Thursday, December 29, 2016

Samsung ဖုန်းများကို Sim Unlock ပြုလုပ်နည်း [Official Way] 100%


Samsung ဖုန်းများတွင် Sim Unlock စနစ်ပါဝင်နေတာမို့ ကျနော်ပြုလုပ်ဖူးတဲ့ ဒီနည်းလမ်းလေးကို
လိုအပ်မယ်ထင်လို့ လေ့လာလို့ရအောင် အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 ကျနော်ပြုလုပ်ဖူးတဲ့ ဖုန်းကတော့ Galaxy S6 Edge+ ဖုန်းဖြစ်ပါတယ်

သူငယ်ချင်းတစ်ယောက်မှာ သူ့အစ်ကို နော်ဝေး ကထည့်ပေးလိုက်တဲ့ဖုန်းပါ


ဒီရောက်တော့ Sim Card ထည့်လိုက်ရင် "SIM Network Unlock PIN" ဆိုပြီး
 ပေါ်နေတယ် ဘာမှဆက်လုပ်လို့မရတော့ဘူး ဒီလိုနဲ့ ကျနော်ဆီရောက်လာခဲ့တယ်

ဒီဖုန်းကို Unlock လုပ်ပေးလိုက်တာတော့ကြာခဲ့ပါပြီ အဲဒီဖုန်းက ဒီပိုစ့်ကို ရေးဖို့
လုပ်ပါသေးတယ် နောက်မှရေးတော့မှာပါလေနဲ့ အခုတော့ တစ်နှစ်တောင်ပြည့်တော့မယ်

 Gmail ကို စစ်ကြည့်ရင်းပြန်တွေ့မိလို့ ပြီးတော့ Samsung Device အတွက်
စာအုပ်လေးတစ်အုပ် ရေးနေရင်း လိုအပ်တဲ့ အခန်း ကဏ္ဍရောက်လာလို့ ဒီပိုစ့်ကို
အခုမှပဲရေးဖြစ်တော့တယ်၊ အားလုံးအတွက် အသုံးတည့်မယ်လို့ယုံကြည်ပါတယ်။
SIM Network Unlock PIN ဆိုတာ
====================
တကယ်တော့ Sim Unlock ဆိုတာ PIN တစ်မျိုးပါပဲ specific carrier လို့ခေါ်တဲ့
Mobile device ကို manufacturer များမှ လုံခြုံရေးအတွက် Lock ချပေးထားတာဖြစ်ပါတယ်။

သူ့ရဲ့ သဘောတရားက Network service ပိုင်းအတွက် Protect လုပ်ပေးထားတာပါ
ပြည်ပမှ ၀ယ်လာတဲ့ ဖုန်းအသစ်တစ်လုံးကို ပြည်တွင်း Sim Card ကိုထည့်လိုက်ရုံဖြင့်
ဖုန်းခေါ်ရန်အတွက် အဆင်မပြေသေးပါ Unlock ပြုလုပ်ပြီးမှ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

SIM ဆိုတာဘာလဲ?
============
SIM ဆိုတာ Subscriber Information Module ကိုပြောတာဖြစ်ပါတယ်
နိုင်ငံတစ်နိုင်ငံ၏ Service provider မှန်ကန်ကြောင်း သဘောတရားပါ။

 နည်းလမ်းနှစ်မျိုး

 ===========
ပုံမှန်အားဖြင့် Sin Unlock ပြုလုပ်ရန်အတွက် အများစုက နည်းလမ်းမျိုးကိုအသုံးပြုကြပါတယ်

၁။ Service operator များနဲ့ ချိတ်ဆက်ပြီး Unlock Codes တောင်းဆိုပြီး ပြုလုပ်နည်း

၂။ Unlock ပြုလုပ်နိုင်တဲ့ ဆော့ဝဲများဖြင့် Manual အနေဖြင့် ပြုလုပ်နည်း။


Z3x Box ကတော့ Samsung ဖုန်းတွေအတွက် Sim Unlock ပြုလုပ်ရန်အတွက် 
အသင့်တော်ဆုံး Box တစ်ခုဖြစ်မယ်ထင်ပါတယ်၊ အခြားသော Box တွေလည်းရှိဦးမှာပါ 
Z3x Box လည်း ၀ယ်ထားတာ တစ်နှစ်ကျော်ပြီး အခုချိန်ထိ တစ်လုံးမှ မစမ်းဖူးသေးဘူး 

Sim locked Device ဟုတ် မဟုတ် စစ်ဆေးနည်း
===========================
မိမိဖုန်းက Locked Device ဟုတ်မဟုတ် စစ်ဆေးကြည့်မယ်ဆိုရင်တော့
အောက်ပါ Step များအတိုင်း ပြုလုပ်ပြီး စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။

၁။ SIM တစ်ခုထည့်ပြီး ဖုန်းခေါ်ကြည့်ပါ။

၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။

၃။ ထည့်ထားတဲ့ Sim Card ကိုထုတ်လိုက်ပါ။

၎။ Activate Sim Card (အသုံးပြုနေတဲ့ ဆင်း) ကိုထည့်ကြည့်လိုက်ပါ။

၅။ "SIM Network Unlock PIN" ဆိုပြီး ပေါ်လာခဲ့ရင်တော့ သေချာတယ်
သင့်ဖုန်းက Locked Device တစ်လုံးဖြစ်ပါတယ် Sim Unlock လုပ်ပေးရမှာပါ။


ကြိုတင်ပြင်ဆင်ထားရမယ့်အချက်များ
====================
၁။ မိမိဖုန်းက Locked Device ဟုတ်မဟုတ် သေချာအောင်လုပ်ပါ။

၂။ ဖုန်းရဲ့ ဗားရှင်းက Android Jellybean 4.1 နဲ့အထက်ဖြစ်နေရပါမည်။
 Method တိုင်းတွင် Requirements ဆိုတာ သို့တည်းမဟုတ် Team of policy စနစ်ကတော့
ပါစမြဲပေါ့ there is nothing free in the world ဆိုသလို ပေးဆပ်မှုမရှိပဲ လယ်လွင့်တကူ
ရရှိနိုင်တဲ့အရာဆိုတာ မရှိသလောက်ပါပဲ။


လိုအပ်ချက်များ
=========
၁။ Visa Card (PayPal)

၂။ Gmail Account

၃။ Read the instruction


 Visa Card ဆိုရာတွင် Credit Card & Debit Card မျိုးကိုပြောတာဖြစ်ပါတယ်၊
Online Shopping လုပ်ထားမှ အွန်လိုင်းတွင် ဈေးဝယ်လို့ရမှာဖြစ်ပါတယ်။

ဒီပိုစ့်ကို ရေးမယ်လုပ်ထားပြီးမှ မေ့နေခဲ့လို့ အခုဆိုရင် တစ်နှစ်တောင်ပြည့်တော့မယ် သတိရတုန်း
မရေးခဲ့လို့ အခုရေးမယ်လုပ်တော့ Step by step ကိုမေ့တောင်နေပြီ မှတ်မိသလောက် ရေးလိုက်ပါတယ်။


Step by Step ဖြင့် ပြုလုပ်ရန်
================
Sim Unlock ပြုလုပ်ရန်အတွက် Step လေးခုဖြင့် အောက်ပါအတိုင်းပြုလုပ်ပေးရမှာပါ


၁။ ပထမဆုံး step ကမိမိဖုန်းအမျိုးအစားကို ရွေးချယ်ပေးရမှာပါ။

၂။ ဒုတိယ Step ကတော့ IMEI နံပါတ်နဲ့ မိမိနိုင်ငံ Provide ကို ရွေးချယ်ပေးရမှာပါ၊

၃။ တတိယ Step က Payment စနစ်ပါ ပိုက်ဆံ ပေးချယ်ရမယ့် နေရာပါ။

၎။ စတုတ္ထ Step ကတော့ Confirmation ပိုင်း အတည်ပြုပြီး Confirm လုပ်ပေးရမယ့်နေရာပါ။


 ပထမဆုံး အောက်ပါလင့်ကို သွားလိုက်ပါ။


http://www.cellunlocker.net/


Unlock your device ရဲ့အောက် Samsung ဆိုသည့်နေရာကိုနှိပ်ပါ


၁။ Select your Samsung device : နေရာတွင် မိမိဖုန်း Model No ကိုထည့်ပါ။

၂။ Network your Samsung is locked to : နေရာတွင် ဖုန်း Sim အမျိုးအစားကိုထည့်ပါ။

၃။ IMEI : နေရာတွင် မိမိဖုန်း၏ IMEI နံပါတ်ကိုထည့်ပေးရမှာပါ၊ IMEI နံပါတ် (၁) ကိုထည့်ပါ။

ပြီးရင် Lock for Code ဆိုတာကိုနှိပ်ပါ။


IMEI ကြည့်ရန်အတွက် *#06# ဆိုပြီးရိုက်ထည့်ပြီး ကြည့်နိုင်သလို

Settings > About device > Status > IMEI ဆိုပြီးတော့လည်း ကြည့်နိုင်ပါတယ်။

အောက်ပါပုံအတိုင်း မြင်နေရရင်တော့ Sin Unlock ပြုလုပ်ရန်အတွက် ဈေးနှုန်းကို
ဖေါ်ပြပေးနေပါလိမ့်မယ်၊ ကြာမြင့်မည့် အချိန်ကိုလည်းသတ်မှတ်ပေးထားပါတယ်။



ဒါကဒီနေ့ဈေးနှုန်းပါ ကျန်ာလုပ်တုန်းကတော့ 39 USD ပေးရပါတယ်
ဘတ်နဲ့ဆိုရင်တော့ အဲဒီတုန်းက အောက်ပါအတိုင်း ပေါက်ဈေးရှိပါတယ်။

အောက်သို့ ဆင်းသွားလိုက်ပြီး လိုအပ်မယ့် Info ကို ရေးထည့်ပေးလိုက်ပါ
Email address နေရာတွင် Unlock Codes ပို့ပေးလာနိုင်မယ့် အမြဲသုံး Gmail ကိုထည့်ပါ။

ပြီးရင် Place Order ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။


ချက်ချင်းဆိုသလို Official မှ မိမိ Gmail သို့ Order ID နံပါတ်နဲ့ Mail တစ်စောင့်ပို့လာပါလိမ့်မယ်
အဲဒီ Mail ကိုဝင်ကြည့်လိုက်ပါ Order မှန်တာသေချာရင် Gmail ကိုမပြောင်းဖို့ ပြီးတော့ မိမိဖုန်း
Info ကသေချာရဲ့လားဆိုပြီး မေးလာပါလိမ့်မယ် အောက်ပါပုံများကို ကြည့်လိုက်ပါ။


နောက်တစ်ဆင့်မှာတော့ ပိုက်ဆံပေးချေရမယ့်အဆင့်ပါ ဒီအဆင့်တွင်သေချာဖို့လိုပါတယ်
မိမိမှာရှိသည့် Bank Card ကို Online Shopping Card ဖြစ်နေမှ အဆင်ပြေမှာပါ (သို့)
လုပ်ထားပြီးသား အမြဲအသုံးပြုနေတဲ့ တစ်ယောက်ယောက်ဆီမှ အကူအညီတောင်းလိုက်ပါ။

 Online Payment စနစ်
===============
Online Payment စနစ်တွင် အရေးကြီးသည့်အချက်များရှိပါသည်
အဆိုပါ အချက်များဖြင့် ပြည့်စုံနေမှ သက်ဆိုင်ရာ Unlock Code များကို
ပြည်ပ Service Operator web များမှ အဆင်ပြေပြေ၀ယ်ယူနိုင်မှာပါ။

၁။ Bank Card : နံပါတ် (ဒီဂျယ်ဒယ် ၁၆ လုံး)

၂။ ဘဏ်ကဒ် ကုန်ဆုံးမည့် နေ့ရက် ခုနှစ်

၃။ ဘက်ကဒ်ရဲ့ နောက်ကျောဘက် VC နံပါတ် (သုံးလုံး)

၎။ မိမိနေရပ်လိပ်စာနဲ့ ဖုန်းနံပါတ် အတိအကျ

၅။ ဖုန်းသို့ OTP Code ပို့ပေးလာသည့်အခါ အဲဒီ OTP Code များကို
Web တွင်ထည့်ပေးလိုက်ပြီး Sumit ဆိုတာကိုနှိပ်ပေးလိုက်ပါ။

မှတ်ချက်..။ ဘဏ်ကဒ်ကို အွန်လိုင်းဈေးဝယ်လို့ ရသည့်ကဒ်အဖြစ်ပြောင်းထားရင်တော့ ဖုန်းမှာရှိသည့်
Message နဲ့ပါ တွဲထားမှ အဆင်ပြေတာမို့ (မိမိဘဏ်ရဲ့ ငွေ အထွက် အ၀င်ကို သိရ) အဲဒီလို ချိတ်ဆက်ထား
သည့်ဖုန်းဆိုရင်တော့ အထက်ပါ အချက်အလက်များကို ဖြည့်ပေးပြီး တစ်ခုခုဝယ်သည့်အခါ ဖုန်းသို့
Message ပို့ပြီး OTP Code ကိုလှမ်းတောင်းတတ်ပါတယ်၊ အဲဒီ OTP Code များကို သက်ဆိုင်ရာ web တွင် ထည့်ပေးလိုက်မှ မိမိဘဏ်ကဒ်ထဲမှ ပိုက်ဆံကို ကျသင့်ငွေပမာဏကို ထုတ်ယူသွားမှာပဲ ဖြစ်ပါတယ်။

ကျနော့်မှာတုန်းကတော့ ကျသင့်တဲ့ ဈေးနှုန်းတွေကို သတ်မှတ်ပေးလာတယ်


Payment စနစ်အားလုံးအဆင်ပြေပြေနဲ့ ပို့ပေးလိုက်ရင်တော့ ကျသင့်ငွေပမာဏကို ဘဏ်ကဒ်ထဲမှ
ထုတ်ယူသွားပြီး Your Unlock Code has been processed! ဆိုပြီး web လင့်နဲ့တကွ အောက်ပါ
အကြောင်းအရာ လေးချက်ဖြင့် Mail တစ်စောင့်ပို့လာပါလိမ့်မယ်၊ အောက်ပါပုံတွေကို ကြည့်လိုက်ပါ။

Order ID : (မိမိဖုန်းအတွက် မှာယူထားသည့် နံပါတ်)


မိမိဖုန်း၏ IMEI နံပါတ်


မိမိဖုန်း Info 


Official Unlock Code


Unlock ပြုလုပ်နည်းလင့်



Phone Unlocking Instructions


အထက်ပါ လင့်အတိုင်းသွားလိုက်ပြီး မိမိဖုန်းကို Unlock ပြုလုပ်နည်းကိုလေ့လာနိုင်ပါတယ်


Sim Unlock ပြုလုပ်နည်း
================
Official Web တွင် ပေးထားသည့် Instructions အတိုင်း Samsung device များကို
sin unlock ပြုလုပ်နိုင်ပါတယ် အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ။

မိမိဖုန်းကို Sim Unlock ပြုလုပ်ရန်အတွက် မိမိအတွက် Official မှ တောင်းထားသည့်
 Requirements များဖြင့် ပြည့်စုံနေရပါမည် အဲဒီအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လိုအပ်ချက်များ

 ၁။ Foreign sim card (အသုံးပြုနေတဲ့ ဆင်းကဒ်မဟုတ်)
 

၂။ Official မှ ၀ယ်ထားသည့် Unlock code (digit 8)

 Unlock Code အသုံးပြုနည်း
================
မိမိဖုန်းအတွက် ရရှိလာသည့် Unlock Code များသည် အောက်ပါအတိုင်းဆိုရင်

NETWORK=12345678 SUBPROVIDER=12345678 PROVIDER=12345678
DEFREEZE=12345678 EXTRA=12345678


၁။ တကယ်လို့ သင့်ဖုန်းက Network Unlock Pin ပဲ
ဖြစ်နေခဲ့လျှင် Network code ကိုအသုံးပြုပါ။

၂။ တကယ်လို့ သင့်ဖုန်းက Service Provider Unlock Pin ဆိုရင်
Provider သို့ Sub provider codes များကိုသုံးပါ။

၃။ တကယ်လို့ သင့်ဖုန်းက Defreeze cod ဖြစ်နေခဲ့လျှင်
Defreeze code နဲ့ Network code ကိုအသုံးပြုပါ။


Unlock Code Format ကအောက်ပါပုံအတိုင်းဆိုလျှင်

NCK=12345678 MGK=12345678 RGCK=12345678

၁။ တကယ်လို့သင့်ဖုန်းက Network Unlock Pin ပိုင်းဆိုရင် NCK Code ကိုအသုံးပြုပါ။

၂။ တကယ်လို့သင့်ဖုန်းက Defreeze code ပိုင်းဆိုရင် MGK Code ကိုအသုံးပြုပါ။

သို့မဟုတ် NCK Code ကိုအသုံးပြုနိုင်ပါတယ်။


ကျနော့်ဖုန်းအတွက်လည်း ဒုတိယ Unlock Code Format ဖြင့် ပေးလာပါတယ်

NCK=97471xxx MCK=61518xxx RGCK=68068xxx

ကျနော့်ဖုန်းက Network Unlock Pin ပိုင်း Sim lock ဖြစ်နေတာဖြစ်တဲ့အတွက်
NCK code ကိုအသုံးပြုရမှာဖြစ်ပါတယ်၊ အောက်မှာ ဆက်ပြီးလေ့လာကြည့်ပါ။

Unlock Code ထည့်နည်း
================
၁။ Foreign sim card (မိမိအသုံးပြုမည့် ဆင်းကဒ်ကိုထည့်ပြီး) ပါဝါဖွင့်လိုက်ပါ။

၂။ Sim Network Unlock Pin သို့ Network Control Key ဆိုပြီးမြင်နေရပါလိမ့်မယ်။

 

၃။ NCK : တွင်ပေးထားသည့် digit (၈) လုံးကို ရိုက်ထည့်ပေးလိုက်ပါ
ပြီးရင် Unlock Button ကိုတစ်ချက်နှိပ်လိုက်ပါ၊ (Code မမှားမိပါစေနဲ့)


 ၄။ အောက်ပါပုံအတိုင်း Requesting network unlock...ဆိုပြီးပြနေရင်တော့
Unlocking process ပြီးအောင်စောင့်နေလိုက် အချိန်သိပ်မကြာပါ။


Network unlock successful. ဆိုပြီးပြနေခဲ့ရင်တော့
သင့်ဖုန်းမှာ Sim unlock ပြုလုပ်ပြီးဖြစ်ပါတယ်၊


ဖုန်းမှာ Home Screen သို့ရောက်သွားပါလိမ့်မယ်။



တကယ်လို့ Video tutorial များကိုလေ့လာကြည့်ချင်သေးတယ်ဆိုရင်တော့
အောက်ပါ Official web သို့သွားရောက်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။



Video Guide to input Samsung Unlock Code



Unlock Software ကိုအသုံးပြုပြီး Sin unlock ပြုလုပ်နည်းကိုတော့
မစမ်းသပ်ဖူးလို့ ဒီနေရာမှာ မရှင်းပြပေးနေတော့ တိုက်ဆိုင်ခဲ့ရင်တော့
ဘော်ဒါတွေအတွက် ကျနော် ထပ်ပြီးသယ်လောင်လာခဲ့ပါမယ်



အားလုံးကိုကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)



www.zunite.org

No comments:

Post a Comment