Friday, December 23, 2016

Android ပိုင်ရှင်တွေ ကြိုးစားကြည့်သင့်တဲ့ အရာလေး ကိုးခု





သင်မသိသေးတဲ့ Andriod မှာသုံးနိုင်တဲ့ ကောင်းမွန်တဲ့ အရာတွေ အများ ကြီးရှိနေပါတယ်။ custom ROMs အတွက် launchers ၊ apps ၊ LED notifications ၊ gesture controls ၊ icon packs နဲ့ tweaks စတဲ့ သင့်ကိုပျော်အောင် လုပ်ပေးနိုင်တဲ့ အရာတွေ အများအပြား ရှိပါတယ်။ Android ပိုင်ရှင်တွေ ကြိုးစား ကြည့်သင့်တဲ့ အရာလေး ကိုးခုကို တင်ပြပေးသွားပါ့မယ်။

1. Supercharge your Wi-Fi

သင့်ရဲ့ အချိန်နဲ့ ငွေတွေကို data usage လျှော့ချခြင်း အားဖြင့် သက်သာ စေနိုင်အောင်လုပ်ဖို့ Chrome ကို ပြောလို့ ရတယ် ဆိုတာ သင်သိ ပါသလား။ အများစုက မသိကြပါဘူး။ အဲဒီလို လုပ်ခြင်းအားဖြင့် ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့ လက data usage ၃၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်နိုင် ခဲ့ပါတယ်။ လွယ်လွယ်လေးပါပဲ။ Chrome > Settings > Data Saver ဆီသွားပြီးတော့ ဖွင့်လိုက်ပါ။



သင့်ရဲ့ဖုန်းကို sleep ဖြစ်နေချိန်မှာ Wi-Fi ဖွင့်ထားဖို့လည်း ပြုလုပ်နိုင်တယ် ဆိုတာ သိပါသလား။ Settings > Wi-Fi > Advanced > Keep Wi-Fi ကို သွားပြီး Always လုပ်ထား လိုက်ပါ။

အဲဒီလိုလုပ်ခြင်း အားဖြင့် sleep ဖြစ်နေချိန်မှာ download ဆွဲပေးနိုင်မှာ ဖြစ်သလို ဘတ်ထရီ သက်တမ်းကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းက sleep ကနေ ပြန်ပွင့်လာတဲ့ အခါ Wi-Fi ကို ထပ်မံ ချိတ်ဆက် စရာ မလိုတော့ပါဘူး။



2. Enable Google Now on Tap

Google Now on Tap ကို Android 6.0 Marshmallow မှာ မိတ်ဆက် ခဲ့ပါတယ်။ သင့်ရဲ့ screen ပေါ်မှာရှိတဲ့ contextual information တွေကို ရိုက်ရှာ နေစရာမလိုအောင် လုပ်ဆောင် ပေးပါတယ်။ အနည်းဆုံးတော့ သင်ဟာ Android Marshmallow ရှိရပါမယ်။

Google Now on Tap ကို ဖွင့်ဖို့ အတွက် Settings > Google > Search & now > Voice ဆီကို သွားပါ။ ဖွင့်လိုက်ပါ။ ပြီးရင်တော့ သုံးလို့ရပါပြီ။ Now on Tap ကို ပိတ်ချင် ရင်တော့ home button ကို ဖိထား လိုက်ရင် menu ပေါ်လာမှာပါ။ three-dotted icon လေးကို နှိပ်ပြီး Settings ထဲမှာ ပိတ်နိုင်ပါပြီ။



3. The battery optimizations

ဘယ်လို Android ပဲသုံးနေသည်ဖြစ်စေ ဘတ်ထရီ သက်တမ်းကို ကောင်းမွန်အောင် လုပ်နိုင်တဲ့ နည်းတွေ အများကြီးပါပဲ။ ပထမဆုံး ကတော့ ‘ambient display’ သို့မဟုတ် ‘adaptive brightness’ ကို ပိတ်ထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အလင်းရောင် အခြေအနေနဲ့ ပြောင်းပေး ပေမယ့်လည်း အပြည့် အ၀တော့ လုပ်ဆောင်နိုင်ခြင်း မရှိလို့ပါပဲ။

အလင်းရောင်ကို သိဖို့အတွက် သုံးထားတဲ့ sensor တွေဟာ လူသား မျက်စိလောက် မတိကျ ပါဘူး။ လက်ရှိ အခြေ အနေနဲ့ ကိုက်ညီတဲ့ အလင်းကို သင်ပဲ ချိန်သင့် ပါတယ်။ ပြီးတော့ display ဆိုတာက အားစားတဲ့ နေရာ တစ်ခုလည်း ဖြစ်နေ ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်အောင် ချိန်သင့်ပါတယ်။



ထပ်ပြောချင် တာကတော့ အဓိက Android UI တွေဟာ battery saving mode အချို့နဲ့ လာပါတယ်။ အားသာချက်တွေက အမျိုးမျိုး ရှိပေမယ့်လည်း သင့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဟာကို ရှာဖွေ သင့်ပါတယ်။

ဥပမာအနေနဲ့ Sony ရဲ့ Stamina mode ဆိုရင် performance ကို နည်းနည်းလေး ပြောင်းပေးပြီး သင့်အနေနဲ့ တစ်ချိန်လုံး အသုံးပြုသင့်တဲ့ mode မျိုးလည်း ဖြစ်ပါတယ်။

stock Android battery-saving function တွေဟာ performance နဲ့ app functionality ကို တော်တော်လေး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ မသုံးမိဖို့ ပြောချင်ပါတယ်။

HTC ရဲ့ Power Saver ဆိုရင် option များစွာပါဝင်ပြီး အခြားအရာတွေလောက် မတင်းကျပ်ပါဘူး။

Setting ထဲ ၀င်ကြည့်ပြီး ဘတ်ထရီရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း စပ်စုပြီး ဘတ်ထရီ၊ power နဲ့ အခြားအရာ တွေကိုလည်း လျှောက်ကြည့် ကြည့်ပါ။



4. Grant app permissions individually

Android Marshmallow ရနေပြီလား။ စမ်းကြည့်သင့်တဲ့ feature တစ်ခု ပါနေလို့ပါ။ ဒါကတော့ granular app permissions ဖြစ်ပါတယ်။ အဲဒီ feature က သင့်ကို hardware သို့မဟုတ် data ကို သုံးဖို့ apps permission ပြုလုပ်ခွင့် ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ app တစ်ခုက microphone သုံးဖို့ လိုမယ် ဆိုရင် သင့်ကို ခွင့်ပြု မလားဆိုတာကို မေးမှာ ဖြစ်ပါတယ်။

Marshmallow မတိုင်ခင် Android versions တွေအတွက်ကတော့ Play Store ကနေ downoload မဆွဲခင်မှာ သတ်မှတ်ရမှာပါ။ third-party apps တွေက ပိတ်ထားလည်း ဖောက်ဖျက်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆမိ ပါတယ်။ အခုတော့ သင့်စိတ်ကြိုက် တစ်ခုခြင်း သတ်မှတ်နိုင်ပါပြီ။ ကြိုးစားကြည့်ပါ။



5. Use Google Now, enable always listening

Google Now ဟာ virtual personal assistant အနေနဲ့ လုပ်ဆောင်ပေးပြီး သင်လိုချင်တဲ့ အချက် အလက်တွေကို လွယ်ကူ လျင်မြန်စွာ ပြသပေး နိုင်ပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုတာက Google Now က သင့်ရဲ့ app တွေနဲ့ ဆက်သွယ်နိုင်ခြင်း၊ note လိုက်နိုင်ခြင်း၊ သတိပေးချက် လေးတွေ လုပ်နိုင်ခြင်း စတာတွေ ပြုလုပ်နိုင် ပါတယ်။

Google Now ကို သုံးကြည့်လေလေ ဘယ်လောက် ကောင်းတယ် ဆိုတာ သိလေလေ ဖြစ်ပါတယ်။ ရိုးရိုး ရှင်းရှင်း ဥပမာပေး ရမယ် ဆိုရင်ဖြင့် နေ့လည် ခဏမှေးချင်တယ် ဆိုပါစို့။ အရမ်းကို ငိုက်နေပြီး ခေါင်းငိုက်စိုက် ကျနေပြီ။ ဖုန်းကို ဖွင့်ပြီးတော့ clock app ကို ဖွင့်စရာ မလိုတော့ပါဘူး။ ဘယ်ချိန် ပြန်ချင်လဲ၊ alarm သတ်မှတ်စရာ မလိုတော့ ပါဘူး။ “Okay Google, wake me up in two hours.” လို့သာ ပြောလိုက်ပါ။



Google Settings > Search and Now > Voice > OK Google detection > ကို သွားပြီး Always on ထားလိုက် ရင်တော့ ဘယ် screen မှာဖြစ်နေပါစေ အလုပ်ဖြစ်ပါတယ်။
100 Google Now voice commands တွေကို သင်အသုံးပြုနိုင်ဖို့ စာရင်းပြု ထားပါတယ်။ ကြိုးစားကြည့် လိုက်ပါဦး။

6. Set up Android Device Manager

Android Device Manager က ဘယ်လိုများ Android ဖုန်းတစ်လုံး လုံးကို ကွပ်ကဲ သလဲ။ Android Device Manager ဟာ သင့်ရဲ့ ဖုန်းပျောက်တာ၊ lock ဖြုတ်တာ၊ ဖုန်းလာတာ၊ အထဲက အချက်အလက်တွေ ဖျက်တာ စတာတွေကို ခြေရာခံနိုင်ပြီး lock screen message လည်း ပြပေးနိုင် ပါတယ်။ Android ဖုန်းမှာ သင်လုပ်နိုင်တဲ့ စွဲဆောင်မှု အရှိဆုံး အလုပ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ပထမဆုံး တစ်ခု အနေနဲ့ သင်လုပ်ကို လုပ်သင့်တာ တစ်ခု ရှိပါတယ်။



Google Setting app ရဲ့အောက်က Security ထဲမှာ Android Device Manager အတွက် ခွင့်ပြုချက်ကို တွေ့ပါ လိမ့်မယ်။ Android Device Manager ကို တည်နေရာ သိဖို့နဲ့ အချက်အလက်တွေ lock ချခြင်း၊ ဖျက်ခြင်းများ အတွက် ဖွင့်ထားနိုင်ပါတယ်။ ဒါပေမယ့် Android Device Manager ကို device administrator အနေနဲ့ ထားပေးဖို့ လိုပါတယ်။ Settings > Security > Device Administrators ကို သွားပြီးတော့ Android Device Manager ဘေးမှာ အမှန်ခြစ် ပေးလိုက်ပါ။



7. Try Pushbullet

လူတိုင်း အသုံးပြုသင့်တဲ့ app တွေ အများကြီးရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် လူတိုင်းမှာ အကြိုက် တစ်မျိုးစီ၊ အလေ့အထနဲ့ လိုအပ်ချက်တွေ မတူညီတတ် ကြပါဘူး။ ဒါပေမယ့် Pushbullet ကတော့ ကွဲပြားပါတယ်။ လူတိုင်း အသုံးပြုသင့် ပါတယ်။



သင့်ရဲ့ဖုန်းကနေ သင့်ရဲ့ tablet ၊ PC ကနေ ဖုန်း ၊ ဖုန်းကနေ အခြား ပစ္စည်းတွေကို လင့်တွေ ပို့နိုင်ပါတယ်။ URLs တွေကို ကော်ပီ ကူးချနေတာက ၁၉၉၉ မှာ ကျန်ခဲ့ပါပြီ။ Pushbullet က သင့်ရဲ့ SMS နဲ့ ဖုန်းအ၀င်တွေကို PC ပေါ်မှာ ပြပေးနိုင်ပြီး ဖိုင်တွေလည်း လွှဲပြောင်း ပေးနိုင် ပါတယ်။



8. Save time with NFC

လူအများ စုက NFC ဘာလဲ ဆိုတာ မသိကြပါဘူး။ ဘာလုပ်ပေးနိုင်လဲ ဆိုရင် ပိုလို့တောင် မသိကြပါဘူး။ ဒါပေမယ့် NFC က အရမ်းကို ကောင်းပါတယ်။ 

တစ်ချက်နှိပ်ရုံနဲ့ သင့်ဖုန်းနဲ့ Bluetooth headphones ကို pair လုပ်နိုင်ခြင်း၊ ဖုန်းအဟောင်းက အချက် အလက်တွေကို အသစ်ဆီ လွှဲပြောင်းခြင်း၊ လမ်းလျှောက် နေစဉ်မှာ contact တစ်ခုကို default message ပို့ပေးခြင်း ပြုလုပ်နိုင်ပါတယ်။



NFC-equipped device နဲ့ NFC tags တွေက သင့်ရဲ့ အချိန်တွေကို သက်သာစေမှာပါ။ NFC က Android အတွက် အကောင်းဆုံး အရာတစ်ခု ဖြစ်ပါတယ်။

9. Setup lock screen security

NFC chip ကိုစွဲမြဲပြီး သုံးမယ်ဆိုရင် နောက်တစ်ခု လုပ်သင့် တာကတော့ lock screen security သတ်မှတ်ခြင်း ဖြစ်ပါတယ်။ lock screen security လုပ်မထားတဲ့ သူငယ်ချင်းတွေ မြင်မိရင် ကျွန်တော် အံအားသင့် မိပါတယ်။



အကယ်လို့ ဖုန်းပျောက်တာ၊ ခိုးခံရတာ ဖြစ်ပြီဆိုရင် သူခိုးက ချက်ချင်းပဲ စမတ်ကို သုံးနိုင်နေမှာပေါ့။ မဟုတ်ဘူးလား။ pattern ဒါမှမဟုတ် PIN lock သတ်မှတ် လိုက်ပါ။ အခု ချက်ချင်းနော်။ Settings > Security > Screen lock ဆီကိုသွား ဒါမှမဟုတ် Settings > Lock Screen ကို သွားပြီး ကြိုက်နှစ်သက်ရာ lock screen security ကို ထား လိုက်ပါ။ 

အတည်ပြောနေတာနော်။ အခုပဲ လုပ်လိုက်ပါ။

From : Aung Phyo Oo (Myanmar Mobile App)
Originally published at - http://www.myanmarmobileapp.com/
 
 
 
 

No comments:

Post a Comment