Wednesday, December 28, 2016

♪ “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဆင်းကတ်မှတ်ပုံတင်နိုင်မည့် နေရာများထပ်မံတိုးချဲ့” ♫


No automatic alt text available.
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဆင်းကတ်မှတ်ပုံတင်နိုင်မည့် နေရာ များထပ်မံတိုးချဲ့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် MPT သုံးစွဲသူ ပေါင်း ၁၃ သန်းနီးပါးမှ ၄င်းတို့၏ ဆင်းကတ်များကို မှတ်ပုံတင်ပြီးစီးခဲ့ ပြီးဖြစ်ပါ သည်။

၂၁သန်းကျော်သော MPT သုံးစွဲသူအားလုံး ဆင်းကတ်မှတ်ပုံတင်ပြီးစီး စေရန် MPT အနေဖြင့် ဆင်းကတ်မှတ်ပုံတင်နိုင်မည့်နေရာ ထောင်ပေါင်း များစွာကို မြန်မာနိုင်ငံတစ်ဝန်းတွင် MPT က စီစဉ်ပေးထားကာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂ဝ၁၇ ခုနှစ်၊ မတ်လမတိုင်မီ ဆင်းကတ်များ အားလုံး မှတ်ပုံတင်ရေး ညွှန် ကြားချက်နှင့်အညီ သတ်မှတ်ချက် မတိုင်မီသုံးစွဲသူများအားလုံး မှတ်ပုံတင်ပြီးစီးစေရေးတိုးချဲ့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ လက်ရှိတွင် MPT လက်လီ အရောင်းဆိုင်ပေါင်း ၃၅ဝဝဝ ၌ ဆင်းကတ်မှတ်ပုံတင်ခြင်းကိုဆောင် ရွက် နိုင်ပြီဖြစ်ပြီး ယခုလည်း CB ဘဏ်၊ KBZ ဘဏ်၊ Bestone မိုဘိုင်းဖုန်းဆိုင်များနှင့် MPT တို့အကြားဆင်း ကတ် မှတ်ပုံတင်ခြင်း အတွက်ပူးပေါင်းပြီးနောက်တွင် ဆက်လက်ပြီးယခုကဲ့သို့ ထပ်မံတိုးချဲ့ရန်အစီအစဉ်များကိုဆောင် ရွက်သွားမည်ဖြစ်ပါသည်။

အလားတူပင်သုံးစွဲသူများအနေဖြင့် ၄င်းတို့အဆင်ပြေမည့် နေရာများတွင် ရွေးချယ် မှတ်ပုံတင်နိုင်စေရန် အခြားသော မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်း လက်တွဲကာ မကြာမီအချိန်အတွင်း မှတ်ပုံ တင်နိုင်မည့်နေရာများ ထပ်မံတိုးချဲ့ ကြေညာသွားနိုင်ရန်စီစဉ်လျက်ရှိသည်။ MPT သုံးစွဲသူပြည်သူများ အနေဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန်အတွက် နိုင်ငံသား မှတ်ပုံတင်ကတ်၊ ကျောင်းသာကတ် (သို့) ယာဉ် မောင်းလိုင်စင်လိုအပ်ပြီးနိုင်ငံခြားသားများ အတွက် နိုင်ငံကူးလက်မှတ်တို့လိုအပ်မည်ဖြစ်သည်။ 

အွန်လိုင်းမှလည်း ဆင်းကတ်မှတ်ပုံတင်နိုင်ပြီး https://care.mpt.com.mm/ တွင်ဝင်ရောက် ပြုလုပ်နိုင် မည်ဖြစ်သည်။ မကြာ မီကာလအတွင်း MPT4U အက်ပလီကေးရှင်း တွင် ဆင်းကတ်မှတ်ပုံတင်နိုင်မည့် ဝန်ဆောင်မှုသစ် ထပ်မံဖြည့်သွင်းသွား မည် ဖြစ်ကြောင်းလည်း သိရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 

No comments:

Post a Comment