Friday, October 7, 2016

♪ “Samsung Galaxy A8 (2016) ကိုမိတ်ဆက်” ♫


Samsung က Galaxy A8 (2016) ကို တောင်ကိုရီးယားမှာမိတ်ဆက်လိုက် ပါတယ်။ ဒီဇိုင်းလှပပြီးယခင်မျိုးဆက် နဲ့ဆင်တူပါတယ်။ ပါးလွှာပြီးသတ္တု ကိုယ်ထည် တပ်ဆင်ထားပါတယ်။ ၅.၇ လက်မ AMOLED Full HD Display တပ်ဆင်ထား ပါတယ်။ 3GB RAM, 32GB Storage ထည့်သွင်းထားပါတယ်။

Chipset ကတော့ Samsung ရဲ့ ယခင်နှစ်ထုတ် စွမ်းရည်မြင့် S6 နဲ့ တူညီပါ တယ်။ Galaxy A8 မှာ Samsung Exynos 7420 ထည့်သွင်းထားပါတယ်။ Chipset မှာ Cortex-A53 Core လေးလုံးနဲ့ Cortex-A57 Core လေးလုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင် ထားပြီး အရှေ့ဘက်မှာ 8 Megapixel Camera ပါရှိပါတယ်။

အခြား Specifications များကိုတော့ Samsung က ကြေညာခြင်း မရှိ သေးပါဘူး။ Galaxy A8 (2016) ရဲ့ ကင်မရာဟာ Galaxy S6 နဲ့ တူညီမယ်လို့ ကျွမ်းကျင် သူများကသုံးသပ်ပါတယ်။ Android 6.0.1 ကို Grace UX အသစ်နဲ့ ပေါင်းစပ် ထားပါတယ်။ Note 7 မှာ Grace UX ကိုစတင် မိတ်ဆက်ခဲ့တာပါ။ Home Button မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာတပ်ဆင်ထားပြီး Samsung Pay ၀န်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ 3300mAh Battery ထည့်သွင်းပေးထား ပါတယ်။

Always On Display စွမ်းဆောင်ချက်တော့ မပါရှိပါဘူး။ တောင်ကိုရီးယား မှာတော့ SK Telecom ကနေ အပြာရောင် မော်ဒယ်ကို အောက်တိုဘာလ ၁ ရက်နေ့ကစတင် ရောင်းချပေးပါတယ်။ ၀မ် ၆၄၉,၀၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၅၈၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ အခြား နိုင်ငံများမှာရောင်းချမယ့် သတင်းကိုတော့ Samsung က ကြေညာခြင်းမရှိ သေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment