Facebook က မကြာမီကပဲ News Feed မှာ မြင်တွေ့ရတဲ့ ပို့စ်များကို ထိန်းချုပ်နိုင်တဲ့ See First ဆိုတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် ရင်းနှီးတဲ့ သူငယ်ချင်းများနဲ့ နှစ်သက်တဲ့ Page များမှ ပို့စ်များကို အရင်ဆုံး မြင်တွေ့ရနိုင်အောင် ပြုလုပ်နိုင်ပါပြီ။ သင် Facebook ကို ဖွင့်လိုက်တာနဲ့ အဲဒီသူငယ်ချင်းများနဲ့ Pages များရဲ့ ပို့စ်များကို သင့် News Feed ရဲ့ ထိပ်ဆုံးမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Website
Facebook ၀က်ဆိုက်ရဲ့ Home Page ကို သွားပြီး ညာဘက်အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပါ။ News Feed Preferences ကို နှိပ်ပြီး People ထဲသွားပါ။ Seen Most Last Week နဲ့ Alphabetical Order နှစ်ခုစလုံးရဲ့ အောက်မှာ သင့်ရဲ့ သူငယ်ချင်းများကို တွေ့နိုင်ပါတယ်။ Mouse Cursor ကို Following ပေါ်တင်လိုက်ရင် See First ကို ရွေးချယ်နိုင်ပါတယ်။ Pages များကိုလည်း ဒီနည်းအတိုင်းပဲ ပြုလုပ်နိုင်ပေမယ့် Group များအတွက် See First ကို အသုံးပြုလို့မရပါဘူး။

facebook see first 2

နောက်တစ်နည်းကတော့ သင့်သူငယ်ချင်းရဲ့ Timeline နဲ့ သင်နှစ်သက်တဲ့ Page ကိုသွားပြီး Following ခလုတ်ပေါ်ကို Mouse Cursor တင်လိုက်ရင် See First ကို ရွေးချယ်နိုင်ပါတယ်။

facebook see first 3

Mobile
Mobile Phone တွေမှာလည်း See First ကို သတ်မှတ်နိုင်ပါတယ်။ See First ကို iOS Device များမှာသာ အသုံးပြုနိုင်ပြီး Android မှာတော့ မရသေးပါဘူး။ Facebook App ရဲ့ ညာဘက်အောက်ထောင့်မှ Menu ကို နှိပ်ပြီး News Feed Preferences ထဲသွားပါ။

facebook see first 4

နောက်အဆင့်မှာ Prioritize who to see first ကို နှိပ်ပါ။ ပြီးရင် သင့် News Feed ရဲ့ ထိပ်ဆုံးမှာ မြင်တွေ့ချင်တဲ့ သူငယ်ချင်းများနဲ့ Page များကို ရွေးချယ်နိုင်ပါတယ်။

facebook see first