Thursday, December 1, 2016

Recovery ဆိုတာဘာလဲ နဲ့ အသုံးများသော Recovery များအကြောင်း


Recovery ဆိုတာဘာလဲ နဲ့ အသုံးများသော Recovery များအကြောင်းကို
သတိရတုန်း ဆရာ Sithu Pain (Android system) စာအုပ်နဲ့ အခြားသော
Web များ၏ Source များကို အခြေခံပြီး နားလည်မိသလောက် မျှဝေလိုက်ပါတယ်။

Android အကြောင်းကို လေ့လာမိပြီဆိုရင်တော့ Device ထဲတွင်ပါဝင်နေသည့်
Recovery OS အကြောင်းကိုလည်း မသိထားလို့မရပါဘူး Recovery အကြောင်းကို
အတွင်းကျကျလေ့လာမိမှ သူ့ရဲ့ ကောင်းကျိုးများနဲ့ ရှောင်ကြည်သင့်တာမျိုးကိုနားလည်
သဘောပေါက်ပြီး မိမိအတွက် System ပိုင်းနားလည်ရန်အတွက် အထောက်အကူပြုမှာပါ

 Recovery OS ဆိုတာဘာလဲနဲ့ ဆိုတာနဲ့ ပြမ်းမျှအားဖြင့် ဘယ်လောက်ရှိနိုင်မလဲ
ပြီးတော့ အဲဒီ အရေအတွက် Recovery OS တွေထဲ Popular ဖြစ်ပြီး လက်ရှိ
အသုံးအများဆုံး Recovery OS တွေကကော ဘာတွေဖြစ်နိုင်ကြမလဲဆိုတာရယ်
Recovery တွေရဲ့ Option တွေထဲမှာ ဘာတွေ Modify ပြုလုပ်နိုင်မလဲ ကွဲပြားခြားနားတဲ့ 
Devices manufacturers များနဲ့ ဖန်တီးချင် Developer များတို့၏ Recovery OS များအကြား
 limited & unlimited တွေ၏ Function အကြောင်းကို ကောင်းကောင်း နည်းလည်သွားမှာပါ။
Recovery ဆိုတာ
===========
Device ရဲ့ User data partition သို့မဟုတ် bootable partition ထဲမှ data တွေကို ဖျက်ပစ်ရန်၊
 ဒါမှမဟုတ် Device ကို OTA Update လုပ်ရန်အတွက် Device မှာ သီးသန့်ထားတဲ့ 
OS အသေးစားတစ်ခုဖြစ်ပါတယ်၊ ၎င်းကိုပဲ Recovery OS လို့ခေါ်ကြသလို၊ 
Recovery Console ဟုလည်း ခေါ်ကြပါတယ်။


Devices များကွဲပြားခြားနားချက်များ
====================
ဖုန်းအမျိုးအစားချင်း မတူညီတာမို့ Recovery Mode များသို့ဝင်ရောက်ရန်အတွက်
သက်ဆိုင်ရာ ခလုပ်များကို နှိပ်ပြီးဝင်ရန်တွင်လည်း ကွဲပြားခြားနားကြမှာပဲဖြစ်ပါတယ်။

ဥပမာ Samsung Device များအတွက်တော့ Recovery Mode သို့ ၀င်ရန်အတွက်
Power + Vol Up + Home ကီးများဖြင့် နှိပ်ပြီး အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

Fastboot Mode မျိုး ပါဝင်နေတဲ့ ဖုန်းများအတွက်တော့ Device ကို Recovery ၀င်ချင်တယ်ဆိုရင်
သူ့အတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ ခလုပ်တွေကို တွဲနှိပ်ပြီးမှ ၀င်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

တကယ်လို့ ဖုန်း Device အမျိုးအစားက Fastboot Mode မျိုးပါဝင်နေတဲ့ ဖုန်းတစ်လုံးဆိုရင်တော့
ခလုပ်တွေကိုမနှိပ်ပဲ Recovery Mode ကို ADB Command များဖြင့်လည်း ၀င်ရောက်နိုင်ပါတယ်။

ဥပမာ - adb reboot recovery
Recovery နှစ်မျိုး
==========
Recovery ထဲတွင် Stock Recovery နဲ့ Custom Recovery ဆိုပြီး အကြမ်းဖြင့်
နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်၊ ၎င်း နှစ်မျိုးဟာ တစ်ခုနဲ့ တစ်ခု Function များကွဲပြား
ခြားနားကြပြီး Main Purpose လည်း အခြားနားကြီး ခြားနားနေကြတာပဲဖြစ်ပါတယ်။
1. Stock Recovery
 

2. Custom Recovery

Stock Recovery ဆိုတာ
==============
Stock Recovery ဆိုတာ Device ထုတ်လုပ်တဲ့ Company တွေကထည့်ပေးလိုက်တဲ့ 
Recovery မျိုးကိုပြောတာဖြစ်ပါတယ်၊ ၎င်း Stock Recovery က limited ရှိပြီး အသုံးပြုရလွယ်ကူအောင် ပြုလုပ်ပေးထားတာလည်း ဖြစ်ပါတယ်။

သူ့ထဲပါဝင်နေတဲ့ Function များက User data များနဲ့ Files များကို ဖျက်နိုင်မယ်၊ 
အများသူငှာသိနေကြတဲ့ Factory Reset တစ်ခု ချပေးရန်အတွက် အဓိက အသုံးပြုနိုင်တယ်၊
 ပြီးတော့ OTA Update များကို တင်ယူနိုင်အောင် ပဲ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။


OTA Update ဆိုတာ
=============
OTA Update ဆိုပြီး စကားတစ်လုံး ထူးဆန်းပြီးလာပါလို့ OTA Update လုပ်တယ်ဆိုတာကို
အနည်းငယ်ထပ်ရှင်းပြပေးချင်ပါတယ်၊ OTA ရဲ့ အရှည်က Over The Air ကိုပြောတာဖြစ်ပါတယ်။

Device ကို ထုတ်လုပ်တဲ့ Company တွေက Device များ၏ OS ဗားရှင်းများကို အဆင့်မြှင့်တင်ဖို့
သို့တည်းမဟုတ် ကွန်ပျူတာမလိုပဲ Wi-Fi Connection ကောင်းရုံဖြင့် Device မှာတင် Online ကနေ
တစ်ဆင့် တိုက်ရိုက်ဒေါင်းလော့ ရယူပြီး အလွယ်တကူ system update လုပ်နိုင်အောင်
 ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။


OTA Update ၏ သဘောတရား
==================
OTA Update ၏ သဘောတရားက Official မှ တိုက်ရိုက် ချပေးလာတဲ့ Update File ကို
အများစုက ဒေါင်းလော့ဆွဲပြီး Recovery ကနေ apply လုပ်ယူကြပါတယ်။

ပြီးတော့ အဲဒီ OTA Update File တွေက Firmware တစ်ခုလုံးဖြစ်နိုင်သလို၊ တစ်ခါတရံတွင်
Device အတွက် လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ပေးမယ့် System File တစ်စိတ်တစ်ပိုင်းလည်း
ဖြစ်နေတတ်ပါတယ်။

အဲဒါက ဘာကြောင့်လဲဆိုတော့ Company တွေက သူတို့၏ Device တွင် ဖြစ်လေ့ရှိတဲ့ Error အချို့ကို
ဖြေရှင်းညီ့း system ပိုင်းပိုမိုကောင်းမွန်လာအောင် ထုပ်လုပ်ပေးနေခြင်းလည်း ဖြစ်ပါတယ်။

Stock Recovery Mode တွင် အားလုံးသတိထားမိတဲ့ စာကြောင်းလေးတစ်ခုရှိပါတယ်၊ အဲဒါကတော့
Apply Update From SD Card ဆိုတဲ့ စာကြောင်းပါ၊ အဲဒီရဲ့ ရည်ရွယ်ချက်က Official မှ ချပေးလာတဲ့
OTA Update.zip File ကိုဒေါင်းလော့ဆွဲပြီး SD Card ဖြင့် Apply Update ဆိုပြီး တင်ယူနိုင်ပါတယ်။


 OTA Update ကို ရေးသားနည်း
==================
OTA Update ၏ သဘောတရားသည် Samsung Official မှ သက်ဆိုင်ရာဖုန်းအတွက်
Firmware Update version ကို ချပေးလာတဲ့အခါ အဲဒီ Update vesion မျိုးကို OTA Update လို့ခေါ်တယ်။

OTA Update ကို Firmware ရေးသားမယ်ဆိုရင် မိမိဖုန်းတွင် တိုက်ရိုက်တင်ယူနည်းနဲ့
ADB Command များဖြင့်လည်း တင်ယူနိုင်ပါတယ်။

၁။ ဖုန်းမှာတင် OTA Update ဗားရှင်းကို တင်ယူမယ်ဆိုရင်တော့

Settings>>About device>>System update>>Update

(မှတ်ချက်) Your device is up to date ဆိုပြီး ပြနေခဲ့ရင်တော့ မိမိဖုန်းအတွက်
Firmware Version က နောက်ဆုံး ဗားရှင်းဖြစ်ပါတယ်၊ တင်လို့မရနိုင်တော့ပါ။

၂။ ADB Command များဖြင့် Firmware ရေးသားမယ်ဆိုရင်တော့ OTA Update.zip ဖိုင်ကို
ဖုန်းမှာ ADB Sildeload Mode ၀င်ထားပြီး သက်ဆိုင်ရာ Command များဖြင့် ရေးသားနိုင်ပါတယ်။

၃။ Odin Flash Tool ဖြင့် Firmware ရေးသားနည်းကတော့ Samsung Devices များအတွက်
Menual အနေဖြင့် Firmware ရေးသားဖြစ်ပါတယ်။


Factory Reset ၏ သဘောတရား
===================
Stock Recovery အကြောင်းကို ပြောရင်တော့ ဒီ Factory Reset ၏ သဘောတရားကိုလည်း 
ထည့်ပြောပါမှ ပိုပြီးပြည့်စုံရာရောက်ပါလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ Device ရဲ့ 
User data partition ထဲရှိ Data တွေကို ရှင်းထုတ်ပြီး Settings ကို စက်ရုံထုတ်ပုံစံ
အတိုင်းဖြစ်အောင် ပြုလုပ်တာကို Reset ချတယ်ဆိုပြီး သုံးနှုန်းကြတာပါ။

ဥပမာ - သင့်အသုံးပြုနေတဲ့ ဖုန်းက သွင်းထားတဲ့ User application တွေနဲ့ 
အခြားသော user data တွေက အကြောင်းကြောင့် Error တက်နေပြီး သုံးရတာ အလွန်အမင်း လေးလံနှေးကွေးနေတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် 
သို့တည်းမဟုတ် Device ရဲ့ လုံခြုံရေးအတွက် ပြုလုပ်ထားတဲ့ Security ပိုင်းဖြစ်တဲ့ 
Password/Pattern/Pin စတဲ့ Screen Lock တွေရဲ့ လျှို့ဝှက်ချက် Code တွေကို မေ့သွားတဲ့ အခါမျိုးမှာ 
ဖုန်းကို Recovery Mode သို့ဝင်ပြီးမှ Wipe cache partition & Wipe factory data reset များဖြင့်
 ဖုန်းကို Reset ချ အသုံးပြုရမှာပဲဖြစ်ပါတယ်။


Custom Recovery ဆိုတာ
=================
Custom Recovery ကတော့ Stock Recovery နဲ့ အများကြီးကွဲပြားခြားနားပါတယ်၊
Functions အများစုကို Backup & Restore ပြုလုပ်နိုင်တဲ့ code ကိုအသုံးပြုထားပါတယ်။

အသုံးမလိုတဲ့ data တွေကို ဖျက်ချင်တဲ့အခါမျိုးမှာလည်း Official ၏ source များမလိုပဲ
သို့တည်းမဟုတ် wipe ဖြင့် ရှင်းထုတ်ပေးနေစရာမလိုပဲ တစ်ခါတည်း တန်းဖျက်နိုင်ပါတယ်။

ပြီးတော့ Update Packages တွေကို ထည့်သွင်းအသုံးပြုလိုတဲ့အခါမျိုးမှာလည်း ခွင့်ပြုချက်မလိုပဲ
အလွယ်တကူ Modify ပြုလုပ်နိုင်တာမို့ Flashable.zip များကို အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။

Files များကို SD Card သို့ ပြောင်းချင်တဲ့အခါလည်း Partitions များကို Mount ပြုလုပ်ပြီး ဖုန်းကို
Reboot ချစရာမလို၊ ရှိနေတဲ့ဖိုင်ကိုလည်း remove လုပ်စရာမလိုပဲ ပြောင်းလဲရယူနိုင်ပါတယ်။

နောက်တစ်နည်းပြောမယ်ဆိုရင်တော့ Custom Recovery ဆိုတာ တခြား ပြင်ပအဖွဲ့အစည်း 
(Third Party) ကထုတ်ပေးတဲ့ Recovery OS ကိုပြောတာဖြစ်ပါတယ်၊ (ဖုန်းထုတ်တဲ့ Company ကထုတ်ပေးတာမျိုး မဟုတ်ပါဘူး) ပြင်ပ အဖွဲ့အစည်းက ထုတ်ပေးတာဖြစ်တဲ့အတွက် Custom Recovery တွေကို ဖုန်းထုတ်တဲ့ မူလ Company ရဲ့ Manufacturer's key နဲ့ Sing မလုပ်ထားပါဘူး

ဒါကြောင့် Custom Recovery ကနေ boot တင်ချင်တာပဲဖြစ်ဖြစ်၊ Custom Recovery ကို
ထည့်သွင်းရယူချင်တာပဲဖြစ်ဖြစ်၊ ပြီးတော့ Custom Rom ကိုပဲ တင်သုံးချင်တာပဲဖြစ်ဖြစ်
ဖုန်းမှာ Bootloader ကို Unlock ဖြစ်အောင်ပြုလုပ်ထားရပဲ ဖြစ်ပါတယ်။


Custom Recovery နဲ့ Boot သဘောတရား
=========================
Custom Recovery ကို Install မလုပ်သေးပဲ ယာယီအနေနဲ့ Boot တက်ချင်တယ်ဆိုရင်
Fastboot boot custom-recovery.img ဆိုပြီး Fastboot Command ကိုအသုံးပြုရပါတယ်။

တကယ်လို့ Custom Recovery ကို ဖုန်းရဲ့ Recovery Partition မှာ အသေထားချင်တယ်ဆိုရင်
Fastboot flash recovery custom-recovery.img ဆိုပြီး Fastboot Command ဖြင့်
Flash ပေးယူရမှာပဲ ဖြစ်ပါတယ်၊ ဒါအပြင့် အခြား Flashable.zip ဖိုင်များကိုလည်း 
Custom Recovery Mode မှ အလွယ်တကူ ထည့်သွင်းရယူနိုင်ပါတယ်။
Custom Recovery တွေက Stock Recovery တွေထက် အဆင့်မြင့် လုပ်ဆောင်ချက်တွေ
ပါဝင်နေပါတယ်၊ Custom Recovery ကနေ Device ရဲ့ Partition အားလုံးကို
Full Backup & Restore အလွယ်တကူ ပြုလုပ်ရယူနိုင်ပါတယ်၊

ဒါ့အပြင် OTA package signature စစ်ဆေးခြင်းကိုလည်း ပိတ်ထားပါတယ်၊ ဒါကြောင့်
ဖုန်းကို Third-Party OS (Custom ROMs) တင်တဲ့အခါမှာလည်း Custom Recovery ကို
အသုံးပြုလို့ပါတယ်။


Stock Recovery & Custom Recovery ကွဲပြားချက်များ

Stock Recovery နဲ့ Custom Recovery တွေရဲ့ Menu ကွဲပြားချက်များလည်း
ဖုန်း အဟောင်း အသစ် Model အပေါ်မူတည်ပြီး မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။


Stock Recovery Menu များ

Stock Recovery များတွင် J7 (2016) ဖုန်းများနဲ့ J2 (2016) ဖုန်းများ
ပြီးတော့ Model အလည်အလတ်များနဲ့ ဖုန်းအဟောင်းများ၏ Menu များသည်
ဘယ်လောက်များကွဲပြားခြားနားကြသလဲဆိုတာကို အောက်ပါအတိုင်းလေ့လာကြည့်ပါ။


Recovery Mode ရိုးရိုး 2016 (J7)
===================
1. Reboot system now
2. Reboot to bootloader
3. Apply update from ADB
4. Apply update from SD Card
5. Wipe data/factory reset
6. Wipe cache partition
7. Mount /system
8. View recovery logs
9. Power Off



Recovery Mode 2016 J2 ဖုန်းများ
=====================
1. Reboot system now
2. Apply update from ADB
3. Apply upate from exteranl storage
4. Apply upate from cache
5. Wipe data/factory reset
6. Wipe cache partition
7. Reboot to bootloader
8. Power Down/off
9. View recovery logs



Recovery Mode (အလယ်အလတ်)
====================
1. Reboot system now
2. Apply update from ADB
3. Apply upate from exteranl storage
4. Wipe data/factory reset
5. Wipe cache partition
6. Apply update from cache



Recovery mode (ဖုန်းအဟောင်း)
===================
1. Reboot system now
2. Apply update from SD Card
3. Wipe data/factory reset
4. Wipe cache partition

ရိုးရိုး Recovery mode တွင် ပြုလုပ်နိုင်သည့် အရာများ

၁။ ဖုန်းကို Reboot ချနိုင်တယ်။

၂။ ADB Command ဖြင့် Firmware ရေးသားနိုင်။

၃။ Bootloader ကို Reboot ချနိုင်တယ်။

၎။ SD Card ဖြင့် Firmware or Other Flashable.zip များကို ရေးသားနိုင်။

၅။ ဖုန်းကို Cache & Factory Reset ချနိုင်တယ်။

၆။ System ပိုင်းကို Read/Write ပြောင်းလဲဖို့ Mount command သုံးနိုင်တယ်။

၇။ Recovery View logs ကိုကြည့်နိုင်တယ်။

၈။ ပါဝါပိတ်နိုင်တယ်။


Model အလည်အလတ်ဖုန်းများ

1. ဖုန်းကို Reboot ချနိုင်တယ်။

2. ADB Command ဖြင့် Firmware ရေးသားနိုင်။

3. SD Card ဖြင့် Firmware or Other Flashable.zip များကို ရေးသားနိုင်။

4. ဖုန်းကို Cache & Factory Reset ချနိုင်တယ်။

5. Users (data) cahce များကို update တင်နိုင်တယ်။


 Model အဟောင်းဖုန်းများ

1. ဖုန်းကို Reboot ချနိုင်တယ်။

2. SD Card ဖြင့် Firmware or
Other Flashable.zip များကို ရေးသားနိုင်။

3. ဖုန်းကို Cache & Factory Reset ချနိုင်တယ်။

အထက်ပါ Recovery Menu များသည် Samsung Device များကိုပဲ
တစ်ခုချင်းစီလေ့လာပြီးမှာ ချပြပေးလိုက်ခြင်းဖြစ်ပါတယ်၊ အခြားသော ဖုန်းများတွင်လည်း
သက်ဆိုင်ရာ ဖုန်းများ၏ Recovery Menu များသည် ကွဲပြားခြားနားနိုင်ကြပါတယ်။


အသုံးများသော Custom Recovery များ
=======================
လက်ရှိ ခေတ်စားနေတဲ့ Custom Recovery တွေထဲတွင် CWM Recovery နဲ့ TWRP Recovery များကို
လူကြိုက်များကြပြီး အသုံးတွင်ကျယ်နေတာလည်းဖြစ်ပါတယ်၊ အဲဒီ Recovery OS တွေတွင်လည်း တစ်ခုနဲ့
တစ်ခု Recovery Option များ မတူညီကြပဲ ကွဲပြားခြားနားချက်များ ရှိနေတတ်ကြပါတယ်။

တစ်နည်းထပ်ပြောမယ်ဆိုရင်တော့ Custom Recovery လို့ပြောလိုက်တာနဲ့
Official (Stock) မဟုတ်တဲ့ Recovery များအားလုံးကို ပြောတာဖြစ်ပါတယ်၊
 ဒါပေမယ့် Custom Recovery ကိုထုတ်တဲ့ အဖွဲ့အစည်းကိုလိုက်ပြီး ကွဲပြားပါသေးတယ်။

 ဥပမာ - ကျွန်တော်တို့ အသုံးများတဲ့ Recovery Image တွေကတော့ CWM
ClockworkMode ကထုတ်ပေးတဲ့ Recovery နဲ့ Team Win Recovery Project က
ထုတ်ပေးတဲ့ TWRP များဆိုပြီးတော့ အသုံးများသော Custom Recovery တို့ပဲဖြစ်ပါတယ်။

နောက်ထပ် Recovery OS တစ်မျိုးကတော့ PhilZ Touch Recovery ပဲ
ဖြစ်ပါတယ်၊ လူအသုံးနည်းပြီး ကောင်းမွန်တဲ့ Recovery တစ်မျိုးဖြစ်ပါတယ်။

Samsung Device များနဲ့ MTK Device များအတွက် အသုံးများပြီး
အခြားသော ဖုန်းများတွင် အသုံးပြုနေကြတာကိုတော့ မတွေ့မိသလောက်ပါပဲ။


Custom Recoveries များ

၁။ Clockworkmode (CWM)

၂။ Team Win Recovery Project (TWRP)

၃။ Philz Touch Recovery


TWRP Recovery Mode ပုံစံ

1. Install
2. Wipe
3. Backup
4. Restore
5. Mount
6. Settings
7. Advanced
8. Reboot & Restart

 


TWRP Recovery Mode တွင်

၁။ Any Flashable.zip များကိုထည့်သွင်းနိုင်

၂။ ဖုန်းကို Cache & Factory Reset ချနိုင်တယ်။

၃။ Nandroid Backup (Stock Rom Firmware) ကို ထုတ်ယူနိုင်။

၎။ Nandroid Backup (Stock Rom Firmware) ကို Restore ပြုလုပ်နိုင်။

၅။ System ပိုင်းကို Read/Write ပြောင်းလဲဖို့ Mount command သုံးနိုင်။

၆။ Custom Recovery Settings Option များကို ပြုပြင်နိုင်တယ်။

၇။ Advanced Option များကို Modify ပြုလုပ်နိုင်တယ်။

၈။ ဖုန်းကို Reboot ချနိုင်တယ်။



PhilZ Touch Reocvery Menu ပုံစံ

1. Reboot System Now
2. Install Zip
3. Wipe Data/Factory Reset
4. Wipe Cache Partition
5. Backup & Restore
6. Mounts and Storage
7. Advanced
8. PhilZ Settings
9. Power Options
PhilZ Recovery တွင်

၁။ ဖုန်းကို Reboot ချနိုင်။

၂။ Any Flashable.zip များကို ထည့်သွင်းနိုင်။

၃။ Wipe Data/Factory Reset ပြုလုပ်နိုင်။

၎။ Partition များကို Wip Cache ပြုလုပ်နိုင်

၅။ Naroid Backup & Restore ပြုလုပ်နိုင်။

၆။ Data File များနဲ့ Storage များကို Modify ပြုလုပ်ဖို့
Monts Command အသုံးပြုနိုင်။

၇။ Advanced Option များကို ပြုပြင်နိုင်။

၈။ PhilZ Settings များကို ပြုပြင်နိုင်။

၉။ ဖုန်းကို ပါဝါပိတ်နိုင်။


CWM Recovery Menu ပုံစံ

1. Reboot system now
2. Install zip
3. wipe data/factory reset
4. wipe cache partition
5. Backup & Restore
6. mounts and storage
7. advanced

CWM Recovery တွင်

၁။ ဖုန်းကို Reboot ချနိုင်။

၂။ Any Flashable.zip များကို ထည့်သွင်းနိုင်။

၃။ Wipe data/factory reset ပြုလုပ်နိုင်။

၎။ Wipe cache partition များကို ရှင်းထုတ်နိုင်။

၅။ Nandroid Backup & Restore ပြုလုပ်နိုင်။

၆။ Data File များနဲ့ Storage များကို Modify ပြုလုပ်ဖို့
Monts Command အသုံးပြုနိုင်။

၇။ Advanced Option များကို ပြုပြင်နိုင်။


ကဲဒီလောက်ဆိုရင်တော့ Recovery ဆိုတာဘာလဲနဲ့ အသုံးများသော
Recovery များကိုအကြောင်းကို နည်းလည်လောက်ပြီလို့ထင်ပါတယ်။


၁။ System Update လုပ်ငန်းစဉ်စတင်ခြင်း

၂။ TWRP Recovery ဆိုတာဘာလဲနဲ့ ထည့်သွင်းခြင်း

၃။ CWM Recovery ဆိုတာဘာလဲနဲ့ ထည့်သွင်းခြင်း

၎။ PhilZ Recovery ဆိုတာဘာလဲနဲ့ ထည့်သွင်းခြင်း


စသည်များကို ပိုစ့်တစ်ခုချင်းစီဖြင့် အသေးစိတ်ရှင်းလင်း ရေးသားပေးဦးမှာ
 ဖြစ်လို့ ပိုစ့်များကို ဆက်လင်စောင့်မျှော်ပေးကြပါဦးခင်ဗျား



အားလုံးကို ကျေးဇူးတင်ပါတယ်



Ref- Sithu Pain (Android System) စာအုပ်

www.androidcentral.com



ဇူးနစ်(နည်းပညာ)



www.zunite.org

No comments:

Post a Comment