Friday, October 7, 2016

Telenor ဆင်းကတ် မှတ်ပုံတင်ပြုလုပ်နည်း



တယ်လီနောဆင်းကတ်တွေကို https://ecaf.telenor.com.mm/ ဝက်ဘ်ဆိုက် ကတစ်ဆင့် 
 
အလွယ်တကူ အခက်အခဲမရှိ မှတ်ပုံတင်နိုင်အောင် မှတ်ပုံတင်ရာမှာ ပြုလုပ်ရမယ့် 
 
အဆင့်တွေကို ဖော်ပြလိုက်ပါတယ်။ ဝက်ဘ်ဆိုက်ကနေ ဆင်းကတ်တွေ မှတ်ပုံတင်ခြင်းကို 
 
မိမိကိုယ်တိုင်အတွက်သာမက မိသားစုဝင်တွေ မိတ်ဆွေ သူငယ်ချင်းတွေအတွက်လည်း လိုအပ်တဲ့ 
 
အထောက်အထားတွေ ပြည့်စုံမယ်ဆိုရင် ကိုယ်စား ဆောင်ရွက်ပေးနိုင်တယ် ဆိုတာကိုလည်း 
 
အသိပေးလိုက်ပါတယ်။ 
 
မိမိကိုယ်တိုင်အတွက် ဖြစ်ဖြစ် ကိုယ်စားဖြစ်ဖြစ် မှတ်ပုံတင်လိုတဲ့ ဖုန်းနံပတ်ကို SMS အ၀င် လက်ခံနိုင်ဖို့
 
 အဆင်သင့်ထားရှိဖို့လိုပါတယ်။ SMS ကတစ်ဆင့် ပေးပို့လိုက်တဲ့ verification code ကို 
 
အသုံးပြုပြီးမှသာ မှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

#Telenor Myanmar


No comments:

Post a Comment