Friday, December 9, 2016

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - ကျွန်တော့်ဖုန်းက G 610 ပါ။ အားအပြည့်ရှိနေတာကို Reset ချလိုက်ရင် အားပြောင်သွားတတ်လို့။ ဘယ်လိုလုပ်ရပါ့မလဲဗျာ။
ဖြေ - Battery Amper နည်းနေလို့ဖြစ်နိုင်ပါတယ်ခင်ဗျာ။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက Samsung A5 ပါ။ အင်တာနက်သုံးတဲ့အခါ LCD လင်းနေပြီး Test က အလုပ်မလုပ်ဘဲ ရပ်ရပ်နေတယ်။ နည်းလမ်းလေးကျေးဇူးပြုပြီး ပြောပြပေးပါခင်ဗျာ။
ဖြေ - Internet သုံးမှပဲ Test မရတာဆိုရင် Reset အရင်ချကြည့်ပါ။ တစ်ခြားအချိန်တွေလည်း Test မရတာ ဆိုရင်တော့ Test လဲဖို့ လိုအပ်ပါမယ်။

မေး - Samsung Galaxy S4 I9500 က ပါဝါသေသွားလို့။ ပါဝါပြန်နိုးလို့ရမယ့်နည်းလေးရှိရင် ကူညီပေးပါခင်ဗျာ။
ဖြေ - Battery ကို ဖားပါးစပ်နဲ့အားသွင်းပြီးပြန်သုံးကြည့်ပါ။ Power သေ,မသေ သိဖို့အတွက်ကတော့ Supply နှင့်စစ်မှ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကို 730 U00 Backlight ကို Jumper ကျော်လို့ရမလားခင်ဗျာ။ တစ်ချို့နေရာတွေမှာ လိုင်းတွေ ပြတ်နေပါတယ်။ Backlight တစ်အုံလုံးလဲတာ အဆင်မပြေပါဘူး။ Jumper CMY လေးပြောပြပေးပါအစ်ကို။
ဖြေ - LCD နောက်ကျောက A+ K- ဆိုတဲ့နေရာကနေ Display Socket (သို့) Backlight Group ကို တိုက်ရိုက်ကျော်နိုင်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းက ဖုန်းလာရင် Speaker ဖွင့်မှ အသံကြားရတယ်။ မဖွင့်ရင် ဘာအသံမှမကြားရလို့။ အဲ့ဒါလေးသိချင်လို့ပါ။ ခေါ်ရင် အသံမထွက်ဘူးဖြစ်နေလို့။
ဖြေ - အစ်ကို့ဖုန်းရဲ့ Earpiece Speaker မကောင်းလို့ပါဗျာ။

မေး - ကျွန်တော့်ဖုန်း Honor H30 C00 ကို Battery အားသွင်းပုံပြပြီး အားမ၀င်လို့ပါ။ ပြောပြပေးပါလားခင်ဗျာ။
ဖြေ - Battery လဲကြည့်လို့မှမရရင် Charging လမ်းကြောင်းစစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော်လည်းမေးချင်လို့ပါ။ ကျွန်တော့်ဖုန်း Samsung ၀ယ်ထားတာ ၃ လပဲရှိပါသေးတယ်။ စက်ကပါဝါကျကျသွားတာပါ။ တက်လိုက်ကျလိုက်ဖြစ်ဖြစ်နေတာပါ။ ဖုန်း Storage ကတော့ အပြည့်ထည့်ထား တာပါ။ Memory တော့မရှိပါဘူး။ သူများတွေပြောတော့ SD Card မရှိတာလို့ပြောပါတယ်။ အဲ့ဒါနဲ့ SD Card ၀ယ်ထည့်ပါတယ်။ SD Card တစ်ဝက်ကျော်မှာပြန်ဖြစ်ပါတယ်။ ဖုန်းထဲမှာတော့ ဘာမှမရှိတော့ပါဘူး။ SD ပြန်ထုတ်ရင်တော့ စက်ကပြန်တက်သွားပါတယ်။ တစ်ချက်လောက်ပြောပြပါလား။ Gran Neo Plus အမျိုး အစားပါ။ ဗီယက်နမ်အလုံးပါ။
ဖြေ - Power တက်လိုက်ကျလိုက်ဖြစ်နေတာက အစ်ကို့ဖုန်းမှာ Sleep Mode လည်းဖြစ်နိုင်ပါတယ်။ Software ပြန်ရေးကြည့်လို့မှ မရရင် SD Card အထိုင်ဘေးနားတစ်ဝိုက်တွေ Hardware စစ်ဖို့လိုအပ်ပါလိမ့်မယ်။

မေး - GSM နဲ့ WCDMA Sim တွေကို ဘယ်လိုခွဲလဲဗျာ။ MPT Sim တွေပါ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ GSM လိုင်းကတ်ပေါ်မှာ Sim လို့တွေ့ရပြီး WCDMA လိုင်းကတ်ပေါ်မှာ USIM လို့ တွေ့ရပါတယ်။

မေး - ကျွန်တော့်ဖုန်း Samsung S6 Edge ပါ။ Computer နဲ့ USB ချိတ်မရဖြစ်နေလို့ပါ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Setting ထဲက Security ထဲက Unknown Sources နဲ့ Developer Options ထဲက USB Debugging ကို အမှန်ခြစ်ပေးပါ။

မေး - အစ်ကိုရေ Huawei Y6 Root ဖောက်တာ King Root Latest Version Kingoo Root နဲ့လည်းမရဘူး။ Setting ထဲဝင်ပြီး Unknown Source ဖွင့်လည်း မရပါဘူး။ ကူညီပါဦးခင်ဗျာ။ အားကိုးပါတယ်ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အစ်ကို့ဖုန်းကို အရင်ဆုံး Bootloader Unlock လုပ်မှရပါမယ်ခင်ဗျာ။ Bootloader Unlock လုပ်ပြီးသွားရင် ဘယ် Root နဲ့ပဲဖောက်ဖောက် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

2 comments:

  1. Bootloaderဆိုတာဘာကိုပြောတာလဲအကို

    ReplyDelete
  2. ​မေးပါရ​စေဆရာ samsung sm-g610f ပါ no power ပါ ဘယ်​အပိုင်းကို အရင်​စစ်​ရမလဲ ​ဖြေ​ပေးပါ ဆရာ

    ReplyDelete