Tuesday, December 13, 2016

♪ သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်း ( ၅ ) ခု ♫


သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို ချိတ်ဆက်ပြီးရင်တော့ ဖုန်းမှ သီချင်းများကို ကားရဲ့ အသံစနစ်ကနေ နားဆင်နိုင်ပါပြီ။ ဒီ Tutorial မှာ ကားနဲ့ ဖုန်းကို ချိတ်ဆက် နိုင်တဲ့  နည်းလမ်း (၅) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ Audio Jack
11

ခေတ်သစ်ကားတော်တော်များများမှာ Audio Jack ပါပါတယ်။ ကားရဲ့ စတီရီယို စနစ်အနားမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ 3.5mm Cable ကို သုံးပြီး ဖုန်းနဲ့ ကားကို ချိတ်ဆက်ပါ။ စတီရီယိုကို AUX ပြောင်းပြီးရင် ဖုန်းမှ သီချင်းများကို ကားမှာ နားဆင်နိုင်ပါပြီ။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများကိုလည်း နားဆင်နိုင်ပါတယ်။

ကားအဟောင်းများရဲ့ စတီရီယိုအနောက်မှာ လျှို့ဝှက် Audio Jack တစ်ခုရှိပါတယ်။ Auto Manuals မှာ အဲဒီသတင်းအချက်အလက်ကို ပြသလေ့ မရှိပါဘူး။ အဲဒီအတွက် သင့်ကားမှာ လျှို့ဝှက် Audio Jack ပါလားဆိုတာ Google မှာ လေ့လာပါ။ ဒီနည်းနဲ့ ချိတ်ဆက်ဖို့အတွက် စတီရီယို အစိတ်အပိုင်းကို ဖြုတ်ရတဲ့ အလုပ်ရှုပ်မှုတွေ ရှိမှာပါ။

သီချင်းနားထောင်ချင်တိုင်း Audio Jack နဲ့ ဖုန်းကို ကြိုးဖြင့် ချိတ်ဆက်ရတာ မကြိုက်ရင် ( သင့်ကားမှာ Bluetooth မရှိရင် ) Audio Jack မှာ တပ်ဆင်နိုင်တဲ့ Bluetooth Receiver ကို ၀ယ်နိုင်ပါတယ်။ ပြီးရင်တော့ သင့်ဖုန်းမှ Bluetooth နဲ့ ချိတ်ဆက်၍ သီချင်းနားထောင်နိုင်ပါတယ်။

၂။ USB Port

သင့်ကားမှာ USB Port ပါရင် ဖုန်းနဲ့ ကားကို USB Cable နဲ့ ချိတ်ဆက်ပြီး ဖုန်းမှ သီချင်းများကို ကားမှာ နားဆင်နိုင်ပါတယ်။ အင်တာနက်မှ သီချင်းများကို ဖုန်းကနေ ဖွင့်ရင်တော့ ဒီနည်းလမ်းက အလုပ်မလုပ်ပါဘူး။

၃။ Bluetooth
maxresdefault

သင့်ကားမှာ Bluetooth ပါရင် ဖုန်းရဲ့ Bluetooth ကို ဖွင့်ပြီး လွယ်ကူစွာ ချိတ်ဆက် နားဆင်နိုင်ပါတယ်။ တစ်ခါချိတ်ဆက်ပြီးရင် နောက်ထပ် ချိတ်ဆက်စရာ မလိုပါဘူး။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများကိုလည်း နားဆင်နိုင်ပါတယ်။

၎။ Cassette Tape Deck Adapter

သင့်ကားဟာ မော်ဒယ်အောက်နေပြီး တိတ်ခွေဖွင့်စက်သာပါရင် Cassette Tape Adapter ကို ၀ယ်ပါ။ Adapter ကို ကတ်ဆတ်မှာ တပ်ဆင်ပြီး သင့်ဖုန်းမှာ Audio Jack ကို တပ်ဆင်လိုက်ရင် အိုကေပါပြီ။

၅။ FM Transmitter

သင့်ကားအတွက် အထက်ပါ နည်းလမ်းအားလုံး သုံးလို့မရရင် FM Transmitter ကို ၀ယ်ပါ။ FM Transmitter က FM Frequencies ကနေ Android မှ သီချင်းများကို ကားမှာ ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဈေးနှုန်းမှာ ၁၅ ကနေ ဒေါ်လာ ၁၀၀ ကြားရှိတဲ့ အတွက် နောက်ဆုံးမှ စဉ်းစားသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။


Credit to ==> Digital Times



No comments:

Post a Comment