Tuesday, December 13, 2016

♪ Facebook Profile Picture မှာ Photo Frame များကို သုံးနိုင်ပြီ ♫


Facebook က ပရိုဖိုင်ဓါတ်ပုံများမှာ ဓါတ်ပုံဖရိမ်များ ထည့်သွင်းနိုင်တဲ့  စွမ်းဆောင်ချက် အသစ်တစ်ခုကို စမ်းသပ်နေပါတယ်။ ဓါတ်ပုံ ဖရိမ်ကို ထည့်သွင်းဖို့အတွက် Camera Effects Platform ၀က်စာမျက်နှာကို သွားပြီး ဓါတ်ပုံကို Upload ပြုလုပ်ရမှာပါ။ ခွင့်ပြုချက်ရဖို့ တစ်ပတ်လောက် စောင့်ဆိုင်းရပါတယ်။
.
Facebook က ဖရိမ် ဖန်တီးတဲ့ Tools များကို ပံ့ပိုးပေးထားခြင်း မရှိတဲ့အတွက် ကိုယ်တိုင် ဖန်တီးရမှာ ဖြစ်ပြီး ဒီဇိုင်း အနည်းငယ် ကျွမ်းကျင်ဖို့ လိုပါတယ်။ ၀က်စာမျက်နှာမှာတော့ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်အချို့ကို ပံ့ပိုးပေးထားပါတယ်။ ဖန်တီးထားတဲ့ ဒီဇိုင်းကို Location , General စသဖြင့် ကဏ္ဍများ ခွဲခြားထားနိုင်ပါတယ်။
.
သင်ဖန်တီးထားတဲ့ ဒီဇိုင်းကို ခွင့်ပြုပြီးတာနဲ့ သင့်ရဲ့ ဓါတ်ပုံဖရိမ်ကို သင်သာမက အခြားလူများကပါ သူတို့ရဲ့ ပရိုဖိုင်ဓါတ်ပုံမှာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ သင့် ဓါတ်ပုံ ဖရိမ်ရဲ့ လူကြိုက်များမှုကိုလည်း လေ့လာနိုင်ပါတယ်။ ဓါတ်ပုံဖရိမ် ဖန်တီးတဲ့ စွမ်းဆောင်ချက်ကို လက်ရှိမှာ ကိုလမ်ဘီယာ၊ မက္ကဆီကို၊ ထိုင်ဝမ်၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံများမှာသာ အသုံးပြုနိုင်ပါသေးတယ်။ Facebook က ဓါတ်ပုံဖရိမ်များကို အသုံးများတဲ့ နိုင်ငံများမှာ စတင် ဖြန့်ချီပေးတာလို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ အခြားနိုင်ငံများအတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment