Wednesday, September 28, 2016

လယ်သမားတွေအတွက် အားထားစရာ စိုက်ပျိုးရေးနည်းပညာဆော့ဝဲ





ဟိုးအရင်က စိုက်ပျိုးရေးနည်းပညာတွေလိုအပ်လာရင် ဂူဂဲမှာ ရိုက်ရှာပြီး လေ့လာရတယ်။ ၂၀၁၁ လောက်ကတည်းက စိုက်ပျိုးရေးအတွက် ရှာဖွေလိုက်ရင် မြန်မာလိုဖော်ပြပေးတာနဲ့ ယုံကြည်စိတ်ချရတာဆိုလို အစိမ်းရောင်လမ်း အင်တာနက်စာမျက်နှာ တစ်ခုပဲ တွေ့မိတယ်။ နည်းပညာတွေတိုးတက်လာတော့ အစိမ်းရောင်လမ်းကနေ ဖုန်းဆော့ဝဲကို ပထမဦးဆုံး ထုတ်လိုက်တော့ တောင်သူတွေအတွက် တော်တော်လေး အဆင်ပြေ လွယ်ကူခဲ့ရပြန်တယ်။
အခုတော့ အစိမ်းရောင်လမ်း ဆော့ဝဲလေးအကြောင်းကို လေ့လာမိသလောက် ရေးသားဖော်ပြလိုပါတယ်။
ဒီဇိုင်းပိုင်း
ဖုန်းဆော့ဝဲတို့၊ အက်ပလီကေးရှင်းတွေရဲ့ လယ်သမားအတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ လမ်းညွှန်ချက်တွေ၊ ခလုပ်တွေက အင်္ဂလိပ်လို ဖော်ပြထားသလို ရှုပ်ထွေးလှပါတယ်။ လယ်သမားတွေနဲ့ နီးနီးစပ်စပ်ရှိနေတဲ့ အစိမ်းရောင်လမ်းကတော့ အရိုးရှင်းဆုံး ရေးသားထားပြီး မြန်မာဘာသာစကားကိုပဲ အသုံးပြုထားတော့ အလွယ်တကူအသုံးပြုနိုင်တာပေါ့။ ဆော့ဝဲရဲ့ တည်ဆောက်မှုဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ အရိုးဆုံးက အကောင်းဆုံးပဲ မဟုတ်လား။
မှတ်ပုံတင်ခြင်း (Registration)
အမည်ကို မှတ်ပုံတင်ကတည်းက တောင်သူလား၊ ပညာရှင်လားဆိုပြီး ခွဲထုတ်ထားတာတွေ့ရတယ်။ တောင်သူဆိုရင်တော့ နေရာဒေသကို မေးထားပါတယ်။ ပညာရှင်တွေကိုတော့ နေရာဒေသပြင် ကျွမ်းကျင်တဲ့နယ်ပယ်တွေကို မေးထားပြီး သက်ရာဆိုင်ရာနယ်ပယ်အတွက် မေးခွန်းတွေတက်လာရင် အီးမေးနဲ့ အသိပေးချက်တွေ လှမ်းပို့ပေးတာတွေ့ရတယ်။ ပညာရှင်ဆိုရင် သူ့ရဲ့ရာထူးနဲ့ ဌာနတွေကိုပါ ထည့်လို့ရအောင် ပြုလုပ်ထားပါတယ်။ ဆိုတော့ ဒီဆော့ဝဲကို ဘယ်သူတွေ အသုံးပြုနေကြလဲဆိုတာ သိရတာပေါ့။
ပါဝင်တဲ့အကြောင်းအရာ
ဦးဆောင်နေတဲ့သူတွေက စိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရတွေဆိုတော့ စိုက်ပျိုးရေးကဏ္ဍကို ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ပြင် လယ်သမားတွေရဲ့ လိုအပ်ချက်အမှန်တွေကို သိနေတော့ စိုက်ပျိုးရေးနည်းပညာကဏ္ဍမှာဆို မျိုးစေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာကစပြီး တန်ဖိုးမြင့်ထုတ်ကုန် အပိုင်းထိပါဝင်နေပါတယ်။ နည်းပညာတွေကို ကဏ္ဍအလိုက် ခွဲထုတ်ထားတော့ အလွယ်တကူ ရှာဖွေလို့ ရသလို ကိုယ်သဘောကျတဲ့ စာတွေကို သိမ်းဆည်းမည် ဒါမှမဟုတ် အသည်းပုံလေးကို နှိပ်လိုက်တာနဲ့ စိတ်ကြိုက်ထဲကို ရောက်သွားပြီး အချိန်မရွေး အင်တာနက်မလိုဘဲ ပြန်ဖတ်နိုင်တယ်လေ။
နေ့စဉ်သီးနှံဈေးနှုန်းမှာ ဒီနေ့ထွက်တဲ့ ဈေးနှုန်းတွေကိုသာမက အရင်နေ့က ဈေးနှုန်းတွေကိုပါ ကြည့်လို့ရတော့ ရောင်းသင့်မရောင်းသင့် ဆုံးဖြတ်လို့ရတာပေါ့။ အခြားမီဒီယာတွေလို သူတို့လွင့်တဲ့ အချိန်ကို စောင့်ပြီး ဖတ်စရာမလိုတာကလည်း အချိန်ပြည့်ကွင်းထဲမှာပဲ နေရတဲ့ လယ်သမားတွေအတွက် သဘောတွေ့စရာပါပဲ။ စာအုပ်စင်ကဏ္ဍကတော့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာစာအုပ်တွေတင်ထားတာတွေ့ရတယ်။ အခမဲ့ဒေါင်းလို့ရပါတယ်။ အရင်ဗားရှင်းတွေ တုန်းကတော့ စာအုပ်တစ်အုပ်ရဖို့ အချိန်အကြာကြီးစောင့်ရတယ်။ အခုနောက်ဆုံး ထွက်တဲ့ ဗားရှင်းမှာတော့ အဲဒီအားနည်းချက်ကို ပြင်ထားတာတွေ့ရပါတယ်။ ဒေါင်းရတာ ပိုမြန်လာပြီး ဒေါင်းနေတာကို အပေါ်ဘားမှာ ပြထားတော့ ဒေါင်းနေရင်း အခြားစာတွေ ဖတ်နေလို့ရတယ်။
သတင်းကဏ္ဍမှာတော့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့သတင်းတွေကို တင်ပေးထားတဲ့အပြင် စိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ အလုပ်အကိုင်ပိုင်းကိုပါ ဖော်ပြထားတော့ အလုပ်အကိုင် ရှာဖွေသူတွေ အတွက်သာမက ဝန်ထမ်းရှာနေကြတဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ အတွက်ပါ အသုံးဝင်မယ့် နေရာလေးတစ်ခုပါ။
တောင်သူတွေရဲ့ စိတ်အဝင်စားဆုံးကဏ္ဍကတော့ အမေးအဖြေကဏ္ဍလို့ ပြောရင်မှားမယ် မထင်ပါဘူး။ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသမှာရှိတဲ့ လယ်သမားတွေဆီကို အရောက်သွားဖို့ဆိုတာ ကုမ္ပဏီတွေမှာတောင် အခက်ခဲတွေရှိပါတယ်။ ဒါပေမယ့် အစိမ်းရောင်လမ်းကတော့ တစ်နိုင်ငံလုံး အနှံ့ရောက်နေတယ်ဆိုတာ မေးခွန်းတွေမေးထားတဲ့ တောင်သူတွေရဲ့ နေရာဒေသကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နယ်က အမျိုးသမိးလယ်သမားတစ်ယောက်ဆီက မေးခွန်းကို မြင်တော့ အံ့သြရပါတယ်။ ဝေးလံခေါင်ဖျားလှတဲ့ ချင်းပြည်နယ်က လယ်သမားတွေတောင် အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲကို အသုံးပြုပြီး နည်းပညာနဲ့ အချက်အလက်တွေ ရရှိနေကြပြီပဲ။ ထူးခြားချက်ကတော့ အစိမ်းရောင်လမ်းက အမေးအဖြေ ကဏ္ဍမှာ တောင်သူတွေနဲ့ ပညာရှင်တွေကို ချိတ်ဆက်ပေးထားတာပါပဲ။ တောင်သူတွေ အနေနဲ့လည်း ကိုယ်မေးတဲ့ မေးခွန်းကို ဘယ်သူက ဖြေဆိုပေးထားလဲဆိုတာ သိနိုင်ပါတယ်။ ပညာရှင်ကဏ္ဍမှာ အစိုးရစိုက်ပျိုးရေးဌာနတွေကိုပါ ထည့်သွင်းထားတော့ ဌာနဆိုင်ရာအနေနဲ့လည်း တောင်သူရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မယ့် နေရာတစ်ခု ဖြစ်လာပါတော့တယ်။ မေးခွန်းတွေကို ဖြေဆိုရာမှာလည်း ဘက်လိုက်မှုမရှိဘဲ တောင်သူ အကျိုးအတွက် ဖြေဆိုထားတာတွေ့ရတယ်။ ဒီလိုမျိုး တောင်သူတွေအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေတဲ့ စိုက်ပျိုးနည်း ပညာဆော့ဝဲကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတာသိရတော့ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။
စာရေးသူအနေနဲ့ အကြံပြုလိုတာကတော့ ဖုန်းအရောင်းဆိုင်တွေအနနဲ့လည်း တောင်သူတွေ ဖုန်းလာဝယ်ရင် ဖေ့ဘုတ်တို့လို Social app တွေသာမကပဲ အစိမ်းရောင်လမ်းလို တောင်သူတွေအတွက် များစွာ အကျိုးပြုမယ့် ဖုန်းဆော့ဝဲတွေ ထည့်သွင်းပေးလိုက်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါ့ရစေ။
အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲရယူရန်
Google Play – bit.ly/greenwaymyanmar
Direct Download – bit.ly/greenwayapkv173
Green Way Address-
Building 6, Room 44, Malikha housing, Bawamyint bus stop, Thingangyun Township.
Office number : 095053570, 09798230277
#Nyi Nay
adv-for-myanmar-mobile-app-copy
အစိမ်းရောင်လမ်းဆော့ဝဲအား ရှမ်းပြည်နယ်မှ လယ်သမားများဖုန်းထဲသို့ ထည့်ပေးနေပုံ
165Green Way Myanmar Address-
Building 6, Room 44, Malikha housing, Bawamyint bus stop, Thingangyun Township.
Office number : 095053570, 09798230277
http://www.greenwaymyanmar.org/
ဒါလေးကတော့ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲထဲက လုပ်ဆောင်ချက်တစ်ချက်ဖြစ်တဲ့ အမေးအဖြေကဏ္ဍကို ဘယ်လို လုပ်ဆောင်လဲဆိုတာ ပြတဲ့ ဗီဒီလိုလေးဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။

Unicode Version
Google Play – bit.ly/greenwaymyanmar
Direct Download – bit.ly/greenwayapkv173
Green Way Myanmar Address-Building 6, Room 44, Malikha housing, Bawamyint bus stop, Thingangyun Township.
Office number : 095053570, 09798230277
Green Way Address-
Building 6, Room 44, Malikha housing, Bawamyint bus stop, Thingangyun Township.
Office number : 095053570, 09798230277


No comments:

Post a Comment