Wednesday, September 14, 2016

Samsung Galaxy A8 ကိုစိတ်ဝင်စာသူများတွက် Galaxy A8 ရဲ့အချက်အလက်များ



Samsung ကုမ္မဏီက ထုတ်ထားတဲ့ Galaxy A8 စမတ်ဖုန်းအကြောင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်။
Galaxy A8 လက်ကိုင်မိုဘိုင်းဖုန်းဟာ ပုံမှာတွေ့ မြင်နေသကဲ့သို့  အလွန်သေသပ်လှပသည့် ဒီဇိုင်းဖြင့်ပြုလုပ်ထားတာဖြစ်ပြီး အလွန်ပါးလွှာသည့်စမတ်ဖုန်းလည်းဖြစ်ပါတယ်။ အနားဘေးပတ်လည်း ထောင့်လေးထောင့်ကို ခုံးခုံးလေးဖြစ်နေအောင်ဖန်တီးထားတော့ ကိုင်တွယ်အသုံးပြုရာတွင် အကောင်းဆုံးသောစိတ်ခံစားမူကိုရရှိစေမှာဖြစ်ပါတယ်။
ကင်မရာအရည်အသွေးအလွန်ကောင်းမွန်ပြီး မြင်ကွင်းကျယ်ရိုတ်ကူးနိုင်မယ့် နည်းပညာကိုလည်းအသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
မျက်နှာပြင်အကျယ် 5.70" လက်မဖြစ်ပြီး သိုလှောင်သိမ်းဆည်းနိုင်မူမှာ RAM 2GB ပါဝင်မှာဖြစ်ပါတယ်။
Resolution  အနေနဲ့ 1080x1920 pixels ဖြစ်ပြီး အနောက်ဘက်ကင်မရာတွက် 16-megapixel ရှိတဲ့ ပုံရိပ်တွေကို ရိုတ်ကူးနိုင်ပြီး အရှေ့ ကင်မရာတွက် 5-megapixel ပုံရိပ်တွေကိုရိုတ်ကူးနိုင်တာကြောင့် Selfie ရိုတ်ကူးလိုသူတွေတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ ရွှေရောင် နဲ့ အမဲရာင် အဖြူ ရောင် ဆိုပြီးတော့ အရောင် (၃) မျိုးထုတ်လုပ်ထားပြီး ဘတ်ထရီ အရည်းသွေးက 3050mAh တောင်ပါဝင်တာကြောင့် ဖုန်းကိုအချိန်ကြာကြာအသုံးပြုလိုသူတွေနဲ့ ဂိမ်းကစားသူတွေတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။
Internal storage 32GB ထိပါဝင်မှာဖြစ်ပြီး လိုအပ်ပါက microSD ကဒ်အသုံးပြီး 128 GB ထိတိုချဲနိုင်မှာဖြစ်ပါတယ်။
3G ,4G အသုံးပြုနိုင်ကာ GPS စနစ်ပါဝင်ပြီး Wifi 802.11 b/ g/ n နှင့် Bluetooth v4.00 တို့ ကလည်းဖုန်းအတွက် အထောက်အကူးဖြစ်စေမှာဖြစ်ပါတယ်။
GSM SIM Card အသုံးပြုနိုင်ပြီး SIM Card တစ်ကဒ်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ Operating System ကတော့ Android 5.1 Lollipop ကိုထည့်သွင်းအသုံးပြုထားတာကြောင့် အလွန်မြန်ဆန်တဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
Galaxy A8 လက်ကိုင်မိုဘိုင်းဖုန်းကို ပြည်တွင်းမိုဘိုင်းဖုန်းဆိုင်များနှင့် ပြည်ပမိုဘိုင်းဖုန်းဆိုင်းများမှာဝယ်ယူရရှိနိုင်ပါပြီ။ ဈေးနှုန်ကတော့ ထိုင်းငွေ 15900 ဘတ်ဝန်းကျင်ရှိပါတယ်။ သိုသော် ဈေးနှုန်ကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင် ကွာခြားမူရှိပါတယ်။
   အာကာ
Software Guide





No comments:

Post a Comment