Tuesday, September 27, 2016

♪ “Samsung Galaxy A3 (2017)” ♫


Samsung က Galaxy A3 (2017)ကိုထပ်မံထုတ်လုပ်ပေးတော့မှာဖြစ်ပြီး ၎င်းရဲ့လှပတဲ့ဒီဇိုင်းနဲ့ အမည်းရောင်၊ အဖြူရောင်၊ ရွှေရောင်နဲ့ ပန်းရောင် ဆိုတဲ့အရောင် ၄ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ် ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Single SIM နဲ့ Nano SIM card ဆိုတဲ့ version ၂မျိုးကိုခွဲခြားထုတ်လုပ်ပေးမှာပါ။ 

ထည့်သွင်းသုံးစွဲနိုင်မယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ မျက်နှာပြင်ကို Super AMOLED capacitive touch screen နဲ့ ဖန်တီးပြုလုပ်ပေးထားပြီး 4.7 inch အကျယ် ရှိပါတယ်။ 720 x 1280 pixels ပမာဏရှိတဲ့မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁လက်မအတိုင်းအတာမှာ ~312ppi pixels ပမာဏ သိပ်သည်းဆကိုပေးစွမ်း နိုင်ပါတယ်။

မျက်နှာပြင်ပေါ်မှာလက်ချောင်းတစ်ချောင်းထက်ပိုပြီး တစ်ပြိုင်နက်တည်းထိန်းချုပ်မှုတွေပြုလုပ်နိုင်အောင် multitouchစနစ်ကို ထောက်ပံ့ပေးထားပြီးမျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass 4 နဲ့ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ အနောက်ကင်မရာက 12MP resolution ရှိပြီး 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူး နိုင်ပါတယ်။ 

အရှေ့ကင်မရာငယ်ကတော့ 8MP resolution ပါရှိပါတယ်။ Data သိမ်းဆည်းနိုင်မှု၊ မှတ်ဥာဏ်စွမ်းအားပိုင်းမှာ internal memory 8GB နဲ့ 16GB အမျိုးအစား ၂မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပြီး ၂မျိုးစလုံးမှာ RAM 2GB ကိုပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် Micro SD card ကို 256GB အထိထပ်မံ စိုက်ထည့်သုံးနိုင်ပါသေးတယ်။ ထည့်သွင်းအသုံးပြုပေးထားတဲ့ ဘက်ထရီ အမျိုးအစားကတော့ Non-removable Li-Ion battery ပဲဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
CPU - Octa-core 1.5GHz Cortex-A53
Memory - 8GB, 16GB (up to 256GB)
OS - Android OS, v6.0.1 (Marshmallow)
Bluetooth - v4.1, A2DP, EDR, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 

No comments:

Post a Comment