Tuesday, October 4, 2016

Bluetooth Devices များနှင့် ချိတ်မရသည့် iPhone 7 နှင့် iPhone 7 Plus တို့ ကို ပြင်နည်း







iPhone သစ်တစ်လုံး စပြီးကိုင်ရင် ကျွန်တော် ပထမဆုံးလုပ်တာက အကြိုက်ဆုံး Bluetooth ပစ္စည်းတွေနဲ့ ချိတ်ကြည့်တာပါပဲ။
ကျွန်တော့်ရဲ့ အိုင်ဖုန်းကို Apple Watch နဲ့ ချိတ်ပြီး Bluetooth ချိတ်သုံးပါတယ်။ လမ်းလျှောက်စက်ပေါ်ပြေးရင်း Jabra Wireless Headphones နှင့် ကားမောင်းရင်း အကြိုက်ဆုံးသီချင်းကို နားထောင်ရအောင် ကားရဲ့ audio system နှင့် ချိတ်ပြီး သုံးသလို ရေချိုးနေတုန်းမှာလည်း ကျွန်တော့်ရဲ့ Bose Bluetooth speakers များနှင့် ချိတ်ဆက်သုံးပါတယ် ။
ဒါပေမယ့်လည်း Wi-Fi နှင့် မတူတာက Bluetooth က သိပ်ပြီး စိတ်ချလို့ မရပါဘူး။ တကယ်လို့  သင့်ရဲ့ အိုင်ဖုန်းက ကိုယ့်အကြိုက် Bluetooth နဲ့ မကိုက်ညီလို့ ချိတ်လို့ မရဘူးဆိုရင် ပြဿနာပါပဲ။
Car audio system ၊ Apple Watch ၊ Bluetooth Speakers ၊ Bluetooth headphones လိုမျိုး Bluetooth တွေနဲ့ ကိုယ့်ရဲ့ iPhone 7 တို့ iPhone 7 Plus တို့ နဲ့ အလုပ်မဖြစ်ဘူးဆိုရင် စမ်းကြည့်လို့ ရတဲ့ အခြေခံဖြေရှင်းနည်းတစ်ချို့ ရှိပါတယ်။
            Bluetooth ကို တစ်ခြား ပစ္စည်းတစ်ခုခုနဲ့ စမ်းကြည့်ပါ။
ပထမဆုံးအဆင့်က ကိုယ့်ရဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်မှာ ပြဿနာရှိ မရှိ ကြည့်ပြီး မရှိရင် ကိုယ်ချိတ်ဖို့ ကြိုးစားနေတဲ့ Bluetooth ကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ Mac ၊ PC နှင့် တစ်ခြား ပစ္စည်းတွေနဲ့ ချိတ်ပြီး အလုပ်ဖြစ်မဖြစ် ကြည့်လိုက်ပါ။
            iPhone 7 နှင့် iPhone 7 Plus တို့ မှာ Bluetooth ချိတ်ဆက်မှုပြဿနာများ ဖြေရှင်းနည်း
တကယ်လို့ iPhone 7 မှာ ပြဿနာရှိနေတယ် တွေ့ ရရင် ဖြေရှင်းနည်း တစ်ချို့ ရှိပါတယ်။
            Bluetooth ကို ပိတ်ပြီး Reboot ပြန်တင်ကြည့်ပါ။
ပထမဆုံးစမ်းကြည့်ရမှာက ကိုယ့်ရဲ့ Bluetooth ကို ပိတ်ပြီး ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပက်တို့ ကို ပြန်ပြီး restart လုပ်ရမှာပါ။
  • Control Center ကနေ Bluetooth ပိတ်ပါ ။ ဒါမှမဟုတ် Settings > Bluetooth သွားပြီး ပိတ်လို့ ရပါတယ်။
  • Apple လိုဂိုကို တွေ့ သည်အထိ Home button နဲ့ ပါဝါခလုတ်ကို ဖိထားပြီး အိုင်ဖုန်းကို ပြန်ပြီး reboot တင်ကြည့်ပါ။
  • အခု Control Center ကနေ Bluetooth ကို ပြန်ဖွင့်ပါ။ ဒါမှမဟုတ် Settings > Bluetooth သွားဖွင့်ပါ။
ဖုန်းနဲ့ ပြန်ချိတ်ဖို့ ကြိုးစားကြည့်ပါ။ တကယ်လို့ ပြဿနာက ရှင်းမရသေးဘူးဆိုရင် နောက်တစ်မျိုးနဲ့ ရှင်းကြည့်ပါ။
Forget Device
            တကယ်လို့ အခုပြောခဲ့တဲ့နည်းက အဆင်မပြေဘူးဆိုရင် Settings ကနေ ကိုယ်နဲ့ ချိတ်ဆက်ထားတဲ့ စက်ကို မေ့ဖို့ ကြိုးစားကြည့်နိုင်ပါတယ်။
  • Settings ဖွင့်ပြီး Bluetooth ကို သွားပါ။
  • ကိုယ်ချိတ်ဖို့ ပြဿနာတွေ့ နေတဲ့ device name က I ဆိုတဲ့ icon ပေါ် နှိပ်ပါ။
  • Forget This Device ကိုနှိပ်ပြီး ကိုယ်လုပ်ချင်တဲ့အကြောင်း အတည်ပြုပါ။
  • အခု ဒီ device နဲ့ ကိုယ့်ရဲ့ အိုင်ဖုန်းတို့ အိုင်ပက်တို့ နဲ့ ပြန်ချိတ်ကြည့်ပါ။ ပြဿနာရှင်းသွားပြီ ဆိုတာ တွေ့ ရမှာပါ။
Network Settings ကို Reset ချခြင်း
အပေါ်က နှစ်နည်းနဲ့ အလုပ်မဖြစ်ရင် ကိုယ့်ရဲ့ network settings ကို ပြန်ပြီး reset ချကြည့်ပါ။ ဒီလို လုပ်တဲ့အခါ တစ်ခုရှိတာက ကိုယ့်ရဲ့ wi-fi settings အားလုံးကို ရှင်းထားဖို့ လိုပါတယ်။ ဒီတော့ wi-fi networks တွေကို ပြန်ချိပြီး VPN အားလုံးကို နောက်တစ်ခါ ပြန်ပြီး configure လုပ်ပေးဖို့ ရှိပါတယ်။
network Settings ကို reset လုပ်နည်းကတော့ –
  • Settings ဖွင့်ပြီး General > Reset ကို သွားပါ။
  • Reset Network Settings ကို နှိပ်ပါ။
  • passcode ဝင်ဖို့ လိုပါလိမ့်မယ်။
  • ပေါ်လာတဲ့ popup မှာ ကိုယ်လုပ်ချင်တဲ့ အကြောင်း အတည်ပြုပါ။
သင့်ရဲ့ iOS device ဟာ ပြန်ပြီ reboot လုပ်ပါလိမ့်မယ်။ စပြီဆိုတာနဲ့ bluetooth နဲ့ သွားပြီး ချိတ်ပါလိမ့်မယ်။ တကယ်လို့  ဒါမှ အဆင်မပြေသေးရင် နောက်တစ်ဆင့် သွားရမှာပါ။
BMW နှင့် Android Wear
BMW ကားပိုင်ရှင်တွေကတော့ iPhone 7 နှင့် Bluetooth ချိတ်ဆက်ရာမှာ ပြဿနာရှိကြောင်း သိရပါတယ်။ iPhone 7 ဟာ တစ်ခြား Android Wear watches တွေ ဖြစ်တဲ့ Moto 360 (2015) ၊ Tag Heuer Connected ၊ ASUS ZenWatch ၊ the Fossil Q Founder နှင့် Michael Kors Access တွေနဲ့ ချိတ်ဆက်ရာမှာ ပြဿနာ ရှိကြောင်း တွေ့ ရပါတယ်။ BMW နှင့် Google တို့ က ဒီပြဿနာကို အသိအမှတ်ပြုပြီး ဖြစ်လို့ မကြာခင်မှာ ဒီပြဿနာကို ဖြေရှင်းပြီး ဖြစ်မှာပါ။ BMW နဲ့ Bluetooth ချိတ်ဆက်ရာမှာ ပြဿနာ ရှင်းနည်းတစ်ခုကို Steven Heisenberg ကနေ ပြန်ပြီး ဝေမျှလိုက်ပါတယ်။
  1. အိုင်ဖုန်းမှာရှိတဲ့ BMW Bluetooth ချိတ်ဆက်မှုကို ဖျက်ပစ်ပါ။
  2. BMW ကနေ အိုင်ဖုန်း Bluetooth ချိတ်ဆက်မှုကို ဖျက်ပစ်ပါ။
  3. နှစ်ခုလုံးကို Resync ပြန်ညှိကြည့်ပါ။ ဒါဆို တူညီတဲ့ပြဿနာတွေ ရှိကြောင်း တွေ့ ဖို့ ရှိပါတယ်။
  4. USB/Bluetooth/AUX ချိတ်ဆက်မှုပုံစံတွေ ပြတဲ့ screen မှာ Connections ကို ရွေးပေးပါ။
  5. Connected အောက်မှာ ကိုယ့်ဖုန်းကို တွေ့ ရမှာပါ။
  6. iDrive ခလုတ်ကို နှိပ်ပါ။
  7. Audio ကို မရွေးဘဲ ရွေးထားတဲ့ Telephone ကို ဖြုတ်လိုက်ပါ။ OK ကိုရွေးပါ။
  8. အိုင်ဖုန်းနဲ့ မချိတ်မိဘဲ source လည်း ပြောင်းလဲသွားမှာပါ။
  9. အရင် screen ကို ပြန်ဝင်ပြီး Audio ကို ရွေးချယ်ပါ။ OK ပေးလိုက်ပါ။
  10. Bluetooth audio ပြန်ပြီး အလုပ်ဖြစ်တာ တွေ့ ရမှာ ဖြစ်ပါတယ်။
အသစ်စက်စက် အိုင်ဖုန်းလို Restore လုပ်ပြီး Setup တင်ပါ။
ဒါဟာ စံပြမဟုတ်ပေမယ့် အပေါ်က နည်းတွေ တစ်ခုမှ အလုပ်မဖြစ်ဘူးဆိုရင် နောက်ဆုံးလုပ်စရာက iTunes ကနေ တစ်ဆင့် ကိုယ့်ရဲ့ အိုင်ဖုန်းတို့ အိုင်ပက်တို့ ကို အသစ်လို ပြန်ဖြစ်အောင် ပြန်ပြီး restore ထားပြီး set up ထားကြည့်ပါ။ ဒီနည်းအားဖြင့် ဖုန်းကို အသစ်လို ပြန်ဖြစ်စေပြီး ပြဿနာဖြစ်တဲ့ ဆက်တင်ပိုင်းနဲ့  customization ပိုင်းကို ဖယ်ရှားနိုင်ပါတယ်။ iTunes ကနေ iOS ရဲ့ နောက်ဆုံးထွက်ဗားရှင်းအသစ်ကို ရဖို့ အောက်ပါ လင့်ခ်ထဲက ပို့ စ်ထဲမှာပြောထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြည့်ပါ။




အောက်တိုဘာလ ၁၀ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးတန်းခွဲသစ်များဖွင့်လှစ်ပါမည် ။ တက်ရောက်လိုသူများ ဖုန်းနံပါတ် 0991033134 , 09797248488 သို့ဆက်သွယ်စာရင်းပေးနိုင်ပါပြီ ။

           
 Apple Store တစ်ခုဆီ သွားကြည့်ပါ။


ဒီအဆင့်အားလုံးကို လုပ်ဆောင်နေရင်တောင်မှ သင့်မှာ ပြဿနာတွေ ရှိနေသေးတယ်ဆိုရင် အနီးဆုံး Apple Store ကိုသာသွားပြီးပြသင့်နေပါပြီ။




Warmly Welcome
Ko Htoo ( MMAS )














No comments:

Post a Comment