Monday, December 26, 2016

♪ “Pop-up တွေကို အမြစ်ပြတ် ချေမှုန်း” ♫

 

 

Image may contain: one or more people
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ Pop-up ဟုတ်စ။ အနှောင့်အယှက် မဖြစ်လို့ ခံနိုင်မလား။ အလုပ်ကလေးမှ ဈာန်ဝင်ပြီး လုပ်မယ်မကြံသေးဘူး။ တေဂၚေဂၚ တဂြီဂြီ မြည်ပြီး ချီတက်လာပြီ။ ဘယ်သူ့ဆီက ဖုန်းပါလိမ့်လို့ ကြည့်လိုက်တော့ ၄၂၄၂။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ ဖုန်းသုံးတဲ့လူတွေကို သူ့အိတ်ထဲက ဖားလို့များ သဘောထားသလား မသိဘူး။ ရပါတယ်။ သွားရော Black list ထဲ။ဒါက ဖုန်းနဲ့တက်ဘလက် ဒုက္ခပဲ ရှိသေး တယ်။ ကွန်ပျူတာဖွင့်ကြည့် ဦးမလား။ လူကြီးမင်းရဲ့ USB antivirus ကို အဆင့် မြှင့်လို့ရပါပြီ ...ဂွီ။ ကွန်ပျူတာဖွင့်တိုင်း တက်နေကျ သူ့ကိုတော့ သည်းမခံလို့မရဘူး။ Cracker ဟာ သူ့ကိုဖြည်ထုတ်တုန်းမှာ အသားသေ အောင်မှ လုပ်မထားခဲ့ပဲကိုး။ လုံးဝမမြင်ချင်ရင် UAC မှာ ဘယ်တော့မှ notify မလုပ်ဖို့ သတ်မှတ်ပေးရမယ်။ ဒီလို လည်း မဖြစ်ပြန်ဘူး။ တခြားပြဿနာ တွေကို လာပြီး သတိမပေးရင် ခက်လိမ့်မယ်။

Windows ကိုရော ကျန်တဲ့ app တွေကိုရော တရားဝင် ၀ယ်မသုံး တဲ့သူတွေ က Pop-up ပြဿနာကို တရားဝင် ၀ယ်သုံး သူတွေထက် ပိုပြီး ရင်ဆိုင်ရဖို့ရှိ တယ်။ တရားမ၀င်လည်း သုံးချင်တယ်။ Pop-up တွေ အနှောင့်အယှက် ပေးတာလည်း မခံချင် ဘူးဆိုရင် update ကိစ္စကို သတိ ထားရလိမ့်မယ်။ menu ထဲကနေ၀င်ပြီး Update တွေကို ပိတ်နိုင်ရလိမ့်မယ်။ တစ်ခါတစ်လေ ကြတော့ cracker က အပြီးပိတ်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ OS နဲ့ app တွေ တရားမ၀င် သုံးတဲ့အတွက် update လုပ်နိုင် ခွင့်ဆုံးရှုံးရတာတော့ ရှိပါမယ်။ တရားဝင်ဝယ်သုံးတဲ့ OS နဲ့ တရားဝင် အခမဲ့ရလို့သုံးတဲ့ app တွေမှာလည်း Pop-up ပြဿနာ ရှိတတ်ပါတယ်။ ဘယ်လိုရှင်းကြမလဲ။

<Windows 10 updates>

အခုအထိတော့ အင်တာနက်ချိတ်လို့ရတဲ့ ကွန်ပျူတာတွေမှာ ကျွန်တော် Windows 10 မသုံးသေးပါဘူး။ Update အတွက် လောဆော်တဲ့ဒဏ်ကို သည်းမခံနိုင်လို့။ ပြီးတော့ ကိုယ့် Windows က အင်ကြီး။ မတော် update တက်လုပ်လို့ ဖျက်ချမခံရရင်တောင် Windows အတုကြီးပါလို့ စာကပ်တာ ခံသွားရဦးမယ်။ Windows 10 ပါပြီးသား Laptop ကို တရားဝင် သုံးရတဲ့ နေ့မှာတော့ တစ်မျိုးဖြစ်ရင်ဖြစ်မယ်။ ဒါဆိုလည်း Windows 10 က နားပူ နားဆာလုပ်ဦးမှာပဲ။ Windows 10 update လုပ်ပြီးရင် restart ချဖို့ပြော တာက သူ့ထုံးစံ။ Update မလုပ်ဘဲ feature အသစ်ထည့်ရင်ဖြစ်ဖြစ်၊ Update ကို download ချပြီးချိန်မှာ ပြဿနာရှိရင်ပဲဖြစ်ဖြစ် restart ကိစ္စက ပြောပြန် တာပဲ။

ဒါနဲ့ပတ်သက်ပြီး ကိုယ်လုပ်နိုင်တာ သိပ်မရှိပါဘူး။ Windows 10 မှာ Update တွေကို ပိတ်ဆို့ထားလို့ မရသလို သူကပြောတဲ့ notification တွေကိုလည်း ပိတ်ဆို့ထားလို့မရပါဘူး။ Update အသစ်ထွက်ပြီဆိုရင် ခဏခဏ နားပူတာ ခံရမယ်။ program setting ထဲဝင်ပြီး အလှည့်အပြောင်းလေးတွေ လုပ်ရင် နားပူနားဆာတွေကို ခဏတစ်ဖြုတ် disable လုပ်ထားလို့ တော့ ရနိုင်ပါတယ်။ Automatically check for update ဒါမှမဟုတ် အလားတူ option ကိုရှာပြီး ပိတ်ရပါမယ်။ တကယ် တမ်းမှာ update ဆိုတာ OS ရဲ့ လုံခြုံရေး တစ်စိတ် တစ်ပိုင်း အထောက်အကူပြုတာမို့ notification က မဖွင့်ချင်လည်း ဖွင့်ထား တာ အကောင်းဆုံးပါ။

<Browser Pop-up>

ကွန်ပျူတာသုံးပြီဆိုရင် အင်တာနက်ချိတ်တဲ့ ကိစ္စကလည်း ကျွဲကူးရေပါ။ အင်တာနက်ပါလာပြီဆိုရင် Browser ကလည်း ပါလာမှာပဲ။ အင်တာနက် ချိတ်ဆိုရင် တချို့ website တွေက ကြော်ငြာတွေဝီခေါ်အောင် ထိုးပါတယ်။ တချို့ကလည်း new sletter လုပ်ပါဆိုပြီး email နဲ့ password တောင်းတယ်။ browser version အသစ်ရပါပြီ။ ခုချက်ခြင်း update လုပ်ပါဆိုပြီး ဇွတ်လာ ပြောတာရှိသေးတယ်။ ဒါတွေရဲ့ အနှောင့် အယှက်မခံရအောင် pop-up ပိတ်ရပါမယ်။ Edge မှာဆိုရင် အစက်သုံးစက်ပြထားတဲ့ menu button မှာ ကလစ်နှိပ်ပါ။ အဲဒီအစက်သုံးစက်က screen ရဲ့အပေါ် ညာဘက်ထောင့်မှာရှိ ပါတယ်။ ပြီးရင် setting ကို ကလစ်နှိပ်ပါ။ View advanced setting's ထဲဝင်ပါ။ Block pop-up enable လုပ်ထားတာ သေချာအောင်လုပ်ပါ။ Chrome ထဲမှာဆိုရင် အစက်သုံးစက်ပြထားတဲ့ menu button ကိုနှိပ်ပါ။ Settings>Show advanced settings > Content settings အတိုင်း ၀င်သွားပါ။ Do not allow anysites to show pop-up ကိုရွေးထားတာ သေချာအောင်လုပ်ပါ။ ပြီးရင် Finish မှာနှိပ်ပါ။

Firefox မှာဆိုရင် မျဉ်းတိုသုံးကြောင်း ပြထားတဲ့ menu button မှာနှိပ်ပါ။ ပြီးရင် Options > Content အတိုင်းဝင်ပါ။ Block pop-up Windows မှာ အမှန်ခြစ်ပေါ်အောင် လုပ်တာ သေချာပါစေ။ IE မှာ ဆိုရင် စက်သွားပုံ icon ကိုနှိပ်ပါ။ ပြီးရင် internet options > Privacy အတိုင်းဝင်ပါ။ Turn on pop-up Blocker စာသားဘေးမှာ အမှန်ခြစ်ပေါ်အောင်လုပ်ပါ။ ပြီးရင် Ok ကိုနှိပ်ပါ။ browser version update ကိစ္စက ပိတ်ဖို့ရတာရှိသလို မရတာလည်းရှိတယ်။ တကယ်လို့ update ရွေးချယ်ပိုင်ခွင့် ပေးထားရင် Never ကို ရွေးပေးလိုက်ပါ။

<Other Software>

Windows ကိုလည်း အင်သုံးတယ်။ တခြား app အတော်များများကိုလည်း အင်သုံးတယ်ဆိုပေမယ့် ကွန်ပျူတာထဲ ရှိသမျှ app အားလုံးကို အင်ချည်းသုံး တာတော့ မဟုတ်ပါဘူး။ browser တွေက အမှန်အကန် ဖြစ်ပါတယ်။ format factory လိုဟာမျိုးက အမှန်အကန်ဖြစ်ပါတယ်။ အသံတည်းဖြတ်တဲ့ Audacity လိုဟာကလည်း အမှန်အကန်ပါ။ Hard disk ကို စောင့်ကြည့်ပေးတဲ့ Hard disk Guardian ဆိုရင်လည်း အခမဲ့ရတဲ့ အမှန်အကန်ပဲ။ အမှန်အကန်ရတဲ့ app တွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ စိတ်တွေ အတော်ကြီးလွတ်လပ်ပေါ့ပါး တယ်။ ဘာမှသိပ်မလုပ်ဘဲ လွှတ်ထားလေ့ရှိပါတယ်။ အဲဒီတော့ သူတို့နဲ့ သက်ဆိုင်ရာ pop-up တွေက လာပြန်ရော။ ခဏခဏလာရင် ဘယ်ခံနိုင်မလဲ။ စိတ်အေးချမ်းသာနေလို့ရအောင် သက်ဆိုင်ရာ Program မှာ အလှည့် အပြောင်းလေးတွေ လုပ်လို့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ Dropbox ကိုကြည့်ပါမယ်။ Sync လုပ်တိုင်းမှာ သူက pop-up တက်လာပြီး သတိပေး မယ်။ ကိုယ် Share လိုက်တဲ့ ဖိုင်တစ်ခုကို တစ်ယောက်ယောက်က အပြောင်း အလဲလုပ်ပြီဆိုရင်လည်း pop-up တက်လာပြီး သတိပေးမယ်။

Windows ထဲမှာ ဒီလိုတွဲသုံးတဲ့ program တွေအတွက် Notifications and actions setting ထဲဝင်ပြီး notification တွေကို disable လုပ်ပစ်လို့ရပါတယ်။ Windows 10 မှာက အားလုံးအတွက် တစ်ခုတည်းလုပ်လို့ရပြီး ကျန်တဲ့ Windows တွေမှာက Program တစ်ခုစီ အလိုက်ဝင်ပြီး သတ်မှတ်ပေးရပါ တယ်။ Notification section ထဲဝင်ပြီး ပိတ်ပေးတာတောင်မှ မပိတ်သေးဘူး ဆိုရင် အဲဒီ program ထဲဝင်ကြည့် ရပါမယ်။ Notification ပိတ်ခွင့်ပေးထား မယ်ဆိုရင် အဲဒီအခွင့်အရေးကို ယူရပါမယ်။

ဒီလိုလုပ်ဖို့အတွက်ကြည့်ရအောင်။ ဥပမာ Dropbox ဆိုရင် notification area မှာရှိတဲ့ Program icon ပေါ်မှာ ညာ ကလစ်နှိပ်ပါ။ ပြီးရင် စက်သွားပုံ setting မှာ ကလစ်နှိပ်ပါ။ ပြီးရင် preferance ကိုရွေးပါ။ General tab ထဲဝင်ပြီး Show desktop notification စာသားဘေးက အမှန်ခြစ်ကို ဖြုတ်ပါမယ်။ OK ကို နှိပ်ပါမယ်။ Program အတော်များများမှာ desktop notification နဲ့ပတ်သက် ပြီး ရွေးချယ်ပိုင်ခွင့်ပေးထားပါတယ်။ ရှာပြီး ပိတ်သင့်ပါတယ်။

နောင်စိုး(ထားဝယ်)


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 

No comments:

Post a Comment