Thursday, December 8, 2016

♪ My Ooredoo App ဖြင့် ပတ္တမြား FM ကို နေ့စဉ် နားဆင်နိုင်ပြီ ♫


အူရီဒူးမြန်မာ ရဲ့ သတင်းထုတ်ပြန်ချက်အရ My Ooredoo App ကနေတစ်ဆင့် ပတ္တမြား FM ကို နေ့စဉ်နားဆင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အူရီဒူးမြန်မာအနေနဲ့ အွန်လိုင်းမှတဆင့် အပန်းဖြေနားဆင်နိုင်မယ့် ဝန်ဆောင်မှုပေးဖို့အတွက် ပတ္တမြား FM ရေဒီယို နဲ့ ပူးပေါင်းလိုက်ကြောင်း ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး အခုလိုပူးပေါင်း လိုက်တဲ့အတွက် အူရီဒူးရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတိုင်းဟာ ပတ္တမြား FM ထုတ်လွင့်မှုကို တိုက်ရိုက်နားဆင်ခွင့်ရပြီဖြစ်တယ်လို့သိရပါတယ်။

အူရီးဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ My Ooredoo App ကို Google Play Store နဲ့ Apple App Store တို့ကနေ ဒေါင်းလုပ်ရယူပြီးတာနဲ့တပြိုင်နက် ပတ္တမြား FM ရေဒီယိုကို ဘယ်နေရာရောက်ရောက် My Ooredoo App ကနေတဆင့် အပန်းဖြေနားဆင်နိုင်မှာဖြစ်ပါတယ်။

FM function မပါဝင်တဲ့ Handset တွေမှာတောင်  ပတ္တမြားFM ရေဒီယိုကို My Ooredoo App ကနေတဆင့် နားဆင်နိုင်မှာဖြစ်ပြီး အခုလို နားဆင်ခွင့်ရဖို့အတွက် အူရီဒူးက နေ့စဉ် တစ်နေ့စာ ၁၅၀ မီဂါဗိုက် My Ooredoo App ဒေတာအသုံးပြုခွင့်ကို အခမဲ့လက်ဆောင်ပေးထားတယ်လို့လည်းသိရပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment