Friday, December 9, 2016

Moto G4 Plus ဖုန်းတွင် Bootloader Warning ကိုဖြေရှင်းနည်း


Moto G4 Plus ဖုန်းတွင် Bootloader Warning ပြသနာအတွက်
ဖြေရှင်းနည်းကို အလိုရှိနေတဲ့ သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဒီဖုန်းများတွေက Bootloader Unlock လုပ်ရတဲ့ Device မျိုးဖြစ်တော့ သက်ဆိုင်ရာ
Tip & Trick များကိုပြုလုပ်ချင်တယ်ဆိုရင်တော့ Bootloader ကို Unlock ပြုလုပ်ရပါတယ်။

ဖုန်းက Unlocked Device ဖြစ်ပြီးတဲ့အခါ ရှာလာတဲ့ ပြသနာက Bootloader Warning ပိုင်းပါပဲ
ဘာရယ်မဟုတ်ဘူးဆိုပေမယ့် အသုံးပြုနေတဲ့ သူအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့ကတော့ ပထမဆုံး မိမိကွန်ပျူတာမှာ Motorola Driver ကို
ထည့်သွင်းထားရပါမယ်၊ ပြီးတော့မှ ADB Fastboot Command များဖြင့် Boot Logo ကို
Flash ပေးပြီး ဒီ Warning ပြသနာကို ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။
 လိုအပ်ချက်များ
=========
၁။ ADB & Fastboot Driver ကိုထည့်သွင်းထားပါ။

၂။ ADB & Fasboot.zip ဒေါင်းလော့ပြီး ဇစ်ဖြည်လိုက်ပါ။

၃။ Moto G4 Plus ကို ဒေါင်းလော့ ထည့်သွင်းပါ။

၎။ Moto G4 Plus Boot Logo ကိုဒေါင်းလော့ရယူပါ။

၅။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါ။


  Bootloader Warning ကိုဖြေရှင်းနည်း
=========================
၁။ မိမိဖုန်းအတွက် သက်ဆိုင်ရာ Moto G4 Plus Boot Logo ကိုဒေါင်းလော့လိုက်ပါ။

၂။ ADB and Fastboot အတွက် Minimal ADB and Fastboot Tool ကအဆင်ပြေပါတယ်၊

မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
SKD မှ Platform Tool ဖြင့်လည်း အသုံးပြုနိုင်ပါတယ်၊ မိမိအတွက်အဆင်ပြေနိုင်တာကို အသုံးပြုပါ။

၃။ ဖုန်းမှ Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။

၎။ ဒေါင်းလော့ရယူထားတဲ့ Moto G4 Plus Boot Logo ကို
ADB & Fastboot Folder မှာထည့်ထားပါ။

၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

  ၆။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”

၇။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။


"fastboot devices"

 ၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

 "fastboot flash logo logo.bin"

 ၉။ Flashing process ပြီးဆုံးသွားရင် ဖုန်းကို Reboot ချပေးရန်အတွက်
အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ။

“fastboot reboot”


 ၁၀။ သင့်ဖုန်းမှာ Bootloader Warning ကိုဖြေရှင်းနည်းကို ဖြေရှင်းပြီးပါပြီ။


ဇူးနစ်(နည်းပညာ)

 
 
 

No comments:

Post a Comment