင်မှာသွားပြပေးလျှင် အဆင်ပြေနိုင်ပါတယ်။

 မေး - ဆရာခင်ဗျာ။ Y325-T00 ဖုန်းကို Recovery အလွယ်ဆုံးဝင်တဲ့ နည်းလမ်းရှိပါသလား။ ရှိရင် ဘယ်လိုဝင်ရသလဲ။ ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ နည်းလမ်းရှိပါတယ်။ Shuame Tool ဆိုတဲ့ Software နဲ့ MTK Driver ရှိဖို့တော့ လိုပါတယ်။ ပထမဦးဆုံး Shuame Tool Software ကို ကွန်ပျူတာမှာ Install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Power + Vol Up နဲ့ တွဲနှိပ်ပြီး Factory Mode ၀င်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို ကြိုးချိတ်လိုက်ပါ။ Shuame Software က ဖုန်းကို Detet ဖြစ်သွားပြီဆိုရင် Recovery Tab ကိုသွားပြီး Recovery ကို နှိပ်ပေးလိုက်တာနဲ့ ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Recovery Mode ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

 မေး - Facebook ဖွင့်လိုက်ရင် Facebook မှာ စာတွေတက်ဖို့ အရမ်းကြာနေလို့။ ပြီးတော့ Comment တွေ ရေး/ဖတ်ဖို့ဆိုရင်လည်း ကြာနေတယ်လို့ ခံစားရပါတယ်။ အဲ့လိုမဖြစ်အောင် ဘယ်လိုဖြေရှင်းလို့ ရပါသလဲ။
ဖြေ - ဟုတ်ကဲ့။ ဒါဆိုရင်တော့ Facebook ရဲ့ Setting ထဲကိုသွားပါ။ Account Setting ထဲထပ်ဝင်ပြီး Security ထဲသွားပါ။ ပြီးရင် Active Sessions ထဲမှာရှိတဲ့အရာတွေအားလုံးကို ဖြုတ်လိုက်ရင် Facebook ရဲ့ Status တွေက အရင်ထက် ပိုမြန်လာမှာဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ Facebook ကို နေရာမျိုးစုံကနေ Devices မျိုးစုံနဲ့ ချိတ်ဆက်အသုံးပြုလာတာကြောင့် Active Session က မှတ်သားထားတာကြာလေ သုံးရတာလေးနေတာတွေ ဖြစ်လာတာပါ။

 မေး - ဘက်ထရီတစ်လုံးအားကုန်မြန်တာနဲ့ ဖုန်းတစ်လုံး လိုင်းဆွဲအား ကောင်းတာ၊ မကောင်းတာနဲ့ ပတ်သတ်မှုရှိပါသလား။
ဖြေ - ဟုတ်ကဲ့ပါ။ ဖုန်းရဲ့လိုင်းဆွဲအားမကောင်းဘူးဆိုရင် ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။ ဒါကြောင့် လိုင်းသေချာမမိတဲ့နေရာမျိုးမှာ Airplane Mode လုပ်ထားရင် ဘက်ထရီအားကို ချွေတာရာရောက်ပါတယ်။ ပြီးတော့ ဖုန်းထဲမှာလည်း မလိုအပ်တဲ့ Process တွေနဲ့ App တွေကိုလည်း Setting ထဲက Apps ထဲကိုသွားပြီး Force Stop လုပ်ပြီးလည်း ရှင်းလို့ရပါတယ်။ ဒါမှမဟုတ် Process တွေရှင်းတဲ့ APK သုံးပြီးလည်း ရှင်းလို့ရပါတယ်။

 မေး - ကျွန်တော့်ဖုန်းက Samsung S3 ပါ။ ပါဝါခလုတ်ကိုနှိပ်လိုက်ရင် ပါဝါတတ်တယ်။ Logo လောက်မှာ ပြန်ပြုတ်ပြုတ်ကျနေတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဗျ။
ဖြေ - ဒါဆိုရင် ဖုန်းဘက်ထရီ Connector နားက Component များကို စစ်ရပါမယ်။ Charging IC နဲ့ သူ့ဘေးက Component လေးတွေကို စစ်ကြည့်ပါ။ ရေ၀င်တယ်ဆိုရင်တော့ Wi-Fi IC အဖြစ်များပါတယ်။ Wi-Fi IC ကြောင့်ဆိုရင် Amper လက်တံက ပုံမှန်မတတ်ဘဲ ပိုတတ်နေတတ်ပါတယ်။ ဒါပေမဲ့ Crystal X, Power Crystal လေးမကောင်းရင်လည်း အဲ့လို Error မျိုး တတ်ပါတယ်။ ဒါက Hardware ပါ။ အရင်လုပ်ကြည့်ရမှာကတော့ Farmware အရင်တင်ကြည့်ပါ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment