လူအများစုက သူတို့ရဲ့ Android Device ကို အကောင်းဆုံး အသုံးချဖို့ အတွက် ဖုန်းကို Root လုပ်ထားဖို့လိုတယ်လို့ ထင်ကြပါတယ်။ Root လုပ်ခြင်းဟာ အမှန်တကယ်လည်း ဖုန်းမှာ စွမ်းဆောင်ချက်များစွာကို တိုးပွားစေပါတယ်။ ဒါပေမယ့် Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများအတွက်လည်း အစွမ်းကုန် အသုံးချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။

၁။ သင့်ဖုန်းကို အဝေးကနေ Lock လုပ်ပါ။
သင့်ဖုန်း ပျောက်ဆုံးသွားရင် သင့်ဖုန်းထဲမှ အရေးကြီး ဒေတာများကို အခြားလူများ သိရှိသွားမှာ စိုးရိမ်စရာပါ။ ပျောက်သွားတဲ့ သင့်ဖုန်းကို အဝေးကနေ Lock လုပ်နိုင်တယ်ဆိုရင် သင်အံ့သြသွားမလား ? Google က ဒီလိုလုပ်နိုင်ဖို့ Android Device Manager App ကို ဖန်တီးပေးထားပါတယ်။ အဝေးကနေ ဖုန်းကို Lock လုပ်နိုင်တဲ့အပြင် ဖုန်းရဲ့ တည်နေရာကို ရှာခြင်း၊ ဒေတာများကို ဖျက်ဆီးခြင်းများကိုတောင် ပြုလုပ်နိုင်ပါတယ်။ Android Device Manager ကို အောက်ပါ Link ကနေ ရယူပါ။

https://goo.gl/Sl0tA2

1

၂။ အလိုအလျှောက် Unlock လုပ်ပါ။
သင့်အိမ် ၊ သင့်ရုံးမှာ ရှိနေစဉ်မှာ ဖုန်းကို Unlock လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ဒီလို စိတ်ချရတဲ့ နေရာမျိုးမှာ ဖုန်းကို အလိုအလျှောက် Unlock လုပ်ပေးနိုင်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ Google က Android Marshmallow မှာ Smart Lock စွမ်းဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Smart Lock ကို အသုံးပြုရမယ့် နေရာကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး တူညီမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Settings> Security ကဏ္ဍမှာပဲ ရှိမှာပါ။ Security ထဲမှ Smart Lock ထဲသွားပါ။ Trusted places ကို နှိပ်ပါ။ ပြီးရင် သင့်အိမ် ၊ သင့်ရုံးတို့လို စိတ်ချရတဲ့ တည်နေရာများကို သတ်မှတ်ပေးပါ။ ဒါဆိုရင် အဲဒီတည်နေရာများ ရှိနေချိန်များမှာ ဖုန်းကို အလိုအလျှောက် Unlock လုပ်ပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖုန်းကို Lock လုပ်ထားမှာ မဟုတ်ပါဘူး။

2

၃။ ဖုန်းပြောဆိုမှုများကို အသံဖမ်းပါ။
အလုပ်ကိစ္စအတွက် ဖုန်းပြောဆိုနေကြသူများအတွက် ဖုန်းပြောဆိုမှုများကို အသံဖမ်းဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ Call Recorder အများစုက သင့်ဖုန်းကို Root လုပ်ထားမှ သုံးနိုင်ပါတယ်။ Automatic Call Recorder ကတော့ သင့်ဖုန်းကို Root လုပ်စရာမလိုဘဲ သုံးနိုင်ပါတယ်။ သင့်ဖုန်းထုတ်လုပ်သူက Call Recording ကို ပိတ်ပင်ထားကောင်း ထားနိုင်ပါတယ်။ ဒါပေမယ့် Automatic Call Recorder က ဒီလိုပိတ်ပင်ထားမှုများကို ကျော်လွှားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ Automatic Call Recorder ကို အောက်ပါ Link မှာ ရယူပါ။

https://goo.gl/YCcIoC

3

၎။ LED Flash ကို နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာ အဖြစ် သုံးပါ။
သင့်ဖုန်းကို Root လုပ်စရာမလိုဘဲ သုံးနိုင်တဲ့ အစွမ်းထက် App တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Instant Heart Rate ဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာက သွေးစီးဆင်းတဲ့ ပမာဏကို တိုင်းတာဖို့ သင့် အရေပြားအောက်မှ အရောင်ပြောင်းလဲမှုကို အလင်းရောင်ဖြင့် စစ်ဆေးတာ ဖြစ်ပါတယ်။ သင့် လက်ချောင်းထိပ်ကို ဖုန်းရဲ့ LED Flash ပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ Instant Heart Rate ကို အောက်ပါ Link မှာ ရယူပါ။

https://goo.gl/5gtYpj

4

၅။ သင့်ဖုန်းခလုတ်များကို App Shortcuts များအဖြစ် သုံးပါ။
သင် နေ့စဉ် သုံးလေ့ရှိတဲ့ App များကို Home Screen မှာ လိုက်ရှာရတာ အလုပ်ရှုပ်ပါတယ်။ ဖုန်းခလုတ်များကို နှိပ်ပြီး App များကို လျှင်မြန်စွာ ဖွင့်နိုင်ရင် အဆင်ပြေပါတယ်။ ဒီလိုလုပ်ပေးနိုင်တာက Home2 Shortcut ဖြစ်ပါတယ်။ ဥပမာအားဖြင့် လျှပ်တစ်ပြက် ဓါတ်ပုံရိုက်ဖို့အတွက် Camera App ကို ဖွင့်ဖို့ Home Button + Home Button စတဲ့ ခလုတ် အတွဲအစပ်ကို သတ်မှတ်ထားနိုင်ပါတယ်။ ဖိုင်မန်နေဂျာကို ဖွင့်ဖို့ Home Button + Back Button ကို သတ်မှတ်ထားနိုင်ပါတယ်။ Home2 Shortcut ကို အောက်ပါ Link မှာ ရယူပါ။

https://goo.gl/itmMKr

5