Tuesday, December 13, 2016

Miracle Box ကိုဖွင့်လိုက်ရင် ပြန်ပိတ်သွားတဲ့ Error ကိုဖြေရှင်းနည်း


Miracle Box ကိုဖွင့်လိုက်ရင် ပြန်ပိတ်သွားတဲ့ Error ကိုဖြေရှင်းနည်းကို
Box Team မှ နည်းလမ်းကို ပြန်လည် ညွှန်ပေးလိုက်ပါတယ်။

ဖုန်းတစ်လုံးကို Firmware Backup ယူထားမလို့ဆိုပြီး Box ဖွင့်လိုက်တာ
ပြန်ပြန်ပိတ်သွားတယ် ဖြေရှင်းနည်းတွေ လုပ်ကြည့်တယ် အဆင်မပြေဘူး

Admin တင်ထားတဲ့ Post Date ကို လိုက်ကြည့်တော့ Yesterday at 14:07 ဆိုပြီးတွေ့တယ်၊
ကျနော့်မှာ ပြသနာတက်တဲ့နေ့က 12/10/2016 ရက် စနေ့ သုံးရက်လောက်ရှိနေထင်ပါတယ်။

ဒါနဲ့ Box Team ကိုသွားကြည့်တော့ Lan/Broadband Connection ကြောင့်
ဆိုပြီး ပြောထားတယ် ပြီးတော့ ဖြေရှင်နည်းကိုလည်းရေးထားတော့ လုပ်ကြည့်လိုက်တယ်
Solution ကတော့ 100% ပါပဲ အဆင်ပြေသွားတယ်။
ကိုယ်အသုံးပြုနေတဲ့ Wi-Fi Connection ပိုင်းတွင် DNS Server ဖြင့်အသုံးပြုမှ
အဆင်ပြေတော့မယ့်ဖြစ်ကြောင်း Settings ပိုင်းပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်း
ရှင်းလင်းပြပေးထားပါတယ်၊ ပြုလုပ်နည်းကို အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။
 Miracle Box Error ကိုဖြေရှင်းနည်း
မိမိအသုံးပြုနေတဲ့ Wi-Fi Connection ရဲ့အောက်မှာ ရှိသည့်
open network and sharing center ထဲကို ၀င်လိုက်ပါ။

Change adpter settings ဆိုတာကို ထပ်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Lan Connection တွေရှိသည့်နေရာသို့ ရောက်သွားတဲ့အခါ
မိမိအသုံးပြုနေတဲ့ Lan နေရာတွင် Properties ကိုနှိပ်ဝင်လိုက်ပါ။
အနီရောင်ဖြင့် ၀ိုင်းပြထားသည့် နေရာကို တစ်ချက်နှိပ်လိုက်ပါ။
Use the following DNS server addresses: နေရာတွင်အမှန်ခြစ်ပေးပါ။

အောက်ပါပုံအတိုင်း

Preferred dns နေရာတွင် 8.8.8.8 ထည့်ပါ
Alternate dns နေရာတွင် 4.2.2.4 ထည့်ပါ
OK ကိုနှိပ်
OK ကိုနှိပ်ပါ
အထက်ပါအတိုင်း Settings ပိုင်းကို ချိန်းပြီးရင်တော့ 
တက်နေတဲ့ပြသနာအဆင်ပြေသွားပါလိမ့်မယ်။
ကွန်ပျူတာကို Restart ချလိုက်ပါ ပြန်တက်လာတဲ့အခါ
Miracle Box ကို ချိတ်ဆက်ပြီး Connect လုပ်ကြည့်လိုက်ပါ။

Ref & Credit: miracle team
ဇူးနစ်(နည်းပညာ)



No comments:

Post a Comment