Tuesday, September 27, 2016

Facebook ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ



Facebook ဟာ အသုံးပြုသူ ၁.၄၄ ဘီလီယမ် ရှိတဲ့ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ Android App မှာ စွမ်းဆောင်ချက်များစွာ ထည့်သွင်းပေးထားပြီး အချို့ စွမ်းဆောင်ချက်များကို လူသိပ်မသိကြပါဘူး။ အခု Tutorial မှာတော့ Facebook ရဲ့ Android App မှာ လူသိပ်မသိဘဲ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။
Widget ကို အသုံးပြုပါ။
Facebook ရဲ့ Widget ဟာ ရိုးရှင်းပေမယ့် အသုံးဝင်ပါတယ်။ Widget မှ မျှားကို နှိပ်ပြီး သူငယ်ချင်းများရဲ့ စတေးတပ်များကို တစ်ခုချင်းစီ ကြည့်ရှုနိုင်ပါတယ်။ Widget ကနေ စတေးတပ်များကို ကြည့်ခြင်းဖြင့် Facebook App ရဲ့ News Feed မှ စတေးတပ်များနဲ့ အတူ ပြသပေးတဲ့ ကြော်ညာများကို မမြင်တွေ့နိုင်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ Mobile Data အသုံးပြုမှုကို သက်သာစေပါတယ်။ Widget မှ Share ခလုတ်ကို နှိပ်ခြင်းဖြင့် စတေးတပ်များလည်း တင်နိုင်ပါတယ်။
1
Notifications များကို စီမံခန့်ခွဲပါ။
Facebook မှ Notification များစွာ တက်လာလို့ စိတ်ညစ်နေရင်တော့ အသုံးမ၀င်တဲ့ Notification များကို ပိတ်ထားနိုင်ပါတယ်။ Main Menu ကနေ App Settings ထဲသွားပါ။ Notification Settings ထဲမှာ Wall Posts, Messages, Comments, Friend Requests, Photo Tags , Event Invites များအတွက် Notification များကို On or Off လုပ်နိုင်ပါတယ်။
2
အနီးအနားမှ စိတ်ဝင်စားစရာကောင်းတဲ့ နေရာများကို ရှာဖွေပါ။
Facebook ရဲ့ Android App မှာ ဒတ်စတော့ ၀က်ဆိုက်မှာတောင် မပါရှိတဲ့ စွမ်းဆောင်ချက်အချို့ ပါရှိပါတယ်။ အဲဒီအထဲက တစ်ခုက သင့်ရဲ့ အနီးအနားမှာ ရှိပြီး Facebook Page ပြုလုပ်ထားတဲ့ နေရာများကို ပြသပေးတဲ့ Nearby Places ဖြစ်ပါတယ်။ Nearby Places ကနေ သင့် အနီးအနားမှ စားသောက်ဆိုင်များ၊ Shopping Center များ ၊ ကော်ဖီဆိုင်များ၊ အအေးဆိုင်များ စတဲ့ အရာများကို တွေ့ရှိနိုင်ပါတယ်။
3
Video Auto-Play ကို ပိတ်ပါ။
Facebook က အလိုအလျှောက်ပြသတဲ့ ဗီဒီယိုများကို News Feed မှာ ထည့်သွင်းပေးနေပါတယ်။ အခြား နိုင်ငံများမှာ အလိုအလျှောက် ပြသတဲ့ ဗီဒီယိုများကို မြင်တွေ့နေကြရပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း မကြာမီမှာ ထည့်သွင်းပေးတော့မှာပါ။ အလိုအလျှောက် ပြသတဲ့ ဗီဒီယိုများဟာ Mobile Data ပမာဏများစွာ ကုန်ကျမှာဖြစ်တဲ့ အတွက် ပိတ်ထားသင့်ပါတယ်။ ဒီလိုလုပ်ဖို့ App Settings ထဲသွားပြီး Video Auto-Play ကို Off လုပ်ပေးပါ။
4
Videos နှင့် Links များကို Save လုပ်ပါ။
News Feed မှ Video နှင့် Link များကို နောက်မှ ပြန်လည် ကြည့်ရှုဖို့ သိမ်းထားနိုင်ပါတယ်။ Video , Link ပါတဲ့ ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save လုပ်ပါ။ Save လုပ်ထားတာတွေကို Main Menu မှ Saved ကဏ္ဍမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
5
Remote Log Out ပြုလုပ်ပါ။
အများသုံး ကွန်ပြူတာမှာ Facebook အသုံးပြုပြီး Log Out မလုပ်မိတဲ့ အဖြစ်မျိုး ဖြစ်ဖူးကြမှာပါ။ အဲဒီအခြေအနေမှာ သင့်ရဲ့ မိုဘိုင်းဖုန်းကနေ အများသုံးကွန်ပြူတာမှာ Log In ဖြစ်နေတဲ့ သင့်အကောင့်ကို Log Out လုပ်နိုင်ပါတယ်။ Account Settings ထဲသွားပြီး Security ထဲဝင်ပါ။ Active Sessions ထဲမှာ သင် Log In ၀င်ထားဆဲဖြစ်တဲ့ Device များကို တည်နေရာ ၊ အချိန်၊ ဘရောက်စာ၊ Operating System များနဲ့ ခွဲခြား ပြသပေးထားပါတယ်။ အများသုံးကွန်ပြူတာကို လိုက်ရှာပြီး ညာဘက်ဘေးမှ ကြက်ခြေခတ်ခလုတ်ကို နှိပ်ပြီး Remote Log Out လုပ်ပါ။
6
Favorite Friends များကို သတ်မှတ်ပါ။
သူငယ်ချင်းများထံ စာပေးပို့ဖို့ အတွက် Messenger ကို သီးခြားအနေနဲ့ အသုံးပြုရပေမယ့် မူလ Facebook App မှာ Chat ပြုလုပ်နိုင်တဲ့ သင့်ရဲ့ သူငယ်ချင်း စာရင်းကို တွေ့နိုင်ပါသေးတယ်။ စာရင်းကို မြင်တွေ့နိုင်ဖို့ ညာဘက်အပေါ်ဆုံးထောင့်မှ Portrait Icon ကို နှိပ်ရမှာပါ။ ပြီးရင် Edit ကို နှိပ်ပြီး သင်နဲ့ Chat ပြုလုပ်မှုအများဆုံး သူငယ်ချင်းများကို ရွေးချယ်ပေးပါ။ ဒါဆိုရင် အဲဒီ သူငယ်ချင်းများကို စာရင်းရဲ့ ထိပ်ဆုံးမှာ Pin လုပ်ပေးထားမှာ ဖြစ်ပါတယ်။
7

Ref : Myanmardigitallife


No comments:

Post a Comment