Friday, December 9, 2016

Android Devices များကို OTA Updates တင်နည်းများ


 Android Devices များကို OTA Updates တင်နည်းများကို အလိုရှိနေကြတဲ့
ညီအကိုတွေအတွက် ရနိုင်သလောက်စုစည်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ OTA Updates ဗားရှင်းကို သက်ဆိုင်ရာ ဖုန်းများကို တင်ယူဖို့ရန်အတွက်
နည်းလမ်းများကို စုစည်းလိုက်တဲ့အခါ ငါးနည်းငါးမျိုးကို တွေ့မိပါတယ်။

 လေ့လာခါစ ညီအကိုများအတွက် အောက်ဖေါ်ပြပါ နည်းလမ်းငါးမျိုးကို
သဘောပေါက်နားလည်ခဲ့မယ်ဆိုရင်တော့ OTA Update ဆိုတဲ့သဘောတရားနဲ့
Android Device များကို အလွယ်တကူ တင်ယူနည်းများကိုပါ နည်းလည်သွားမှာဖြစ်ပါတယ်။
Android Devices များကို OTA Updates တင်နည်းများ
=============================
၁။ ဖုန်းများ၏ Device မှာတင် system Update ဖြင့် တင်နည်း။
၂။ OTA Updates.zip ဖိုင်ကို Recovery မှ “Apply ZIP” ဖြင့်တင်နည်း။

၃။ Via Stock Recovery မှ Sideload ဖြင့်တင်နည်း။

၎။ Custom Recovery မှ Sideload ဖြင့်တင်နည်း။

၅။ FlashFire apk ဖြင့် Root access မပျောက်ပဲ တင်နည်း။

Update Update တင်နည်းများကို မလေ့လာခင် OTA Update ဆိုတာဘာလဲနဲ့
သူ့၏ သဘောတရားများနဲ့ ဆိုလိုရင်းများကို အောက်မှာ အရင်လေ့လာကြည့်လိုက်ပါ။
OTA Update ဆိုတာ
============
OTA Update ဆိုပြီး စကားတစ်လုံး ထူးဆန်းပြီးလာပါလို့ OTA Update လုပ်တယ်ဆိုတာကို
အနည်းငယ်ထပ်ရှင်းပြပေးချင်ပါတယ်၊ OTA ရဲ့ အရှည်က Over The Air ကိုပြောတာဖြစ်ပါတယ်။

Device ကို ထုတ်လုပ်တဲ့ Company တွေက Device များ၏ OS ဗားရှင်းများကို အဆင့်မြှင့်တင်ဖို့
သို့တည်းမဟုတ် ကွန်ပျူတာမလိုပဲ Wi-Fi Connection ကောင်းရုံဖြင့် Device မှာတင် Online ကနေ
တစ်ဆင့် တိုက်ရိုက်ဒေါင်းလော့ ရယူပြီး အလွယ်တကူ system update လုပ်နိုင်အောင်
 ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။


OTA Update ၏ သဘောတရား
==================
OTA Update ၏ သဘောတရားက Official မှ တိုက်ရိုက် ချပေးလာတဲ့ Update File ကို
အများစုက ဒေါင်းလော့ဆွဲပြီး Recovery ကနေ apply လုပ်ယူကြပါတယ်။

ပြီးတော့ အဲဒီ OTA Update File တွေက Firmware တစ်ခုလုံးဖြစ်နိုင်သလို၊ တစ်ခါတရံတွင်
Device အတွက် လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ပေးမယ့် System File တစ်စိတ်တစ်ပိုင်းလည်း
ဖြစ်နေတတ်ပါတယ်။

အဲဒါက ဘာကြောင့်လဲဆိုတော့ Company တွေက သူတို့၏ Device တွင် ဖြစ်လေ့ရှိတဲ့ Error အချို့ကို
ဖြေရှင်းညီ့း system ပိုင်းပိုမိုကောင်းမွန်လာအောင် ထုပ်လုပ်ပေးနေခြင်းလည်း ဖြစ်ပါတယ်။

Stock Recovery Mode တွင် အားလုံးသတိထားမိတဲ့ စာကြောင်းလေးတစ်ခုရှိပါတယ်၊ အဲဒါကတော့
Apply Update From SD Card ဆိုတဲ့ စာကြောင်းပါ၊ အဲဒီရဲ့ ရည်ရွယ်ချက်က Official မှ ချပေးလာတဲ့
OTA Update.zip File ကိုဒေါင်းလော့ဆွဲပြီး SD Card ဖြင့် Apply Update ဆိုပြီး တင်ယူနိုင်ပါတယ်။
System Update ဖြင့် တင်နည်း

OTA Update ၏ သဘောတရားသည် Official web များမှ သက်ဆိုင်ရာဖုန်းအတွက်
Firmware Update version ကို ချပေးလာတဲ့အခါ Over The Air ဖြင့် ဖုန်း Devicce မှာတင်
အလွယ်တကူ တိုက်ရိုက်တင်ယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီနည်းလမ်းဖြင့် တင်ယူမယ်ဆိုရင်တော့ Wi-Fi Connection ဖြင့် တင်ယူမယ်
ဆိုရင်တော့ ပိုကောင်းပါတယ်၊ File Size ကြီးတဲ့ Update.zip ဖိုင်ကို ဒေါင်းလော့
ရယူဖို့က လိုင်းဆွဲအားကောင်းနေမှ ပိုအဆင်ပြေပါလိမ့်မယ်။

 ဒီနည်းလမ်းက ဖုန်းအားလုံးအတွက် မဖြစ်နိုင်ပါ ဖုန်း Brand အမျိုးအစားအပေါ်
မူတည်ပြီး မိမိဖုန်းအတွက် Update version ရသင့် မရသင့် ပြီးတော့ Official ၏
ချပေးလာသည့် အခြေအနေအပေါ်မှာသာ ဒီ OTA Update ကိုတင်ယူနိုင်မှာပဲဖြစ်ပါတယ်။
အချို့သောဖုန်းတွေမှာ Update Version ပေးနေကြောင်း System Update နေရာတွင်
ဗားရှင်းအသစ်တင်ယူနိုင်ပြီဖြစ်ကြောင်း စသည်ဖြင့် သင်္ကေတပြပေးနေမှာပဲဖြစ်ပါတယ်။
 ဖုန်းမှာ Root ဖောက်ထားပြီးသားဆိုရင်တော့ အဆင်မပြေနိုင်တော့ပါ၊ 
Root မဖောက်ထားသည့် ဖုန်းအများစုကိုသာ Official မှ Support လုပ်ပေးပါတယ်။
ဖုန်းမှာတင် OTA Update ဗားရှင်းကို တင်ယူမယ်ဆိုရင်တော့

Settings>>About device>>System update>>Update

(မှတ်ချက်) Your device is up to date ဆိုပြီး ပြနေခဲ့ရင်တော့ မိမိဖုန်းအတွက်
Firmware Version က နောက်ဆုံး ဗားရှင်းဖြစ်ပါတယ်၊ တင်လို့မရနိုင်တော့ပါ။
 OTA Updates.zip ဖိုင်ကို Recovery မှ “Apply ZIP” ဖြင့်တင်နည်း 

OTA Updates.zip ဖိုင်ကို Recovery မှ “Apply ZIP” ဖြင့်တင်မယ်ဆိုရင်တော့
Custom Recoveries များမလိုပဲ ရိုးရိုး Stcok Recovery ကနေတင်ရမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းက OTA Updates.zip ဖိုင်ကို ဒေါင်းလော့ရယူပြီးမှ Manual အနေဖြင့်
တင်ယူနည်းလို့လည်း ခေါ်ကြပါတယ်၊ တင်နည်းကို အောက်မှာ လေ့လာကြည့်လိုက်ပါ။
၁။ သက်ဆိုင်ရာ ဖုန်းအတွက် OTA Update.zip File ကို
ဒေါင်းလော့ရယူပြီး ဖုန်း၏ device internal storage မှာ ထည့်လိုက်ပါ။

၂။ ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် “Apply update” ကိုနှိပ်ပါ (သို့)
 “Apply update from phone storage” ကိုနှိပ်ပါ။

၎။ Storage ထဲတွင် ရှိသည့် OTA .zip ဖိုင်ကို ရွေးချယ်ပေးလိုကပါ။

၅။ Flashing Process ပြီးအောင်စောင့်လိုက်ပါ၊ ပြီးသွားတဲ့အခါ ဖုန်းကို
Reboot ချပေးလိုက်ပါ၊ ပြန်တက်လာခဲ့ရင်တော့ OTA Update.zip ကိုတင်ပြီးပါပြီ။
Via Stock Recovery မှ Sideload ဖြင့်တင်နည်း

နာမည်ကြီးနေတဲ့ ADB Sideload ဖြင့်လည်း OTA Update.zip ဖိုင်ကို
တင်ယူနိုင်ပါတယ်၊ ဒီနည်းဖြင့်တင်မယ်ဆိုရင်တော့ Stock Recovey ဖြင့်လည်း
တင်ယူနိုင်သလို Custom Recovery ထဲပါဝင်နေတဲ့ TWRP Recovery ထည့်သွင်း
ထားတဲ့ ဖုန်းများတွင်လည်း တင်ယူနိုင်ပါတယ်။

ဖေါ်ပြပါ နည်းလမ်းသည် Stock Recovery မှ OTA Update.zip ဖိုင်ကို
ADB Command များဖြင့် တင်ယူနည်းဖြစ်ပါတယ်၊ Custom Recovery နည်းမဟုတ်ပါ။

Stock Recovery တွင်လည်း apply update from ADB ပါဝင်နေသည့်အတွက်
Android Device အများစုကို ဒီနည်းလမ်းဖြင့်တင်ယူနိုင်ပါတယ်၊ ဒါပေမယ့် မိမတင်ယူတမယ့်
OTA Update.zip သည် မိမိဖုန်းတင်ယူမည့် ဖုန်းအတွက် OAT.zip ဖိုင်ဖြစ်နေရပါမည်။

လိုအပ်ချက်များ
==========
၁။ ကွန်ပျူတာတွင် ADB & Fastboot Driver ကို ထည်သွင်းပါ။

၂။ ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 60% နှုန်းရှိနေရပါမည်။

၃။ မိမိဖုန်းက Bootloader lock deivce ဆိုရင်တော့ Unlock လုပ်ထားပါမည်။

၎။ မိမိဖုန်းတွင် Stock Recovery ဖြစ်နေရပါမည်။

၅။ တင်ယူမယ့် ဖုန်းနဲ့ OTA Firmware Updates.zip ကိုက်ညီနေရမည်။
OTA Update ကို ADB Sideload ဖြင့်တင်နည်း
၁။ မိမိဖုန်းအတွက် OTA Update.zip ကိုဒေါင်းလော့လိုက်ပြီး OTA.zip ဆိုပြီး နာမည်ပြောင်းပါ။

၂။ ADB and Fastboot အတွက် Minimal ADB and Fastboot Tool ကအဆင်ပြေပါတယ်၊

မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
SKD မှ Platform Tool ဖြင့်လည်း အသုံးပြုနိုင်ပါတယ်၊ မိမိအတွက်အဆင်ပြေနိုင်တာကို အသုံးပြုပါ။

၃။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။

၎။ ဒေါင်းလော့ရယူထားတဲ့ OTA.zip File ကို ADB & Fastboot Folder မှာထည့်ထားပါ။

၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
6။ ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ
၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot recovery”
၈။ ဖုန်း Screen မှာ “Allow USB debugging” ဆိုပြီးမြင်နေရရင်တော့ OK/Yes ကိုနှိပ်ပါ။
၉။ ဖုန်းမှာ Recovery Mode သို့ရောက်သွားပါလိမ့်မယ်၊ အပေါ်တက် အောက်ဆင်း
 Vol Up + Down ကီးများဖြစ်ပြီး အတည်ပြုတဲ့ခလုပ်ကတော့ Power ကီးဖြစ်ပါတယ်။
၁၀။ Recovery Mode တွင် “Apply update from ADB” ကိုရွေးချယ်လိုက်ပါ။
၁၁။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb sideload ota.zip
၁၂။ OTA Installation process ကိုစတင်ပါလိမ့်မယ်၊ အချိန်ကြာပါမည်၊
ပြီးဆုံးအောင်စောင့်နေလိုက်ပါ ကြိုးဖြုတ်မိတာမျိုး မလုပ်မိပါစေနဲ့။

၁၃။ ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ
သင့်ဖုန်းကို ADB Sideload ဖြင့် OTA Update ကို တင်လို့ပြီးဆုံးပါပြီ။

မှတ်ချက်...။ အထက်ပါနည်းလမ်းသည် ဖုန်းမှာ Root access မလို Stock Recovery တွင်ပါဝင်သည့်
adb sideload ကနေ OTA.zip ဖိုင်ကို ADB Command များဖြင့် တင်ယူတာဖြစ်ပါတယ်။

OTA Update.zip ကို Sideload ဖြင့်တင်နည်း
ဒီနည်းလမ်းသည် Stock Recovery မှ OTA Update.zip ကို Sideload ဖြင့်တင်နည်းနဲ့
အလားသဏ္ဍန်တူညီကြပါတယ်၊ Custom Recovery ဆိုရင်တော့ ADB Sideload က
Advanced Option ထဲတွင် ရှိပါတယ်၊ ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ မိမိဖုန်းများတွင်
TWRP Recovery ဗားရှင်း အနည်းဆုံး TWRP 2.3 နဲ့အထက် များမှာ အဆင်ပြေမှာဖြစ်ပါတယ်။

ဒီနည်းလမ်းသည် Official အတိုင်းဖြစ်ပါတယ်၊ Team win recovery project များကို
ထုတ်ပေးနေတဲ့ Official web မှာတင် တရားကြေငြာထားတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

ADB Command ကိုအသုံးပြုရန်အတွက်တော့ Official အပါအ၀င် ADB Command prompt ကို
အသုံးပြုရာတွင် Android SDK မှ platform-tools ကို ညွှန်ပေးထားတာတော့ သတိထားမိတယ်။

ဒါပေမယ့် ပြသနာမဟုတ်ပါဘူး ADB & Fastboot.zip ဖြင့်လည်း အဆင်ပြေပါတယ်၊ 
တင်နည်းကိုတော့ အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ၊ လိုအပ်ချက်များနဲ့ 
လမ်းညွှန်းများကို သဘောပေါက်အောင်ကြည့်ပါ။


လိုအပ်ချက်များ
=========
၁။ ဖုန်းမှာ TWRP Recovery 2.3 အထက် ထည့်သွင်းထားပါ။

၂။ ကွန်ပျူတာတွင် ADB & Fastboot Driver ကိုထည်သွင်းထားပါ။

၃။ သက်ဆိုင်ရာဖုန်းအတွက် OTA Update.zip ဖိုင်။

၎။ Android SDK မှ platform-tools.zip
၅။ Read instruction (လမ်းညွှန်အတိုင်းပြုလုပ်ပါ)


၁။ မိမိဖုန်းအတွက် OTA Update.zip ကိုဒေါင်းလော့လိုက်ပြီး OTA.zip ဆိုပြီး နာမည်ပြောင်းပါ။

၂။ ADB and Fastboot ဆိုင်ရာ Driver ကိုကွန်ပျူတာတွင် ထည့်သွင်းထားပါ။

၃။ ဒေါင်းလော့လင့်မှ SKD - Platform Tool.zip ကိုဒေါင်းလော့ရယူပြီး ဇစ်ဖြည်လိုက်ပါ။

မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
 Minimal ADB and Fastboot Tool လည်း အသုံးပြုရတာ အဆင်ပြေပါတယ်။

၎။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။

၅။ ဒေါင်းလော့ရယူထားတဲ့ OTA.zip File ကို Platform Tool Folder မှာထည့်ထားပါ။

၅။ Platform Tool Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
6။ ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ
၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot recovery”
၈။ ဖုန်း Screen မှာ “Allow USB debugging” ဆိုပြီးမြင်နေရရင်တော့ OK/Yes ကိုနှိပ်ပါ။
၉။ ဖုန်းမှာ Custom Recovery Mode သို့ရောက်သွားပါလိမ့်မယ်၊ 
Touch Recovery ဖြစ်တဲ့အတွက် ဖုန်းများ နှိပ်စရာမလိုပါ။
၁၀။ Custom Recovery Mode တွင် Advanced ဆိုတာကိုနှိပ်ပါ။
၁၁။ ADB Sideload ကိုထပ်နှိပ်လိုက်ပါ။
 ၁၁။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb sideload ota.zip (File Name.zip)

 ဥပမာ...။ adb sideload sample.zip

 ၁၂။ OTA Installation process ကိုစတင်ပါလိမ့်မယ်၊ အချိန်ကြာပါမည်၊
ပြီးဆုံးအောင်စောင့်နေလိုက်ပါ ကြိုးဖြုတ်မိတာမျိုး မလုပ်မိပါစေနဲ့။

၁၃။ ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ
သင့်ဖုန်းကို ADB Sideload ဖြင့် OTA Update ကို တင်လို့ပြီးဆုံးပါပြီ။
မှတ်ချက်...။ အထက်ပါ နည်းလမ်းသည် ဖုန်းတွင် Twrp recovery ထည့်သွင်းပြီးမှ
Advanced>>ADB Sideload မှ တင်ယူနည်းဖြစ်ပါတယ်။

FlashFire apk ဖြင့် Root access မပျောက်ပဲ တင်နည်း

OTA Update.zip ကို FlashFire apk ဖြင့်လည်း တင်ယူနိုင်ပါတယ်၊ ဒီ apk ကိုတော့ chainfire မှ
ထုတ်လုပ်ပေးထားတာဖြစ်ပြီး ဒီ apk ဖြင့် တင်ယူမယ်ဆိုရင်တော့ ဖုန်းမှာ Root access မပျောက်ပါ။

''FlashFire ဆိုတာဘာလဲ''

FlashFire ဆိုတာကတော့ SuperSU ကို ဖန်တီးခဲ့တဲ့
Chainfire ရဲ့ အစွမ်းထက် Tool တစ်ခုပဲ ဖြစ်ပါတယ်။

FalshFire Tool နဲ့ ဖုန်းမှာ OTA update ပြုလုပ်ခြင်း၊ .zip ဖိုင်ကနေ Install လုပ်ခြင်း၊
Backup နဲ့ Restore အသစ်တွေ ကိုယ်တိုင်ဖန်တီးခြင်း၊ အချက်အလက်ဖိုင်တွေကို
လိုသလို ရှင်းလင်းခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေ ကိုယ်တိုင် manual အနေနဲ့ Backup ဒါမှမဟုတ် restore စတဲ့
recovery စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် OTA Update ပြုလုပ်ဖို့
အတွက်လည်း ဖုန်းကို un-rooting လုပ်ခြင်း၊ ဖုန်းကို root ပြန်လုပ်ခြင်း
re-rooting စတာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

OTA update လုပ်ခြင်းကို root လုပ်ထားတဲ့ ဖုန်းတော်တော် များများမှာ အသုံးမပြုနိုင်ပါဘူး
 တချို့ဖုန်းတွေ update ကို download ပြုလုပ်နိုင်ပေမယ့် ဖုန်းမှာအဆင်ပြေပြေ install
ထည့်သွင်းလုပ်ဖို့အတွက် FlashFire လိုမျိုး Tool အသုံးပြုမှရရှိမှာ ဖြစ်ပါတယ်။

အရင်ကထွက်ခဲ့တဲ့ FlashFire Tool ကို Android 4.2+ နဲ့အထက် ဖုန်းတွေမှာ အဆင်ပြေပြေ
အသုံးပြုနိုင်ပေမယ့် ခုချိန်ထိ FlashFire App ဟာ Beta အနေနဲ့ပဲ ထုတ်လုပ်ပေးထားတာ
 ဖြစ်တဲ့အတွက် တချို့ဖုန်းတွေမှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ FlashFire ကို ဖန်တီးထားတဲ့
ChainFire က Samsung မော်ဒယ် တော်တော်များများမှာ အသုံးပြုနိုင်တဲ့အပြင်
Nexus ဖုန်းတွေမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
FlashFire App ကို Google PlayStore ကနေ ရယူလိုက်ပါ


Download Here FlashFire Tool


FlashFire App ကို ထည့်သွင်းပြီးပြီ ဆိုရင်တော့ ဖုန်းကို Root လုပ်ထားရင်တောင်
OTA update ကို အဆင်ပြေပြေနဲ့ တင်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး Root လုပ်ထားတဲ့
Android OS 5.0 Lollipop ဖုန်းကနေ Android OS 6.0.1 Marshmallow ကို OTA update တင်နည်းကိုလေ့လာကြည့်ပါ။

မိမိဖုန်းအတွက် သက်ဆိုင်ရာ OTA update ဖိုင်ကို  Download လိုက်ပါ၊
Download လုပ်ရုံပဲလုပ်ထားပြီး Install မလုပ်ပါနဲ့ဦး၊

အဲလိုမှမဟုတ်ဘဲ Install လုပ်လိုက်မယ်ဆိုရင်တော့ Root လုပ်ထားတဲ့ ဖုန်းတွေမှာ
install fail ဆိုတဲ့ ဖုန်း Update လုပ်ခြင်း အပြည့်အဝ မအောင်မြင်ဘူးဆိုတာ
 ပေါ်လာပြီး Update ထပ်လုပ်ခိုင်းမှာ ဖြစ်ပါတယ်။

FlashFire ကို ဖုန်းမှာ install ပြုလုပ်လိုက်ပါ၊ OTA Update ဖိုင်ကို Flash (Install) လုပ်မလားဆိုတဲ့
အသိပေးချက် ပေါ်လာမှာဖြစ်ပြီး Flash လုပ်မှာဖြစ်တဲ့အတွက် OK ဆိုတာကို ရွေးပေးလိုက်ပါ။

ပြီးရင်တော့ FlashFire ကနေ OTA ဖိုင်ကို ဘာတွေလုပ်နိုင်မယ်ဆိုတာကို
 ဖော်ပြပေးမှာဖြစ်ပြီး မိမိအနေနဲ့ စိတ်ကြိုက်ရွေးချယ်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ ဘာမှမရွေးပေးလည်း ရပါတယ်။

တကယ်လို့များ ကိုယ့်ရဲ့ဖုန်းကို Root လုပ်စဉ်တုန်းက သာမာန် App တစ်ခုခုသုံးပြီး
လုပ်ထားတာမျိုး မဟုတ်ဘဲ TWRP လိုမျိုး Custom recovery စနစ်ကနေဝင်ပြီး
လုပ်ထားတာဆိုရင်တော့ FlashFire ကနေ ဖုန်းထဲက ဖိုင်တွေကို Backup အရင်လုပ်ပြီး
OTA update ဖိုင်တွေ Flash လုပ်ဆောင်ချက်ပြီးဆုံးမှ ပြန်လည် Restore လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ OTA Update ဖိုင်တွေကို flash လုပ်ဖို့အတွက် အလည်နားက
Flash ဆိုတဲ့ စာသားပါတဲ့ အတန်းလေးကို နှိပ်လိုက်ပါ။

Flash စာသားကိုနှိပ်လိုက်မယ် ဆိုရင်တော့ ဖိုင်တွေကို Flash လုပ်ဖို့အတွက်
အချိန်မိနစ် အနည်း ငယ်ကြာမယ်ဆိုတာနဲ့ ဖုန်းရဲ့ မြင်ကွင်း အမည်းရောင်အဖြစ်
မိနစ်ဝက်ခန့် ၂ ကြိမ်ပေါ်လာနိုင်မယ်ဆိုတဲ့ အသိပေးစာသားပေါ် လာမှာဖြစ်ပါတယ်။

စာသားပေါ် လာရင်တော့ OK ကိုပဲ ရွေးပေးပါမယ်။

OTA ဖိုင်အားလုံးကို Flash လုပ်ခြင်း အားလုံးပြီးဆုံး သွားရင်တော့ ဖုန်းကို FlashFire ကနေ
Reboot ချလိုက်မှာဖြစ်သလို နဂို Root နဲ့ ဆိုင်တဲ့ အချက်တွေကို Restore ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။ အားလုံးပြီးဆုံးချိန်ထိ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ အထက်ပါပုံအတိုင်း ကိုယ့်ရဲ့ဖုန်းဟာ Android 6.0.1 ကို ပြောင်းနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။


Android Devices များကို OTA Updates တင်နည်းများကို
ကျနော်နားလည်သလောက် စုစည်းပြီး ရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်


အားလုံးပဲ နည်းပညာများ တိုးတက်နိုင်ကြပါစေ


ခင်မင်လေးစားလျှက်



ဇူးနစ်



ဇူးနစ်(နည်းပညာ)




www.zunite.org

No comments:

Post a Comment