Tuesday, October 4, 2016

♪ “Samsung Galaxy J7 Prime” ♫



ပြီးခဲ့တဲ့ ရက်အနည်းငယ်က အိန္ဒိယနိုင်ငံမှာမိတ်ဆက်ကြေညာသွားခဲ့တဲ့ Samsung Galaxy J7 Prime ဟာ Galaxy J7, Galaxy J7(2016) တို့ထက် အရည်အသွေးပိုင်းမှာ ပိုမိုအဆင့်မြှင့်တင်ထားတာကိုတွေ့ ရပြီး၊ ဈေးနှုန်းက လည်း အားလုံးထက် ပိုမိုမြင့်မားမှုရှိပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး LTE networks ကိုတစ်ပြိုင်နက်တည်း ထည့်သွင်း သုံးစွဲနိုင်ပါတယ်။

IPS LCD capacitive touchscreen အမျိုးအစားနဲ့ပြုလုပ် ပေးထားပြီး မျက်နှာပြင်အကျယ်က 5.5 inch ကျယ်ပါတယ်။ မြင်ကွင်းတွေကို ပြသပေးနိုင်တဲ့ စွမ်းအားက 1080x1920 pixels ပမာဏရှိပြီး ၁လက်မအရွယ် အစား အရဆိုရင် ~401ppi pixels ပမာဏသိပ်သည်းဆကို ပေးစွမ်းနိုင်ပါ တယ်။

မျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass 4 နဲ့ ဖုံးအုပ် ကာကွယ်ပေးထားပြီး လက်ချောင်းတစ်ချောင်းထက် ပိုမိုကာတစ်ပြိုင်နက် တည်းထိန်းချုပ်နိုင်တဲ့ Multitouch စနစ်ကိုလည်း ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ အနောက်ကင်မရာက 13MP resolution ကိုထောက်ပံ့ပေး နိုင်ပြီး 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးပေး နိုင်ပါ တယ်။ Selfie ဓာတ်ပုံကောင်းတွေကိုရိုက်ယူဖို့အတွက် အရှေ့ကင်မရာတွင် 8MP ပါရှိပါတယ်။

Internal Memory 32GB ပါရှိတဲ့အပြင် Micro SD Card ကို 256 GB အထိ ထပ်မံစိုက် ထည့်သုံးနိုင်ပါတယ်။ ယာယီမှတ်သားထားပေးနိုင်စွမ်း RAM ကတော့ 3GB ထည့်သွင်းပေးထားပါတယ်။ အတွင်းမှာ Exynos 7870 Octa ဆိုတဲ့ Chipset အမျီုးအစားကိုအသုံးပြုထားတာတွေ့ရပြီး ဘက်ထရီစွမ်းအား ပိုင်းမှာ non-removable Li-Ion 3300mAh ဘက်ထရီကိုထောက်ပံ့ပေးထား တာကြောင့် ဖုန်းအားအပြည့်သွင်းထားရင် ၂၁နာရီခန့်ဖုန်းပြောဆိုမှုပြုလုပ်နိုင် ပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - Octa-core 1.6GHz Cortex-A53
Memory - 32 GB (up to 256 GB)
OS - Android OS, v6.0.1 (Marshmallow)
Bluetooth - v4.2, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment