Friday, September 23, 2016

Samsung Galaxy S8 ၏ မော်ဒယ်နံပါတ်မှာ SM-950 နှင့် 955 ဖြစ်ဟုဆို


 
လက်ရှိအချိန်တွင် Galaxy Note 7 နှင့် ပတ်သက်သည့် လွဲချော်ခဲ့သော အကြောင်းပြချက် များစွာကို ပြောဆိုနေကြသည်။ Samsung အနေဖြင့် Note 7 ၏ အခြေအနေဆိုးများကို ပြောင်းလဲပစ်ရန် Galaxy S8 ထွက်ရှိမည့် အချိန်ကို ရှေ့တိုးလိုက်ကြောင်း ကောလာဟလသတင်းများ ထွက်နေသည်။

အဆိုပါ ပြောကြားချက် အပေါ်အခြေခံ၍ KB ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ ကင်မ်ဆန်ပျို၏ ပြောကြားချက်ကို ကိုးကားကာ Korea Herald မှဖော်ပြခဲ့သည်။ “Samsung ရဲ့အထင်ကဖုန်း ဖြန့်ချိမှု ရှေ့နှစ်ပထမ သုံးလပတ်အဆုံးထိ နောက်ကျမယ်ဆိုရင် မိုဘိုင်းလုပ်ငန်းဌာနရဲ့ အမြတ်အစွန်းရရှိမှုဟာ ပိုဆိုးရွားသွားမှာပါ” ဟု၎င်းကပြောကြားခဲ့သည်။

ထို့အပြင် Samsung Galaxy S8 ၏ မော်ဒယ်နံပါတ်များမှာ SM-G950 နှင့် SM-G955 ဖြစ်ကြောင်း SamMobile မှဖော်ပြခဲ့ သေးသည်။ အဆိုပါမော်ဒယ် နှစ်ခုအနက် တစ်ခုမှာမျက်နှာပြင် သေးငယ်ပြီး အခြားတစ်ခုမှာ ကြီးမားကြောင်း သတင်း၌ဖော်ပြ ထားသေးသည်။ ယခုအခါ ၎င်းဖုန်းနှစ်မျိုးတွင် Edge display ပါဝင်လာဖွယ်ရှိနေသည်။ ကုမ္ပဏီအတွင်း ဖုန်း၏ သင်္ကေတနာမည်ကို Dream နှင့် Dream 2 ဟူ၍ ပေးထားကြောင်း သတင်းအရ သိရသည်။

Ref: AndroidAuthority
Credit Internetjouranl



No comments:

Post a Comment