Friday, October 7, 2016

Google Pixel နဲ့ Pixel XL ဖုန်းများကို Recovery Mode ၀င်နည်း


Photo Credit: Androiding.how
Google Pixel နဲ့ Pixel XL ဖုန်းများကို Recovery Mode ၀င်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Google Pixel နဲ့ Pixel XL ဖုန်းများဟာ
သတင်းတွေအရတော့ iPhone 9 ကို မေ့ထားပြီး ၀ယ်ယူအသုံးပြုသင့်ကြောင်း
စသည်ဖြင့် နာမည်ကြီးနေတာလည်း ဖြစ်ပါတယ်။
Stock Recovery Mode
 =================
 ဖုန်းတစ်းလုံးမှာ Stock Recovery ဆိုရင် ဘာတွေပြုလုပ်လို့ရနိုင်သလဲဆိုတော့
အခန့်မသင့်လို့ ဖုန်းမှာ Bootloop ဖြစ်တယ် Softbrick ဖြစ်ခဲ့တယ်ဆိုရင်တော့
ပြန်လည် rescue ပြုလုပ်ယူနိုင်မှာဖြစ်သလို Recovery Mode မှ OTA updates များကို
manual အနေဖြင့် adb sideload command ဖြင့် Flash လုပ်ယူနိုင်ပါတယ်။

 Custom Recovery Mode
 ===================
တကယ်လို့ သင့်ဖုန်းက Custom Recovery များ ထည့်သွင်းထားတယ်ဆိုရင်တော့
custom ROMs, MODs များကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Custom recovery သာ ထည့်သွင်းအသုံးပြုထားတာမျိုးရှိနေပြီဆိုရင်တော့ သင့်ဖုန်းကို
ှSuperSu.zip သို့ Magisk စသည်များဖြင့် Recovery Mode မှ လွယ်ကူစွာပဲ Flash လုပ်ယူနိုင်ပါတယ်။


 Recovery Mode ၀င်နည်း


1. ဖုန်းကို ပါဝါပိတ်လိုက်ပါ။

2. Power + Volume down ကီးများကို စက္ကန့်အနည်းငယ်နှိပ်ထားပါ။
(ဖုန်းမှာ bootloader mode သို့ရောက်သွားမှာပါ)

3. Recovery mode screen ကို မြင်နေရတဲ့အခါ Vol - Down ကို နှစ်ချက်နှိပ်လိုက်ပါ။

4. Recovery mode ကိုရောက်သွားတဲ့အခါ Power Button ကိုနှိပ်လိုက်ပါ။


အထက်ဖေါ်ပြပါ နည်းလမ်းသည် Hardware Button များကို နှိပ်ပြီး
Google Pixel & Pixel XL ဖုန်းများကို Recovery Mode သို့ဝင်တာပဲဖြစ်ပါတယ်


တကယ်လို့ ကွန်ပျူတာဖြင့် ADB & Fastboot Setup ကိုအသုံးပြုပြီး
Recovery Mode သို့ဝင်မယ်ဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။
ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေပြီ ဆိုတာနဲ့ ADB Command Box ကို
ဖွင့်လိုက်ပြီး adb reboot bootloader ကို ရိုက်ထည့်ပြီး Recovery Mode ကိုဝင်နိုင်ပါတယ်။
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment