
ပုံမှန်အားဖြင့် ဖုန်းတစ်လုံးကို အတော်အသင့် အသုံးပြုမယ်ဆိုရင် တစ်နေကုန် သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖုန်းကို အလွန်အကျွံသုံးစွဲသူများအတွက်ကတော့ ဖုန်းကို မကြာခဏ အားသွင်းဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ဘက်ထရီသက်တမ်း ကြာရှည်တဲ့ ဖုန်းကို ရှာဖွေနေသူများအတွက် အကောင်းဆုံး ဖုန်း (၆) မျိုးကို ဖော်ပြလိုက်ပါတယ်။
Motorola Moto Z Play
Moto Z Play ဟာ Z စီးရီးတွေထဲမှာ ဘက်ထရီသက်တမ်းအရှည်ကြာဆုံး ဟန်းဆက်ဖြစ်ပါတယ်။ စမ်းသပ်မှုအရ Airplane mode နဲ့ ဗီဒီယိုကြည့်ရှုတဲ့အခါ ဘက်ထရီကို ၂၃ နာရီ ၃ မိနစ်အကြာ သုံးနိုင်ပါတယ်။ Z Force ကိုတော့ ၁၆ နာရီ ၃၂ မိနစ်အကြာ သုံးနိုင်ပါတယ်။

Samsung Galaxy S7 Active (and S7 Edge and S7)
Moto Z Play ပြီးရင် Galaxy S7 စီးရီးတွေက ဘက်ထရီသက်တမ်း အကောင်းဆုံးဖြစ်ပါတယ်။ Galaxy S7 စီးရီးတွေထဲမှာ Galaxy S7 Active, S7 Edge နဲ့ S7 တို့ပါဝင်ပါတယ်။ ဒီဖုန်းတွေကို ဘက်ထရီနဲ့ သုံးတဲ့အခါ ၂၁ နာရီ၊ ၁၉ နာရီ၊ ၁၆ နာရီ အသီးသီး သုံးစွဲနိုင်ပါတယ်။

OnePlus 3T
ဒေါ်လာ ၄၃၉ နဲ့ ရောင်းချမယ့် 3T ဟာ ကုမ္ပဏီရဲ့ အထင်ကရ ဖုန်းဖြစ်တဲ့ OnePlus 3 နေရာမှာ အစားထိုးမယ့် ဖုန်းဖြစ်ပါတယ်။ OnePlus 3T မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ Snapdragon 821 processor နဲ့ ကြည်လင်ပြတ်သားတဲ့ selfie ဓာတ်ပုံတွေ ရိုက်ကူးပေးမယ့် အရှေ့ဘက်ကင်မရာတို့ ပါဝင်လာပါတယ်။ ဒါ့အပြင် ၁၆ နာရီအကြာ သုံးနိုင်တဲ့ အရွယ်ကြီးမားတဲ့ ဘက်ထရီလည်း ပါဝင်လာပါတယ်။ OnePlus ရဲ့ Dash အားသွင်းနည်းပညာကြောင့် ဖုန်းကို လျင်မြန်စွာအားသွင်းနိုင်ပါတယ်။

LeEco LePro 3

၃၉၉ ဒေါ်လာတန် LePro 3 မှာ 4,070mAh ဘက်ထရီပါဝင်ပြီး စမ်းသပ်မှုအရ ၁၆.၅ နာရီ သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ LeEco ရဲ့ user interface က ရှုပ်ထွေးပြီး ဖုန်းကို ကိုင်ဆောင်တဲ့အခါ လေးလံပါတယ်။
Huawei Mate 8

အရွယ်ကြီးမားတဲ့ ၆ လက်မ display ပါဝင်တဲ့ Mate 8 ဟာ ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်ခု ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး လက်ဗွေဖတ်စနစ်နဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ ဘက်ထရီနဲ့ ဗီဒီယို မနားတမ်းကြည့်ရှုရာမှာ ၁၅ နာရီ ၃၀ မိနစ်အကြာ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းမြင့်မားပြီး ဒေါ်လာ ၆၅၀ ခန့်ရှိပါတယ်။
Samsung Galaxy J3

Galaxy J3 ကတော့ ဒေါ်လာ ၂၀၀ အောက်နဲ့ရနိုင်တဲ့ ဘက်ထရီသက်တမ်း ကောင်းမွန်တဲ့ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ စွမ်းဆောင်ရည်မမြင့်မားပေမယ့် ၎င်းရဲ့ ဖြုတ်နိုင် တပ်နိုင်တဲ့ ဘက်ထရီက ၁၅ နာရီ ၄၀ မိနစ်အကြာ အသုံးပြုနိုင်ပါတယ်။
Ref: CNET
Ref: internetjournal.media
No comments:
Post a Comment