Wednesday, December 28, 2016

Samsung Galaxy Cooper GT-S5830 ဖုန်းဗားရှင်း 2.3.6 တင်နည်း


Galaxy Cooper GT-S5830 ဖုန်းဗားရှင်း 2.3.6 တင်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် တင်ပေးလိုက်ပါတယ်။

ခေတ်ရဲ့ သားကောင်ဖြစ်ကြတော့ Model အသစ်နဲ့များနဲ့ သာယာနေမိကြမှာပါ
Model အဟောင်းများနဲ့ တိုးလာခဲ့ရင်တော့ ဒီအဟောင်းတွေကမှ အုံးစားသလားလို့

ဒီဖုန်းက တအားစုတ်ရှာပြီး ရောက်လာတယ် ဒီလိုဖုန်းအဟောင်းလေးတွေက
လူသိပ်မကိုင်ကြတော့ သူ့ကျမှ ရနိုင်သေးရင်လုပ်ပေးပါဦး ဖုန်းပြောစရာမရှိလို့တဲ့လေ
ဒီတော့လည်း ကြံရတာပဲပေါ့ Firmware ကတော့ နေရာအနှံ့မှာရှိကြပါတယ်
THL ကိုဒေါင်းလော့ပြီး အောက်ပါပုံတွေအတိုင်း ရေးပေးလိုက်ပါတယ်။
Samobile မှာတော့ရှိပါတယ် ဒေါင်းလော့ရပိုလွယ်ကူသွားအောင်လို့
အဆင်ပြေမယ့်လင့်ကို တိုက်ရိုက်တင်ပေးထားပါတယ် One Click ဖြင့်ရယူပါ။
Firmware ရေးသားနည်း
==============
Odin Multi Downloader ကိုဖွင့်လိုက်ပါ၊ ဖုန်းကို Download Mode ၀င်ပြီး
ကွန်ပျူတာဖြင့် ချိတက်လိုက်ပါ၊ OPS နေရာတွင် ဒေါင်းလော့ထားတဲ့ OPS File ကိုထည့်ပါ။
One Package နေရာတွင် အမှန်ခြစ်ပေးပြီး Firmware File ကိုထည့်ပေးလိုက်ပါ။

ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ Start Button ကိုနှိပ်ပေးလိုက်ပါ
Flashing process ပြီးဆုံးအောင်စောင့်နေလိုက်ပါ ဘာမှထပ်လုပ်ပေးစရာမလိုပါ။
အောက်ပါပုံအတိုင်း Odin တွင် Pass ဆိုပြီးအပြာရောင့်ဖြင့်
မြင်နေရရင်တော့ အောင်မြင်ပါပြီ၊ ကြိုးကိုဖြုတ်လိုက်ပါ။
ဇူးနစ်(နည်းပညာ)







No comments:

Post a Comment