Facebook မှာ သင်ရှာဖွေထားသမျှကို သိမ်းဆည်းပေးထားပါတယ်။ “Only me” အနေနဲ့ ကန့် သတ်ထားတဲ့အတွက် သင်ရှာဖွေထားတာတွေကို သူများတွေ တော့ မသိနိုင်ပါဘူး။ ဒါပေမယ့် သင့် အကောင့်ကို ၀င်ကြည့်တဲ့ သူငယ်ချင်းတွေက တွေ့ သွားနိုင်ပါတယ်။ အထူးသဖြင့် အများသုံး ကွန်ပြူတာများမှာ သင် Facebook သုံးပြီး Log Out မလုပ်မိတဲ့ အချိန်များမှာ သင့်ရဲ့ ရှာဖွေမှုအားလုံးကို အခြားသူတွေ သိသွားနိုင်ပါတယ်။ အဲဒီ Search History ကို ဖျက်ပစ်ဖို့  အောက်မှာဆက်ဖတ်ပါ။

Facebook Homepage ရဲ့ ညာဘက်အပေါ်ထောင့်မှ Settings Icon ကိုနှိပ်ပြီး Drop-Down Menu မှ Activity Log ကို နှိပ်ပါ။ ဒါမှမဟုတ် သင့် Wall မှ Activity Log ကိုနှိပ်ပါ။

1

Activity Log မှာ သင် Posts တင်တာတွေ၊ Like , Comments ပြုလုပ်ထားတာတွေ ကအစ သင့်ရဲ့ လှုပ်ရှားမှုအားလုံးကို သိမ်းထားတာပါ။ ဘယ်ဘက် Sidebar က MORE ကိုနှိပ်ပါ။

2

Search ကိုနှိပ်ပါ။

3

အဲဒီမှာ သင့် Search History အားလုံးကို ရက်စွဲအလိုက်တွေ့ မြင်နိုင်ပြီး Clear Searches ကိုနှိပ်ရင် အားလုံးကို ဖျက်ပေးမှာပါ။ ရှာဖွေမှုအားလုံးကို မဖျက်ချင်ဘဲ တစ်ခုချင်းစီ ရွေးချယ်ပြီး သီးခြား ဖျက်ချင်ရင်တော့ Search Query ရဲ့ ညာဘက်မှ ခလုတ်ကို နှိပ်ရမှာပါ။

4

Clear Searches ကို နှိပ်ရင် နောက်အဆင့်မှာ Confirm လုပ်ခိုင်းမှာပါ။ Clear Searches ကိုနှိပ်ပါ။

5

အားလုံးကို ဖျက်ပစ်လိုက်ရင်တော့ အောက်ကပုံမှာလို ရှင်းလင်းသွားမှာပါ။

6

Facebook ရဲ့ Search History က သင် ရှာဖွေထားသမျှကို သိမ်းဆည်းပေးထားတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် သင်ရှာဖွေထားတာတွေထဲမှာ အခြားသူတွေ မသိစေချင်တာတွေရှိမှသာ ရွေးချယ်ပြီး ဖျက်ပစ်သင့်ပါတယ်။ မဟုတ်ရင်တော့ Search History ကို ဒီအတိုင်းထားတာ ပိုကောင်းပါတယ်။ Facebook မှာ သင် Search လုပ်ထားပြီးမမှတ်မိတော့တဲ့ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ပြန်ရှာဖို့  Search History က အသုံးဝင်မှာ ဖြစ်ပါတယ်။