Thursday, December 8, 2016

စမတ်ဖုန်းကို ဟက်ကာများရန်မှ ကာကွယ်ပေးနိုင်မည့် အချက် (၅) ချက်







လူတစ်ယောက်ဟာ ပျှမ်းမျှအားဖြင့် တစ်ရက်ကို လေးနာရီကျော်လောက် စမတ်ဖုန်း အသုံးပြုပါတယ်။ စမတ်ဖုန်းကို ဖုန်းခေါ်ဆိုမှုအပြင် အစားအသောက်လှမ်းမှာတာမျိုးကနေ ဝတ်စုံနဲ့ အိမ်သုံးပစ္စည်းတွေ ဝယ်ယူတာအထိ အရာအားလုံးအတွက် အသုံးပြုနေကြပါတယ်။ စမတ်ထုတ်ကုန်တွေကို အရာရာတိုင်းအတွက် အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကို ကြည့်တာကအစ အရေးကြီး စာရွက်စာတမ်းတွေနဲ့ ATM/Web ဘဏ်ကိစ္စဆိုင်ရာ pin နံပါတ်တွေကို မှတ်သားတာအထိ စမတ်ဖုန်းကို အသုံးပြုနေကြပါတယ်။

စမတ်ဖုန်းဟာ နေ့စဉ်ဘဝမှာ အရေးပါလာတယ်။ စမတ်ဖုန်းပျောက်ဆုံးနိုင်မယ်ဆိုတဲ့ အတွေးဟာ ချောက်ချားဖွယ် ကောင်းပါတယ်။

ဒါကြောင့် ကိုယ်ရေးအချက်အလက်တွေနဲ့ အရေးကြီးအချက်အလက်တွေ ပါဝင်တဲ့ ဖုန်းတွေကို သူခိုးလက်နဲ့ ဆိုက်ဘာတိုက်ခိုက်မှုကနေ ကာကွယ်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

Encrypt ပြုလုပ်ထားပါ



Android ဟာ ထုတ်ကုန်ပေါ်က အချက်အလက်အားလုံးကို encrypt ပြုလုပ်ဖို့ ခွင့်ပြုထားပါတယ်။ အကြိမ်တိုင်းမှာ အချက်အလက်အားလုံးကို decode ပြုလုပ်ဖို့ password ဒါမှမဟုတ် PIN ထည့်ထားရပါမယ်။ ဒီလုပ်ဆောင်ချက်ဟာ ပျင်းစရာကောင်းပေမယ့် မသမာသူလက်ထဲ ဖုန်းရောက်သွားရင် password ဒါမှမဟုတ် PIN မပါဘဲ အချက်အလက်ကို သုံးစွဲဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီလုပ်ဆောင်ချက်ကို Android ထုတ်ကုန်ရဲ့ Security Settings ထဲမှာ activate ပြုလုပ်နိုင်ပါတယ်။ Applock, Document Locker (Android) နဲ့ Signal (iOS) တို့လို app တွေက ဖိုင်တွေနဲ့ app တွေကို လုံခြုံအောင် ပြုလုပ်ပေးနိုင်ပါတယ်။

မသိသော Wi-Fi များ မသုံးပါနဲ့



စမတ်ဖုန်းပေါ်မှာ မသိတဲ့ Wi-Fi ကွန်ရက်တွေ အသုံးမပြုသင့်ပါဘူး။ မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုကိုပဲ သုံးစွဲသင့်ပါတယ်။ မိုဘိုင်း data က ဈေးနှုန်းမြင့်မားပေမယ့် ပိုပြီး လုံခြုံမှုရှိပါတယ်။ သုံးစွဲသူက bank account တွေကို စီမံခန့်ခွဲမယ်ဆိုရင် မလုံခြုံတဲ့ အခမဲ့ Wi-Fi ထက် ကိုယ်ပိုင်ကွန်ရက်ကိုပဲ အသုံးပြုတာက ပိုလုံခြုံပါတယ်။

စစ်ဆေးထားသော app source များကိုသာ အသုံးပြုပါ



Google Play နဲ့ Apple App စတိုးများမှာ စစ်ဆေးအတည်ပြုပြီးသား app နဲ့ ဂိမ်းများ ရှိပါတယ်။ သုံးစွဲသူက စမတ်ဖုန်းနဲ့ လုံခြုံမှုရှိတဲ့ ဘယ် app ကိုမဆို အသုံးပြုနိုင်ပါတယ်။ မသိတဲ့ ဝက်ဘ်ဆိုက်လင့်ခ်ကနေ app ကို download ပြုလုပ်ခိုင်းတဲ့ ဝက်ဘ်ဆိုက်နဲ့ မေးလ်ပေးပို့သူများစွာ ရှိပါတယ်။ အဲဒါတွေကို သတိထားပါ။ App စတိုးတွေမှာ လိုအပ်တဲ့ app မရှိရင် download မလုပ်ဖို့ အကြံပေးချင်ပါတယ်။

Anti-virus ကို install ပြုလုပ်ထားပါ



စမတ်ဖုန်းနဲ့ ဝက်ဘ်ဆိုက်တွေကြည့်ပြီး content ကို download ပြုလုပ်မယ်ဆိုရင် မိုဘိုင်းမှာ antivirus app ကို ထည့်သွင်းထားရပါမယ်။ AVG Free နဲ့ Avast လိုမျိုး အခမဲ့ anti-virus app တွေ အများကြီးရှိပါတယ်။ Norton ဒါမှမဟုတ် Kaspersky Android antivirus app ကိုလည်း ဝယ်သုံးနိုင်ပါတယ်။ အဲဒီ app တွေက မိုဘိုင်း browser တွေကို လုံခြုံအောင် ပြုလုပ်ပေးနိုင်သလို လုံခြုံမှုမရှိတဲ့ ဆိုက်တွေကိုလည်း သတိပေးသွားမှာပါ။

အမြဲ update လုပ်ပါ



စမတ်ဖုန်းရဲ့ software နဲ့ app တွေကို အမြဲ update လုပ်ပါ။ ကုမ္ပဏီနဲ့ app ဖန်တီးသူတွေဟာ လုံခြုံရေးအားနည်းချက်တွေကို ပြင်ဆင်ပြီး software update အနေနဲ့ ဖြန့်ချိပေးပါတယ်။ သုံးစွဲသူရဲ့ စမတ်ဖုန်း OS နဲ့ app တွေကို update လုပ်ဖို့ အရေးကြီးပါတယ်။ Google နဲ့ Apple app စတိုးတွေမှာ သတိပေးချက် တက်လာတာနဲ့ OS ကို update ပြုလုပ်ပါ။

Ref: GadgetsNow

No comments:

Post a Comment