Friday, December 9, 2016

♪ ပိုမိုမြန်ဆန်တဲ့ နည်းပညာနဲ့ Bluetooth 5 ထွက်ရှိပြီ ♫


Bluetooth ရဲ့ နောက်ဆုံးထွက် Version ဖြစ်တဲ့ Bluetooth 5 ဟာ အခုအချိန်မှာ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ အတွက် လာမယ့်(၂)လ ကနေ (၆)လ နောက်ပိုင်းမှာ ထွက်ရှိမယ့် နည်းပညာ ပစ္စည်းတွေမှာ ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ Bluetooth 5 ကို အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။

Bluetooth Special lnterest Group (SIG) က Bluetooth 5 စီမံကိန်းကို အကောင်အထည်ဖော်နေဆဲကာလ တုန်းက လာမယ့် (၂၀၁၇) ဇွန်လမှာ ထွက်ရှိမယ်လို့ ကြေညာခဲ့ပေမယ့် လိုအပ်ချက်တွေအားလုံးကို အချောသပ် ပြီးသွားပြီဖြစ်တဲ့အတွက် အခုလို မြန်မြန်ဆန်ဆန်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Bluetooth 5 ဟာ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ Bluetooth 4.2 ထက် (၂)ဆ ပိုမြန်တဲ့ bandwidth ၊ (၄)ဆ အကွာအဝေး ၊ (၈)ဆ ပိုသာတဲ့ broadcast message capacity တို့ နဲ့ ထွက်ရှိလာပြီး အမြန်ဆုံးအနေနေဲ့ 2Mbps(0.25MBs=250KBs) မြန်နှုန်းအထိ data တွေကို transfer လုပ်နိုင်မှာဖြစ်ပါတယ်။

Wireless နည်းပညာတစ်ခုရဲ့ အားသာချက်ဟာ Data Transfer အမြန်နှုန်းနဲ့ ဘယ်လောက်အကွာ အဝေး အထိ အသုံးပြုနိုင်တယ် ဆိုတဲ့ အပေါ်မှာ အဓိကမူတည်နေတာဖြစ်တဲ့အတွက် အခုထွက်ရှိလာတဲ့ Bluetooth 5 ကတော့ ပြီးပြည့်စုံတဲ့ version တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment