Tuesday, October 11, 2016

တစ်ပတ်အတွင်း လူကြိုက်အများဆုံး Android Apps များ



ကမ္ဘာပေါ်မှာ Android User တွေ များပြားတဲ့အလျောက် Google ရဲ့ Playstore ပေါ်မှာ App အသစ်တွေဟာလည်း အချိန်နဲ့ အမျှထွက်ရှိလို့နေပါတယ် ။ App Developer တွေအနေနဲ့ ထွက်ရှိထားပြီးသား App တွေကိုလည်း User တွေ မရိုးအီစေဖို့အတွက် Feature အသစ်တွေပေါင်းထည့်ကာ Update Version တွေ ထုတ်လုပ်ပေးလျက်ရှိ ပါတယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ နောက်ဆုံး Update ထွက်ရှိထားတဲ့ App တွေထဲမှာ User တွေစိတ်ကျေနပ်မှုရခဲ့ပြီး  နိုင်ငံတကာမှာလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ App အချို့ကို Download Link တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ် ။

dan-the-man-iconDan The Man ( Free, 53 MB)

unnamsfsdfed
Fruit Ninja နဲ့ Jackpack Joyride တို့ကို ဖန်တီးခဲ့တဲ့ Halfbrick studios ရဲ့ လက်ရာအသစ်တစ်ခုဖြစ်တဲ့ အလျောက် စထွက်ကတည်းက လူကြိုက်များခဲ့တဲ့ Game အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ Action Game အမျိုးအစားဖြစ်ပြီး ချစ်စဖွယ် ရုပ်ထွက်ဒီဇိုင်းပုံစံက သင့်ကို ငယ်ဘဝပြန်ရောက်သွားသလိုခံစားစေမှာ ဖြစ်ပါတယ် ။ ငယ်ငယ်က Nitendo မှာကစားဖူးတဲ့ Mario နဲ့ PS1 နဲ့ PS2 မှာကစားဖူးတဲ့ Metal Slug (ရမ်ဘိုဂျပု) လိုမျိုး ဇာတ်လမ်းသွား ဂိမ်းတွေကို တစ်စုတစ်ဝေးထဲ ကစားရသလိုမျိုး နောက်ခံ Background မျိုးစုံနဲ့ Mission မျိုးစုံပါဝင်ပါတယ် ။ Mobile Game လောကထဲမှာတော့ Style အသစ်နဲ့ ထွက်ရှိလာတဲ့ ဂိမ်းလို့ပြောလို့ရပြီး Story Mode , Endless Survival Mode နဲ့ Battle Mode တို့ပါဝင်ပါတယ် ။ အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။

Download Dan The Man Here

ivy-iconIvy ( Free, 2.2 MB)

ivy-screenshot
Size သေးသေးလေးနဲ့ အသုံးဝင်မယ့် App တစ်ခုရမယ်ဆိုရင် သင်ဝမ်းမသာဘူးလား ။ Ivy က သင့်ဖုန်း အတွက် အကောင်းဆုံး quick access ပေးနိုင်မယ့် Slidebar App တစ်ခုဖြစ်ပါတယ် ။ Gmail, Facebook, Camera, Browser အစရှိတဲ့ သင့်အတွက် အသုံးဝင်မယ့် ၊ အသုံးများတဲ့ App တွေကို Slidebar ထဲထည့် ထားပြီး Quick Access ရရှိမှာဖြစ်တဲ့အပြင် ၄င်းမှာပါဝင်တဲ့ Quick Panel က App တွေကြားမှာ အကောင်းဆုံး အဆင်အပြေဆုံးနဲ့ အမြန်ဆန်ဆုံးဖြစ်အောင် စွမ်းဆောင်ပေးပါတယ် ။ Home Screen အထိပြန်သွားစရာ မလိုဘဲ Widget တွေကနေရတဲ့ information တွေကို သိရှိနိုင်မှာလည်းဖြစ်ပါတယ် ။ အောက်က Link မှာ အခမဲ့ရယူနိုင်ပါတယ် ။

Download Ivy Here

giphy-cam-iconGiphy Cam ( Free, 74 MB)

giphy-cam-screenshot
Facebook နဲ့ အခြားသော Social Media တွေမှာ GiFs video လေးတွေ ခေတ်စားလာတဲ့အလျောက် Mobile User တွေဟာ GiFs တွေကို ကိုယ့်စိတ်ကြိုက် ဖန်တီးချင်စိတ်တွေ ဖြစ်လာကြပါတယ် ။ အဲ့ဒီအတွက် ကိုယ့်စိတ်ကြိုက် Video တွေကို ထည့်သွင်းပြီး GiFs ပြုလုပ်လို့ရတဲ့ Website တွေ ၊ Apps တွေ အမြောက်အများ ထွက်ပေါ်လာခဲ့ပါတယ် ။ Giphy Cam ကတော့ အကောင်းဆုံးတစ်ခုလို့ ဆိုရမှာပါပဲ ။ GiFs တွေကို ဖန်တီးပြီး Filter တွေနဲ့ Special Fx တွေထပ်ထည့်လို့ရပါတယ် ။ Sticker တွေ ၊ စာသားတွေ နဲ့ Frame တွေ အစရှိတဲ့ Accessories တွေထပ်မံထည့်သွင်းလို့ရတဲ့အပြင် Facebook , Instagram နဲ့ Twitter တို့လို Social Media တွေပေါ်ကို တိုက်ရိုက် Share လို့ရတဲ့အတွက်လည်း စိတ်ကျေနပ်စရာကောင်းပါတယ် ။  အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။

Download Giphy Cam Here

Ref : AndroidAuthority
CR : Digitaltimes.com.mm/

No comments:

Post a Comment