Wednesday, December 7, 2016

Android 7.1.1 Nougat ဗားရှင်းကို Root လုပ်နည်း


Nexus devices များနဲ့ Pixel phones များအတွ် Google က Android 7.1.1 Nougat ဗားရှင်းကို
တိုက်ရိုက်ချပေးထားပြီးဖြစ်ပါတယ်၊ ပြီးတော့ Nexus phones များနဲ့ Pixel C tablet အတွက်လည်း
Developer preview အနေဖြင့် ချပေးထားပြီးလည်း ဖြစ်ပါတယ်။

ဒီ Android 7.1.1 Nougat ဗားရှင်းက Root လုပ်နည်းချင်ကြတဲ့ ညီအကိုတွေအတွက်လည်း
SuperSU zip ဗားရှင်းအသစ်လည်းထွက်ရှိပြီးဖြစ်လို့ မိမိဖုန်းမှာ Custom Recovery 
ထည့်သွင်းရင်တော့ Root access ရရယူဖို့ အဆင်ပြေနေပါပြီ။

အခုနောက်ပိုင်း ဖုန်းတွေကို Root access ရယူချင်တယ်ဆိုရင်တော့ ဖုန်းကို
Custom Recovery ထည့်သွင်းပြီး Supersu.zip ဖြင့် Custom Recovery Mode မှ
အလွယ်တကူ Flash ပေးပြီး Root ဖောက်ယူတဲ့နည်းက အဆင်ပြေဆုံး နည်းလမ်းဖြစ်ပါတယ်။
 
 Custom Recovery တွင်လည်း လူအသုံးအများဆုံး Recoveries တွေရှိကြပါတယ်
CWM/TWRP/PhilZ စသည်ဖြင့်ပေါ့ ဒါပေမယ့် TWRP Recovery ကတော့ အသုံးများဆုံးပါ။

ဖုန်းအမျိုးအစားအလိုက် TWRP Recovery ကိုထည့်သွင်းနည်းသည်လည်း ကွဲပြားခြားနားပါတယ်
Samsung Devices များအတွက်တော့ TWRP ကို Odin ကနေအလွယ်ထည့်သွင်းရယူနိုင်ပါပြီး
အခြားသော Devices တွေအတွက် Via Fastboot ဖြင့် ထည့်သွင်းရယူ ရမှာပဲဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 
 
 
 
 
   SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
==========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
 
 
 ၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
 

ဇူးနစ်(နည်းပညာ)


www.zunite.org
 
 
 

No comments:

Post a Comment