Sunday, October 9, 2016

အွန်လိုင်းမှာ ကိုယ်ရေး အချက်အလက် လုံခြုံရေးတွက် အချက်(၅)ချက်



ကိုယ်သာ သိသင့်သော ကိုယ်ရေးသတင်း အချက် အလက် များကို အွန်လိုင်းစပိုင်များ၊ အွန်လိုင်းစောရများ ရန်မှ ကာကွယ်ဖို့ နောက်မကျပါစေနဲ့။ 
၁။ ဖောက်ဖို့ခက်သည့် Password တွေ ပေးမယ့်နေရာ 
အွန်လိုင်းစောရတွေ ဖောက်ရခက်သည့် Password မျိုး အသင့် အလိုရှိပါသလား။ Norton Password Generator ကို အသုံးပြုကြည့်ပါ။ Norton ၏ ၀က်ဘ်ဆိုက်ကို သွားကြည့်ပြီး ဖောက်ရ အခက်ဆုံးဆိုသည့် Password များ တောင်းယူနိုင်သည်။ ရလာသည့် Passwordကို စာတစ်ရွက်မှာ သေချာ ရေးမှတ်ပြီး လုံခြုံရာမှာ သိမ်းထားဖို့တော့ လိုမည်။ အေဘီစီဒီအတွဲ အစပ် အမျိုးမျိုး၊ စကားလုံး အကြီးအသေး အဖုံဖုံ၊ အခြား ကိန်းဂဏန်းနှင့် လက္ခဏာ မျိုးစုံကို ပေါင်းစပ်ထားသည့် Password မျိုး Norton က ထုတ်ပေးလိမ့်မည်။ ကိုယ်တိုင် စဉ်းစား တွဲစပ်လျှင်ပင် ထိုမျှ များများစုံစုံ တွဲစပ်ဖြစ်မည် မဟုတ်ကြောင်း ရလာသည့် Password ကို ကြည့်ရုံနဲ့ သိလာလိမ့်မည်။ အသုံးပြုချင် သူများ အနေဖြင့် www.identitysafe.no rton.com/password-generator တွင် Password တောင်းယူနိုင် သည်။
၂။ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ဘဏ်တိုက် 
Dashlane ဆိုသော ၀န်ဆောင်မှုတစ်ခု အကြောင်း ပြောလိုသည်။ Dashlane သည် Password များကို မှတ်တမ်း တင် သိမ်းပေးထားသော ၀န်ဆောင်မှုဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ် ပိုက်ဆံ (Digital Wallet) အဖြစ်လည်း အသုံးပြုနိုင်သည်။ အွန်လိုင်းစောရများ ဖောက်ဖို့ အလွန်ခက်သည့် Password များကိုလည်း ဖန်တီးပေးနိုင် သလို၊ သုံးစွဲသူက ထို Password များကို ကိုယ်တိုင် ဖြည့်စရာ မလိုဘဲ Dashlane က အလိုလျောက် ဖြည့်ပေးမည့် ၀န်ဆောင်မှုလည်း ရှိသည်။ ၀က်ဘ်ဆိုက်များ၊ လူမှုကွန်ရက်များနှင့် အမျိုးမျိုးသော အွန်လိုင်း ၀န်ဆောင်မှုများ အတွက် Password အမျိုးမျိုး သုံးစွဲ နေရသူများ အနေဖြင့် Password မေ့တတ်သည့် ပြဿနာရှိရာ Dashlane က သက်ဆိုင်ရာ ၀န်ဆောင်မှုအလိုက် Password များကို မှတ်ထားကာ အလိုလျောက် ဖြည့်သွင်းပေးခြင်းဖြင့် Password မေ့၍ ၀င်မရသည့် ပြဿနာကို ပြေလည်စေမည်။ Dashlane ကိုဝင်သည့် Password တစ်ခုတည်းကို မှတ်ထားရုံဖြင့် ကျန် Password များကို Dashlane က အလိုလျောက် ဖြည့်ပေးသွား မည်ဖြစ်သည်။ www.dashlane.com တွင် ၀င်ရောက်ကြည့်ရှု နိုင်သည်။
၃။ အစွမ်းလည်းထက် အခမဲ့လည်းရမည့် ဗိုင်းရပ်စ် ကာကွယ်ရေးဆော့ဖ်ဝဲ 
AVG က ထုတ်လုပ်သည့် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲသည် သူလျှို ဆော့ဖ်ဝဲ၊ အဖျက် ဆော့ဖ်ဝဲ၊ ဗိုင်းရပ်စ် စသည့် တို့ကို အပြည့်အ၀ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ ကမ္ဘာ့ သြဇာကြီး နည်းပညာ သတင်းမီဒီယာများ ဖြစ်သော PC Magazine ၊ CNET စသည်တို့ ကလည်း AVG ကို အခမဲ့ရ နိုင်သည့် အကောင်းဆုံး ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲအဖြစ် အသိအမှတ်ပြုထားကြသည်။ ဖုန်းထဲလည်း ထည့်ထားနိုင်ပြီး ဖုန်းခိုးခံရခြင်းကို ကာကွယ် ပေးမည့် စနစ်လည်း ပါဝင်သဖြင့် ယနေ့လို လူများစုကြီး ဖုန်းကိုင်နေသော ခေတ်တွင်များစွာ အသုံးဝင် မည် ဖြစ်သည်။ www.free. avg.com တွင် ၀င်ရောက်ကြည့်ရှုကာ အသုံးပြုနိုင်သည်။
၎။ ကိုယ်ရေး အချက်အလက် လုံခြုံရေး 
သုံးစွဲသူ တစ်ဦးချင်းအလိုက် အံဝင်ခွင်ကျသော ၀န်ဆောင်မှုမျိုး ပေးနိုင်စေရန် ဖုန်းအပလီကေးရှင်းများသည် သုံးစွဲသူ၏ တည်နေရာ၊ ဖုန်းခေါ် ဆိုမှု၊ ဖုန်းထဲက အဆက်အသွယ် လူများ စာရင်းစသည်တို့ကို ယူငင် အသုံးပြု တတ်ကြသည်။ ထိုသို့ လုပ်ခြင်းဖြင့် သက်ဆိုင်ရာ အပလီကေးရှင်းကို သုံးစွဲ သူ တစ်ဦးချင်း အတွက် ပို၍ အံဝင် ခွင်ကျသော ၀န်ဆောင်မှုမျိုးဖြစ်လာ သော်လည်း တစ်ဖက်မှ ကြည့်လျှင်ကား သုံးစွဲသူများ၏ ကိုယ်ရေး အချက် အလက် များ ခိုးယူခံရမည့် အန္တရာယ်လည်း ရှိနေပြန်သည်။ MyPermissions က ထိုပြဿနာကို ဖြေရှင်း ပေးနိုင်စွမ်း ရှိသည်။ မည်သည့် အပလီကေးရှင်းများက ကိုယ့် တည်နေရာ၊ ဖုန်းခေါ်ဆိုမှု၊ ဖုန်းထဲက လူစာရင်းနှင့် အမျိုးမျိုးသော အချက်အလက်များကို ယူငင် သုံးစွဲနေသည်ကို MyPermissions က ပြပေးမည် ဖြစ်သည်။ ထိုအခါ မည်သည့် အပလီကေးရှင်းကို မည်မျှထိ ယူငင် သုံးစွဲခွင့်ပေးမည်ကို MyPermissions မှ တစ်ဆင့် သတ်မှတ်ပေးနိုင်သည်။ ကိုယ်ရေး အချက်အလက်များကို ၀င်ရောက် ကြည့်ရှုခွင့်မပေးလိုသော အပလီကေးရှင်းများ ကိုလည်း ပိတ်လိုက ပိတ်ပစ်နိုင်မည်ဖြစ်သည်။ www.mypermis-sions.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
၅။ ကြော်ငြာတွေ မျက်စိနောက်ရင် 
ဝက်ဘ်ဆိုက်များမှာ သာမက ဖုန်းအပလီကေးရှင်း များမှာပါ ကြော်ငြာများ ပါလာ နေပြီ။ ကြော်ငြာများသည် မျက်စိ လည်း နောက်သလို ကိုယ်ရေး အချက်အလက် လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိသည်။ ကြော်ငြာများသည် သုံးစွဲသူ တစ်ဦးချင်းစီ၏ အင်တာနက် အသုံးပြုမှု ရာဇ၀င်ကို မှတ်တမ်း တင်နိုင်စွမ်းရှိ သလို၊ တည်နေရာ အပါအ၀င် အမျိုးမျိုးသော ပုဂ်္ဂိုလ်ရေး အချက်အလက်များကိုပါ မှတ်တမ်းတင်နိုင်စွမ်း ရှိရာ ပုဂ်္ဂိုလ်ရေး လွတ်လပ်ခွင့် ကိုပါ ထိပါး လာနိုင်သည်။ ထိုပြဿနာကို Adblock Plus က ဖြေရှင်းပေး နိုင်စွမ်းရှိသည်။ ကွန်ပျူတာမှာရော စမတ်ဖုန်းမှာပါ အင်တာနက် သုံးရင်း၊ အပလီကေးရှင်းများ သုံးရင်း တက်လာနေသည့် ကြော်ငြာများ လုံးဝတက်မလာတော့အောင် Adblock Plus က ကူညီပေးနိုင်သည်။ www.adblo-ckplus.org တွင် အသေးစိတ် ၀င်ရောက် ကြည့်ရှုနိုင်သည်။
Password အတို အရှည်က စကားပြောသည် 
ဟက်ကာများသည် အလိုလျောက် Password ဖြည့်သွင်းသည့် ဆော့ဖ်ဝဲများ သုံးကာ ၀က်ဘ်ဆိုက်များ၊ အပလီကေးရှင်း များသို့ ၀င်ရောက် ကြသည်။ သို့ဖြစ်ရာ Password က အလုံးများလေ၊ အမျိုးစုံလေ Password အမှန်ရအောင် ထည့်ဖို့ ဟက်ကာ ဆော့ဖ်ဝဲတွေ အချိန်ပိုယူရလေ ဖြစ်သည်။ ကိုယ့် Password က ရှည်လေ၊ ရှုပ်ထွေးလေ လုံခြုံလေဟု ယေဘုယျ မှတ်ယူနိုင်သည်။ Password အတိုအရှည်ကို လိုက်ပြီး ဟက်ကာ ဆော့ဖ်ဝဲတွေ ဖောက်ဖို့ယူရသည့် အချိန်ကို အောက်တွင် နှိုင်းယှဉ်ဖော်ပြပါမည်။
စာလုံး (၆) လုံးပါ Password ကို ဖောက်ဖို့ (၂ ) စက္ကန့်သာ အချိန်ယူရသည်။
စာလုံး (၈) လုံး = (၅ ဒသမ ၅) နာရီ
စာလုံး (၁၀) လုံး = (၅ ဒသမ ၄) နှစ်
စာလုံး (၁၂) လုံး = နှစ်ပေါင်း (၄၈၀၀၀)
စာလုံး (၂၀) = နှစ်ပေါင်း (၃၂၄) ဘီလီယံ
(Source: Choice magazine Mar/Apr 2014)
Ref: 5 online privacy tools you should use (rdasia.com)
 
 
 

No comments:

Post a Comment