Sunday, December 18, 2016

♪ iOS မှ Android သို့ပြောင်းရန်ပိုမိုလွယ်ကူလာ ♫


iOS ကနေ Android ကိုပြောင်းတဲ့အခါ ပိုမိုလွယ်ကူအောင် Google က ၄င်းရဲ့ ဝက်ဘ်ဆိုဒ်တစ်ခုလုံးကို လွယ်ကူရှင်းလင်းတဲ့ လုပ်ဆောင်ချက်တွေရစေဖို့ရည်ရွယ်ပြီး ဖန်တီးခဲ့ပါတယ်။အခုတော့ Google Drive update အသစ်ဖြစ်သွားတာနဲ့ Google ရဲ့ “Switch to Android” ဝက်ဘ်ဆိုဒ်ကြောင့် iPhone 7 ကနေ Google Pixel ကိုပြောင်းတဲ့အခါ အရင်တုန်းကထက်ကိုပိုလွယ်လွယ်ကူကူပြောင်းနိုင်တော့မှာဖြစ်ပါတယ်။

iOS အတွက် Google Drive app update မှာ ကိုယ့်ရဲ့ contact, calendar event ၊ဓာတ်ပုံ၊ ဗွီဒီယိုတွေကို cloud မှာသိမ်းထားနိုင်မယ့် feature အသစ်တစ်ခုပါဝင်လာတဲ့အတွက် ကိုယ့်ရဲ့အဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေက ကိုယ်နဲ့အတူရှိနေမှာဖြစ်ပါတယ်။ စဉ်းစားကြည့်လိုက်ရင် ကိုယ်သုံးနေကျ OS တစ်ခုကနေ တခြားတစ်ခုကိုပြောင်းသုံးတယ်ဆိုတာ ကိုယ်နေနေကျနေရာကနေ တိုက်ခန်းကိုစပြောင်းလိုက်ရသလိုပါပဲ။ ဒါပေမယ့် Google Drive ရဲ့ feature အသစ်ကတော့ အစိမ်းသက်သက်ဖြစ်မနေစေနိုင် ဘူးဆိုတာ သေချာပါတယ်။

backup လုပ်မယ်ဆိုရင်တော့ သင့်မှာဓာတ်ပုံတွေ ဗီဒီယိုတွေဘယ်လောက်ရှိနေလဲဆိုတာပေါ်မူတည်ပြီး နာရီပေါင်းဘယ်လောက်လောက်ကြာမယ်ဆိုတာ သတိပေးပါတယ်။ ဒါကြောင့် Backup လုပ်နေတဲ့အချိန်အတွင်းမှာတော့ ထိုင်စောင့်မနေဘဲ လုပ်စရာရှိတာသာလုပ်နေလိုက်ပါ။ ပြီးသွားရင်တော့ Android device ထဲကို sign in ဝင်ပြီး ကျန်တဲ့အပိုင်းကိုတော့ Google ကဆက်လုပ်သွားပါလိမ့်မယ်။

Google ကတော့ iOS user တွေအတွက် iMessage ကိုပိတ်ထားဖို့ သတိပေးထားပါတယ်။ ဒါမှ သူငယ်ချင်း မိသားစုတွေဆီက မက်ဆေ့ခ်ျတွေက ကိုယ့်ဖုန်းအသစ်ကိုရောက်လာမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ iPhone မှာသုံးခဲ့တဲ့ app တွေအားလုံးကို ပြန်ဒေါင်းလုပ်လုပ်ဖို့လိုပါလိမ့်မယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့အချက်အလက်တွေကို လွှဲပြောင်းတဲ့အခါ ပိုပြီးလွယ်ကူမှာဖြစ်ပါတယ်။

horizon အားလပ်ရက်ဟာ Google Drive ရဲ့ feature အသစ်လုံးဝပြီးပြည့်စုံမယ့်အချိန်ပါပဲ။ သင့်ရဲ့ iPhone က data တွေကို Google Drive မှာ ဘယ်လို backup လုပ်မလဲဆိုတာလေ့လာချင်ရင် အောက်ကလင့် ကိုနှိပ်ကြည့်နိုင်ပါတယ်။

How to backup data from your iPhone
Nwe Oo Thant (MMAS)














No comments:

Post a Comment