Friday, December 9, 2016

♪ “Samsung Galaxy J1 (2016)” ♫


Samsung ဟာ ဖုန်း Series အချို့ကို 2016 Edition နဲ့ ထုတ်လုပ်ရောင်းချ ပေးထားပါတယ်။ အခုဖုန်း အမျိုးအစားကတော့ J1 (2016)ဖြစ်ပါတယ်။ J1 (2016) သည် မော်ဒယ်နံပါတ်များစွာရှိပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ပါ။ ဖုန်းရဲ့အရွယ်အစားပမာဏဟာ 132.6 × 69.3 × 8.9 mm ဖြစ်ကာ အလေးချိန်သည် 131 g ရှိပါတယ်။

ဆင်းကတ် တစ်ကတ်သုံးနဲ့ နှစ်ကတ်သုံးဆိုပြီး ဖုန်းအမျိုးအစား ကွဲပြားမှုလည်း ရှိပါတယ်။ ဖြန့်ချိတင်သွင်း ရောင်းချရာဒေသပေါ်မူတည်၍ ဖုန်းအမျိုးအစားများ တူညီမှာ မဟုတ်ပါဘူး။ ပြည်တွင်းဈေးကွက်အတွက် တင်သွင်းပေးထားသော ဖုန်းမှာ Dual Sim အမျိုးအစားပါ။ Super AMOLED capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 4.5 inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 480 × 800 ဖြစ်ပါတယ်။ တစ်လက်မမှာ ရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 245 ppi ပါ။

ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပြီးပါရှိသည့် ကင်မရာများ သည် ထိပ်တန်းအဆင့်တော့ မဟုတ်ပါဘူး။ LED Flash နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အဓိကကင်မရာရဲ့ စွမ်းရည်သည် 5 MP , f/2.2 ဖြစ်ပါတယ်။ Pro mode ပါဝင်သည့် ကျောဘက် ကင်မရာအမျိုးအစားပါ။ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ကာ f/2.2 ပါရှိပါတယ်။ ကင်မရာ ဆက်စပ်ပတ်သက်စနစ် များလည်း အသုံး ပြုနိုင်ပါတယ်။ 720p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်းရရှိပါမယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8GB ပါရှိပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Cardslot စနစ် ပါရှိပါတယ်။ ထည့်သွင်းပေးထားသော CPU အမျိုးအစားမှာ Quad Core 1.3 GHz ပါ။ ဘက်ထရီသည် Li-Ion 2050 mAh ဖြစ်ပြီး စကား ပြောဆိုဖို့ ၁၂ နာရီနီးပါး ခံနိုင်ရည်ရှိပါမယ်။


<Specification>
Network - GSM/HSPA/ LTE
Screen - 4.5 inches
CPU - Quad Core 1.3GHz
OS - Android OS,v5.1.1
Memory - 8GB
Bluetooth - v 4.1
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







www.pyaephyo

No comments:

Post a Comment